backup og meta

သိထားသင့်သော အသည်းရောင်ရောဂါ(စီ) ၏နောက်ဆက်တွဲဆိုးကျိုးများ

အသည်းသည် ခန္ဓါကိုယ်ရှိ အကြီးဆုံးအင်္ဂါများထဲမှ တစ်ခုဖြစ်သည်။ ထို့အပြင် အစာချေခြင်း၊ အာဟာရဓါတ်များ သိမ်းဆည်းခြင်း၊ စွမ်းအင်အတွက် သကြားများသိုလှောင်ခြင်းတို့တွင် ကူညီပေးပါသည်။

သိထားသင့်သော အသည်းရောင်ရောဂါ(စီ) ၏နောက်ဆက်တွဲဆိုးကျိုးများ

အသည်းသည် ခန္ဓါကိုယ်မှ အန္တရာယ်ရှိသောဓါတုပစ္စည်းများကိုလည်း ဖယ်ရှားပေးပါသည်။ အသည်းရောင်ရောဂါ(စီ)သည် အသည်းကိုပျက်စီးစေသောရောဂါ ဖြစ်သည်။ သင့်တွင် ဤရောဂါရှိနေပါကေ ရာဂါပိုမဆိုးလာအောင် ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများကို သိသင့်ပါသည်။

အသည်းရောင်ရောဂါ(စီ)သည် အသည်းခြောက်ရောဂါကိုဖြစ်စေသည်။

အသည်းရောင်ရောဂါ(စီ)၏ ပထမဆုံးဆိုးကျိုးမှာ အသည်းခြောက်ခြင်းဖြစ်သည်။ လူအတော်များများသည် အရက်ကအသည်းခြောက်ရောဂါဖြစ်စေသည့် အဓိကအကြောင်းအရင်းဟု ယူဆကြသည်။ သို့သော် အသည်းကို ပျက်စီးစေသည့်အရာမှန်သမျှသည် နှစ်ကြာသည်နှင့်အတူ အမာရွတ်တစ်ရှူးဖြစ်စေသည်။ အသည်းခြောက်ရန်အနှစ်၂၀မှ ၃၀အထိ ကြာမြင့်နိုင်ကာ မကုဘဲထားပါက အသည်းလုံးဝပျက်စီးသည်အထိ ဖြစ်နိုင်သည်။

အစောပိုင်းနှစ်များတွင် အသည်းခြောက်ရောဂါလူနာများတွင်ရောဂါလက္ခဏာပြသလေ့မရှိပေ။ သို့သော်အချိန်ကြာလာသည်နှင့်အမျှအောက်ပါတို့ဖြစ်လာနိုင်သည်။

• မောပန်ခြင်း

• ကိုယ်အလေးချိန်ကျခြင်း

• ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း

• အလွန်ယားယံခြင်း

• မျက်လုံးနှင့်အရေပြားဝါလာခြင်းတို့ဖြစ်သည်။

အသည်းရောင်ရောဂါ(စီ)မှ အသည်းပျက်စီးခြင်း

အသည်း လုံးဝပျက်စီးသွားသည့်အခါ အသည်းသည် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပေ။ နှစ်ပေါင်းများစွာ (သို့) ဆယ်စုနှစ်များစွာ အသည်းထိခိုက်ပျက်စီးခြင်းကို နာတာရှည်အသည်းပျက်စီးခြင်း(သို့)အသည်းရောဂါ နောက်ဆုံးအဆင့်ဟုခေါ်သည်။ သင့်တွင် မျက်စိနှင့် အရေပြားဝါလာခြင်း၊ ခြေထောက်ဖောလာခြင်း၊ ဗိုက်ဖောင်းခြင်း၊ အစာအိမ်(သို့)အစာမျိုပြွန်သွေးထွက်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်းတို့တွေ့နိုင်သည်။ ဤသို့ဖြစ်လျှင် အသည်းအစားထိုးကုသရန် လိုအပ်သည်။ ကုသမှုမခံယူပါက နာတာရှည် အသည်းရောင်ရောဂါ(စီ)သည်အလွန်ဆိုးဝါး၍အခြားအင်္ဂါများကိုပါထိခိုက်စေပါသည်။

အသည်းရောင်ရောဂါ(စီ)သည်အသည်းကင်ဆာ၏အဓိကအကြောင်းအရင်းဖြစ်သည်။

အသည်းရောင်ရောဂါ(စီ)သည် အသည်းကင်ဆာဖြစ်နှုန်းကို မြင့်တက်စေသည်။ အသည်းရောင်ရောဂါဖြစ်ပါက အန္တရာယ်ရှိသောဆဲလ်များသည် အသည်းတွင် ပုံမှန်ထက်ပိုပွားကာ အကျိတ်နှင့်အခြားပြဿနာများဖြစ်စေသည်။ အသည်းရောင် ရောဂါ(စီ) ရှိသူများသည် အသည်းခြောက်ရောဂါအဆင့်ရောက်ပါက အသည်းကင်ဆာ ဖြစ်နိုင်ချေ အန ္တရာယ်ရှိလာသည်။ ထို့ကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုသင့်သည်။ အန္တရာယ်အရှိဆုံးမှာ အသည်းခြောက်လူနာများသည် အစောပိုင်းအဆင့်တွင် မည်သည့်လက္ခဏာမှ မခံစားရခြင်းဖြစ်သည်။ ဆရာဝန်မှ ၆လ၊ ၁၂လတစ်ခါ ဝမ်းဗိုက်ကို အာထရာဆောင်းရိုက်သင့်ကြောင်းပြောလိမ့်မည်။ ဤနည်းဖြင့် အသည်းတွင် အကျိတ်ရှိ၊ မရှိသိလိမ့်မည်။ ကင်ဆာရောဂါကို စောစောသိလျှင် သင့်တော်သောကုသမှုကိုရွေးချယ်နိုင်ပါသည်။ သင့်တွင်အသည်းရောင်ရောဂါ(စီ)ပိုးနောက်ဆက်တွဲဆိုးကျိုးများ ခံစားရပါကဆရာဝန်ကိုပြောပြသင့်သည်။ သင်ကိုယ်တိုင်လည်းဒီရောဂါနဲ့ပက်သက်ပြီးလေ့လာထားသင့်သည်။

သင့်ကိုယ်သင် ဂရုစိုက်ပါ။ အသည်းရောင်ရောဂါ ၏နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန် သင့်ဆွေမျိုးများ၏ အကူအညီကိုလည်းယူပါ။ အရေးအကြီးဆုံးကတော့ အကောင်းမြင်စိတ်ကိုမွေးပြီးကျန်းမာသောလူနေမှုပုံစံ၊ အာဟာရပြည့်ဝသော အစားအသောက်များနှင့် လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းတို့ကိုလိုက်နာကျင့်သုံးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Complications of Chronic Hepatitis C. http://hepc.liverfoundation.org/what-is- hepatitis-c/what-can-happen- complications-of- hep-c/. Accessed February 10, 2017.

Understanding Hepatitis C Complications. http://www.healthline.com/health/hepatitis-c/understanding-hepatitis- c-complications. Accessed February 10, 2017.

Complications of Hepatitis C.http://www.everydayhealth.com/hepatitis-c/guide/complications/.
Accessed February 10, 2017.

ယခုပုံစံ

25/08/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းကင်ဆာပြီးနောက် အစာစားချင်စိတ်ကို ဘယ်လို မြင့်တင်မလဲ

ဘယ်အချိန်မှာ အသည်းကိုသန့်စင်ရမလဲ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