အသည်းရောဂါများ

ကျန်းမာနေစေဖို့အတွက် အရေးကြီးတဲ့ အသည်းကို ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထတွေနဲ့ အသည်းကျန်းမာရေးရဲ့ လက္ခဏာတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းရောဂါများ

အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ

အသည်းရောင် အသားဝါရောဂါက အတော်လေး အဖြစ်များလာပါတယ်။ ကိုယ်တိုင်တောင် ရောဂါပိုး ရှိနေမှန်း မသိဘဲ အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံထားရသူတွေ အများကြီးပါ။ ဒီတစ်ခေါက်တော့ အဖြစ်များလာတဲ့ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အကြောင်းကို ဒေါက်တာ သူရိန်လှိုင်ဝင်းက အခုလို ဖြေကြားပေးပါတယ်။ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းများ အသည်းရောင် အသားဝါရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများကတော့ Q1. အသည်းရောင် အသားဝါပိုး မရှိဘဲ အသည်းရောင်နိုင်သလား။ " အများအားဖြင့်တော့ အသည်းရောင်တာက အသည်းရောင် အသားဝါ ရောဂါပိုးတွေကြောင့် ဖြစ်တတ်ပေမယ့် အရက်သောက်တာ၊ ဆေးသုံးတာ၊ အဆိပ်သင့်တာနဲ့ ကိုယ်ခံအား ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ " Q2. အသည်းရောင် အသားဝါပိုးတွေက ဘယ်လိုကူးစက်တတ်သလဲ။ " အသည်းရောင် အသားဝါ ရောဂါပိုး အမျိုးမျိုးရှိတဲ့အထဲ အများဆုံး […]

အသည်းရောဂါများ ကို ရှာဖွေမည်။

အသည်းရောဂါများ

အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

အသည်းရောင်ရောဂါ က အဖြစ်များတဲ့ အသည်းရောဂါတစ်ခုပါ။ အဖြစ်များတဲ့အတွက်  အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားဖို့ လိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ မှားယွင်းပြီး သိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ အသည်းရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသည်းရောင် အသားဝါရောဂါပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) အရက်သောက်တာ ဆေးဝါး၊ ဓာတုပစ္စည်းတွေ ခုခံအားက အသည်းဆဲလ်တွေကို မှားယွင်းပြီး ပြန်လည်တိုက်ခိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အသည်းရောင်ရောဂါတွေ  အကုန်လုံးက ပြင်းထန်ပါတယ်။ အသည်းရောင်ရောဂါ တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဥပမာ အသည်းရောင် အသားဝါအေဆိုရင် အများစုက များများအနားယူ၊ ရေများများသောက်ရုံနဲ့ သက်သာပေမယ့် ဘီတို့ စီတို့ဆိုရင်တော့ နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး ကုသဖို့ […]


အသည်းရောဂါများ

အသည်းအင်ဇိုင်း တက်တာ ဘာကြောင့်လဲ

သင့်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးရင်ပဲ ဖြစ်ဖြစ်၊ ရောဂါလက္ခဏာ တစ်ခုခု ခံစားရလို့ အသည်းကြောင့်လို့ ယူဆလို့ ဆရာဝန်က ဆေးစစ်ခိုင်းရင်ဖြစ်ဖြစ် liver function test (LFT) ဆိုတာလေးကို မြင်ဖူးမှာပါ။ ဒီထဲမှာ အသည်းအင်ဇိုင်း စစ်ဆေးတာလည်း ပါပါတယ်။ ဒီအသည်းအင်ဇိုင်းတွေက ဘာကိုပြောချင်တာလဲ။ အသည်းအင်ဇိုင်းတက်တိုင်း စိုးရိမ်စရာလား။ အသည်းအင်ဇိုင်း တွေက ဘာတွေလဲ။ အင်ဇိုင်းဆိုတာ ပရိုတင်း တစ်မျိုးပါပဲ။ ခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်စဉ်တွေကို ကူညီပေးတဲ့ ပရိုတင်းလေးတွေပါ။ အသည်းအတွက်ဆိုရင် အသည်းအင်ဇိုင်းတွေက သည်းခြေရည်ကို ထုတ်ပေးတာ၊ သွေးတိတ်စေတဲ့ ပစ္စည်းတွေ ထုတ်ပေးတာ၊ စားလိုက်တဲ့ အစားအစာတွေကို ခြေဖျက်ပေးတာ၊ ဆေးဝါးတွေ၊ အဆိပ်အတောက်တွေကို သန့်စင်ပေးတာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတာ၊ ပရိုတင်းတွေ ထုတ်ပေးတာ စတဲ့ အလုပ်တွေကို ကူညီပေးပါတယ်။ စစ်လေ့ရှိတဲ့ အသည်းအင်ဇိုင်းတွေကတော့ […]


