brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသည်းအတွက် အကောင်းဆုံးအာဟာရ

အသည်းကောင်းရဲ့လား။ အသည်းနာလှချည်ရဲ့ဆိုတာက ခံစားချက်အတွက်ပဲပြောလို့ကောင်းတာပါ။ တကယ့်ကျန်းမာရေးမှာ အသည်းကို အနာခံလို့မဖြစ်ပါဘူးနော်။

အသည်းအတွက် အကောင်းဆုံးအာဟာရ

အသည်းဆိုတာ အစာခြေဖျက်ရာမှာအရေးပါတဲ့လုပ်ဆောင်ချက်ရှိသလို ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေကို သိုလှောင်သိမ်းဆည်းရာမှာ အဓိကကျတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်ြဖစ်စေနိုင်တဲ့၊ အန္တရာယ်ရှိနိုင်တဲ့ဓါတ်ပစ္စည်းတွေကို ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားသန့်စင်နိုင်ဖို့ အသည်းကပဲလုပ်ဆောင်ပေးရတာပါ။ သူကပဲ ဘက်တီးရီးယား၊ မှိုပိုး၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးပိုးတွေကို သွေးထဲကနေ ဖယ်ရှားပေးတဲ့အတွက် ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်နိုင်ပါတယ်။ ဒီလောက်အရေးပါတဲ့ အသည်းကို စောင့်ရှောက်ကာကွယ်ဖို့ ကြိုးစားဂရုစိုက်သင့်တယ်မဟုတ်ဘူးလား။

ဒါ့ကြောင့် အသည်းကို အဆိပ်အတောက်တွေသန့်စင်ပေးနိုင်မယ့် ဗီတာမင်နဲ့လိုအပ်တဲ့ဓါတ်တွေကဘာတွေလဲဆိုတာ သိထားသင့်တယ်နော်။

ဗီတာမင် C

ခန္ဓါကိုယ်တွင်းအဆိပ်အတောက်တွေဖယ်ရှားသန့်စင်ဖို့ ၊ အထူးသဖြင့် အသည်းအတွက်ဆိုရင် ဗီတာမင် C ကို မရှိမဖြစ်လိုအပ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆဲလ်ပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ free radicals တွေကို ဓါတ်ပြယ်စေဖို့ အကူအညီပေးတာကြောင့်ပါပဲ။

ဗီတာမင် B

ဗီတာမင် B အုပ်စုဝင် ဘယ်အမျိုးအစားပဲဖြစ်ဖြစ် အသည်းကိုကာကွယ်တဲ့နေရာမှာ အရေးပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။ ဗီတာမင် B က ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကိုကူညီပေးပြီး ဓါတုအဆိပ်အတောက်တွေရန်ကနေ အသည်းကိုမထိခိုက်အောင်ကာကွယ်ပေးပါတယ်။

ဗီတာမင် B6 ဆိုရင် formaldehyde နဲ့ homocysteine တွေကိုသန့်စင်ဖယ်ရှားပေးနိုင်တယ်၊ ဗီတာမင် B12 ၊ ဗီတာမင် B2 တို့ကလည်း အသည်းကျန်းမာစေဖို့ကာကွယ်ပေးပါတယ်။ Riboflavin ကိုအသည်းကာကွယ်တဲ့ဆေးအဖြစ်အသုံးပြုကြတာက အသည်းကိုထိခိုက်မှုနည်းအောင်ကာကွယ်ပေးလို့ပဲဖြစ်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ကလည်း အသည်းရောဂါရှိသူတွေအတွက် အကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပါတယ်။ အရက်ေကြာင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကိုသက်သာစေဖို့ အသည်းရဲ့လုပ်ဆောင်ချက်ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် သူက အသည်းခြောက်၊အသည်းမာခြင်း၊ ရောင်ရမ်းခြင်းတွေကို သက်သာလျော့ပါးစေပါတယ်။

Beta -Carotene

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက free radicals (ဓါတ်တိုးပစ္စည်း) တွေကြောင့်ထိခိုက်လာတဲ့အခါ အသည်းကိုသန့်စင်ပေးနိုင်တာသိကြပြီးဖြစ်မှာပါ။ မုန်လာဥနီလိုမျိုး beta-carotene ပါဝင်တဲ့ အသီးအရွက်တွေ စားပေးရင် အသည်းရောဂါတွေကာကွယ်ပေးပြီး အဆိပ်အတောက်ဓါတ်တွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ beta-carotene ဟာ ဗီတာမင် A ရဲ့ကနဦးဓါတ်ဖြစ်တာကြောင့် ပိုပြီးအစွမ်းထက်ပါတယ်။

Phosphatidylcholine

Phosphatidyl Choline က အသည်းကိုပြန်လည်ကုစားရာမှာ ထိရောက်စွာကူညီနိုင်ပါတယ်တဲ့။ Phosphatidylcholine ဆိုတာ phospholipids အဆီအုပ်စုရဲ့ဒြပ်ပေါင်းဖြစ်ပြီး အဆီတွေကိုလျော့ပါးစေတာကြောင့် အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းဆဲလ်များပျက်စီးခြင်းတို့ကိုကာကွယ်ပေးပါတယ်။

Phospholipids တွေက နှလုံးရောဂါ၊ ကင်ဆာနဲ့ ရောင်ရမ်းခြင်းရောဂါလက္ခဏာတွေတော်တော်များများကို လျော့ပါးစေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။ အရက်ကြောင့်၊ စားသောက်ပုံမမှန်ကန်တာကြောင့်ဒါမှမဟုတ် တခြားအကြောင်းရင်းတွေကြောင့် အသည်းကိုထိခိုက်မှုမှန်သမျှ ပြန်လည်ကုစားပေးနိုင်စွမ်းရှိပါတယ်။ ဆဲလ်အမြှေးပါးများကို ပြန်လည်ပြုပြင် တည်ဆောက်ရာမှာ ကူညီပေးနိုင်ပြီးဆဲလ်တွေရဲ့လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ပေးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 07/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။