brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းရောင်ရောဂါရှိပြီးအခုကိုယ်ဝန်လွယ်ထားရရင် ဘာတွေလုပ်သင့်ပါသလဲ

ကိုယ်ဝန်ဆောင်သည် အသည်းရောင်ရောဂါရှိလျှင် သင့်၏ပထမဆုံးမေးခွန်းသည် “ကျွန်မကလေးကိုဘာတွေထိခိုက်မလဲ”ဖြစ်သည်။ ဤမေးခွန်းအတွက် ရိုးရှင်းသောအဖြေမရှိသော်လည်း အောက်ပါအချက်အလက်များက သင့်ကိုနားလည်စေနိုင်မည်ဟု မျှော်လင့်သည်။

အသည်းရောင်ရောဂါရှိပြီးအခုကိုယ်ဝန်လွယ်ထားရရင် ဘာတွေလုပ်သင့်ပါသလဲ

သင်သည် ရောဂါပိုးရှိနေသူဖြစ်ပြီး မကြာမီတွင် မွေးဖွားတော့မည့်သူဖြစ်သည်ဆိုလျှင် သင်နှင့်သင့်ကလေးအတွက် မေးခွန်းများရှိနိုင်သည်။

သင့်ကလေးကို အသည်းရောင်ရောဂါအတွက် စစ်ဆေးသင့်သလား။ သင့်ကလေးအသက်တစ်နှစ်ခွဲတွင် အသည်းရောင်ရောဂါအတွက် စစ်ဆေးနိုင်သည်။ တစ်ခါတစ်ရံ အသက်၂ လမှစ၍စောစီးစွာ စစ်ဆေးကြသည်။ သို့သော် ဤအသက်တွင် အဖြေသည် တစ်ရာ ရာခိုင်နှုန်း မမှန်နိုင်ပေ။ ထို့ကြောင့် ၁နှစ်ခွဲအရွယ်တွင် ပြန်၍စစ်ဖို့လိုသည်။ သင့်ကလေးတွင် ရောဂါရှိ၊ မရှိ အယုံကြည်ရဆုံးနည်းလမ်းမှာ အသက်၂နှစ်ပြည့်သည်နှင့် စစ်ဆေးရမည်ဖြစ်သည်။ အထူးကုများကလူကြီးများတွင် စစ်ဆေးသည့် နည်းလမ်းကို သုံးသည်။

သင့်ကလေးကို အသည်းရောင်ရောဂါမှမည်သို့ ကာကွယ်မည်နည်း။

သင့်တွင်အသည်းရောင်ရောဂါရှိပါက သင့်ကလေးဆီ ကူးစက်သွားနိုင်ချေသည် အယောက်၂၀တွင် ၁ယောက်နှုန်းရှိသည်။ သင့်တွင်ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိ၍ ကုသမှုမခံယူခဲ့လျှင် ကူးစက်နိုင်ခြေပို၍များသည်။ ကံမကောင်းစွာဖြင့် အသည်းရောင်ရောဂါ(စီ)ကို သင့်ကလေးကိုမကူးစက်နိုင်ရန် ကာကွယ်မည့်နည်းလမ်းမရှိပါ။

အသည်းရောင်ရောဂါရှိပါက နို့တိုက်၍ရသလား။

သင်သည်အသည်းရောင်ရောဂါ(စီ)ရှိပါကသင့်ကလေးကို နို့တိုက်၍ရသည်။ လေ့လာသူများက ဗိုင်းရပ်စ်ပိုးသည် မိခင်နို့မှ ကူးစက်နိုင်သည်ကို မယုံကြည်ပါ။ အချို့လေ့လာမှုများက နို့မှုန့်တိုက်သည်ကလေးများထက် မိခင်နို့တိုက်သည့် ကလေးများတွင် အသည်းရောင်ရောဂါ(စီ)ဖြစ်နှုန်းများသည် ဟုရှာမတွေ့ပါ။ သို့သော် သင့်တွင်အသည်းရောင်ရောဂါ(စီ)ရှိ၍ ကလေးမွေးပြီးနောက် အသားဝါလိုလက္ခဏာရှိပါက နို့မတိုက်သင့်ပါ။ သင်၏နို့သီးခေါင်းများသည် ကွဲခြင်း၊ သွေးထွက်ခြင်းရှိပါက နို့တိုက်ခြင်းကိုရပ်သင့်သည်။ သင့်နို့သီးခေါင်းများ အနာကျက်သည်အထိ နို့များကိုညှစ်၍လွှင့်ပစ်ရမည်။

မိမိ၏ကလေးတွင်အသည်းရောင်ရောဂါဖြစ်ပါကဘာတွေဖြစ်မည်နည်း။

သင့်ကလေးတွင် အသည်းရောင်ရောဂါရှိ၊ ရှေိစစ်ဆေးရန် အယုံကြည်ဆုံးနည်းလမ်းမှာ အသက်၂နှစ်ပြည့်လျှင် လူကြီးများစမ်းသပ်သည့် နည်းလမ်းဖြင့်စမ်းသပ်၍ရသည်။ အသည်းရောင်ရောဂါ(စီ) သယ်ဆောင်ထားသည့်ကလေးများသည် ဆရာဝန်နှင့်မှန်မှန်တွေ့၍သွေးစစ်မှုလုပ်ရမည်။ အများစုမှာမည်သည့်ဆေးဝါးမှမလိုအပ်ပါ။ သို့သော်အချို့တွင် အသည်းဆိုးရွားစွာမပျက်စီးစေရန် နှင့် ကင်ဆာမဖြစ်စေရန် ဗိုင်းရပ်စ်ပိုးတိုက်သည့်ဆေးများဖြင့် ကုသရမည်။

ကိုယ်ဝန်ယူမည်ဟု မဆုံးဖြတ်ရသေးခင် သင့်ကျန်းမာရေးအတွက် စစ်ဆေးမှုပြုလုပ်သင့်သည်။ သင့်တွင် အသည်းရောင်ရောဂါရှိပါက သင့်ကလေးကို တတ်နိုင်သမျှကာကွယ်နိုင်ရန်အတွက် ကုသမှုခံယူရရန် ဆရာဝန်နှင့်ဆွေးနွေးသင့်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Kaung Thar · 07/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။