အသည်းရောဂါများ

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ.......

ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့ဆိုရင် ကိုယ်တွင်းက အစိတ်အပိုင်းလေးတွေ တစ်ခုချင်းဆီက သူတို့ရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ ဒီလိုကျေပွန်တဲ့အထဲမှာ ခန္ဓာကိုယ် ကျန်းမာဖို့ အဓိက အခန်းကဏ္ဍကနေ လည်ပတ်နေတဲ့ အသည်းလေးကလည်း သူရဲ့ တာဝန်ကို ကျေပွန်ဖို့ လိုပါမယ်။ အသည်းထိခိုက်ပျက်စီးမယ်၊ အသည်းက အရင်လို လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူးဆိုရင် နေ့စဉ်ဘဝရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ ခက်သွားမှာပါ။ ဒီတော့ အသည်းလေး မကျန်းမာဘူးဆိုရင် ကြိုတင် ဂရုစိုက်နိုင်စေဖို့အတွက် သိထားဖို့လိုမယ့် အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ ကို ပြောပြပေးသွားပါမယ်။ အသည်းဆိုတာ အသည်းဆိုတာ ဝမ်းဗိုက်ရဲ့  ညာဘက်အထက်ပိုင်းနားမှာရှိတဲ့ နီညိုရောင် ခပ်ခုံးခုံး အစိတ်အပိုင်းလေးပါ။ ကျန်းမာတဲ့ အသည်းဟာ အလေးချိန်အားဖြင့် ၃ ပေါင် ဝန်းကျင် ရှိပါတယ်။ ခန္ဓာကိုယ်အတွက် မနားမနေ […]


အသည်းရောဂါများ

အသည်းကို သန့်စင်ပေးမယ့် Detox water အချို့

အရက်ကို ကြိုက်လို့ပဲ​ သောက်သောက်၊ မိတ်ဖြစ်ဆွေဖြစ်ပဲ သောက်သောက်၊ အလုပ်သဘောအရပဲ သောက်သောက် အသည်းကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ဒီတော့ ကြာလာတဲ့အခါ အသည်းကို ထိခိုက်လာပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီတော့ အသည်းကို သန့်စင်ပေးနိုင်မယ့် နည်းလမ်းလေးတွေပြောပြချင်ပါတယ်။ ဒါကတော့ လုပ်ရတာလည်း လွယ်ကူတဲ့ အသည်းကို သန့်စင်ပေးမယ့် Detox water လေးတွေပါ။ အရက်ကြောင့် အသည်းကို ဘယ်လိုထိခိုက်နိုင်လဲ...... အရက်သောက်တဲ့အခါ အချိန်ကြာလာနဲ့အမျှ အသည်းခြောက်တာ အသည်းရောင်တာ အသည်းအဆီဖုံးတာ အသည်းမှာ အနာဖြစ်တာ အသည်းကင်ဆာ ဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အသည်းကို အယ်လ်ကိုဟော​ကြောင့်ထိခိုက်တာတွေကနေ သက်သာစေဖို့ ဘာလုပ်မလဲ....... အသည်းကို အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကနေ ကာကွယ်ပေးဖို့ဆိုရင် အသည်းကို သန့်စင်ပေးလို့ရပါတယ်။ ဒီတော့ မေးစရာရှိလာနိုင်တာက ဘယ်လိုသန့်စင်ပေးရမလဲလို့ပေါ့။ နေ့စဉ် စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲတာက အသည်းကို အကောင်းဆုံး သန့်စင်ကာကွယ်တာပါပဲ။ ဒါကြောင့် […]


အသည်းရောဂါများ

အသည်းတစ်ခြမ်းနဲ့ လူသား

အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။ အသည်းဟာ ပျက်စီးပြီးတဲ့နောက် အလိုလို ပြန်ကောင်းလာနိုင်တဲ့ တစ်ခုတည်းသော အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အသည်းရဲ့ လုပ်ဆောင်ချက်တွေကတော့ သွေးထဲက အဆိပ်အတောက်တွေကို စစ်ထုတ်ဖယ်ရှားပေးပါတယ်။ Bile လို့ခေါ်တဲ့ သည်းခြေရည်ကို ထုတ်ပေးပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို သိုလှောင်နိုင်ပါတယ်။ ဟော်မုန်းတွေနဲ့ ခုခံအား တုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။ သွေးခဲမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ ဒီမှာပြောစရာ ရှိလာတာက “အသည်းပျက်စီးနေတဲ့သူတွေ၊ မဖြစ်မနေ အသည်းအစားထိုးဖို့ လိုအပ်လာတဲ့သူတွေအတွက် အသည်းတစ်ခြမ်း လှူမယ့် အလှူရှင်တွေကရော ပုံမှန်အတိုင်း အသက်ရှင်နိုင်ပါ့မလား။” ဆိုတဲ့ အသည်းလှူလိုသူတွေရဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းကို ဖြေဖို့ အရင်ဆုံး သိထားရမှာက အသည်းရဲ့ ၂၅ % ကနေ ၃၀% ရှိနေရင်ကို အသည်းက […]


အသည်းရောဂါများ

အသည်းစနမူနာယူစစ်ဆေးခြင်း

အသည်းစ နမူနာယူစစ်ဆေးခြင်း (Liver Biopsy) ဆိုတာကတော့ အသည်းကနေ တစ်ရှူးစ အနည်းငယ်ကို ခွဲစိတ်မှုနည်းလမ်းအားဖြင့် ရယူပြီး ရောဂါဗေဒဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ တစ်ရှူးစကို နမူနာယူစစ်ဆေးခြင်းအားဖြင့် အသည်းမှာ ကင်ဆာ၊ အသည်းခြောက်ခြင်း စတဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေခြင်း ရှိမရှိ သိနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် သွေးစစ်ခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း စတာတွေ ထပ်မံလုပ်ဆောင်ပါတယ်။ အသည်းဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးလှတဲ့ အင်္ဂါအစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ဖို့ အရေးကြီးတဲ့ ပရိုတိန်းနဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ရာမှာ၊ သွေးထဲက အညစ်အကြေးတွေကို ဖယ်ထုတ်ရာမှာ၊ ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာနဲ့ ဗီတာမင် အာဟာရဓာတ်တွေကို စုပ်ယူရာမှာ အရေးပါပါတယ်။ ဒါကြောင့် အသည်းမှာ ပြဿနာတခုခုရှိလာရင် တစ်ရှူးစနမူနာရယူ စစ်ဆေးဖို့ လိုအပ်ပါတယ်။ အသည်းစနမူနာယူစစ်ဆေးခြင်း […]


အသည်းရောဂါများ

အရက်ကြောင့် အသည်းပျက်စီးခြင်း၏ ရှေ့ပြေးလက္ခဏာများ

အသည်းဆိုတာဘယ်လိုအင်္ဂါမျိုးလဲ အသည်းဟာ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း နံရိုးတွေရဲ့အောက်မှာ တည်ရှိပါတယ်။ အသည်းဟာ ခန္ဓာကိုယ်အတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးပါတယ်။ ဒါတွေကတော့ အရက်၊ ဆေးဝါးနဲ့ ခန္ဓာကိုယ်အတွက်အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပစ္စည်းတွေကို ချေဖျက်ပေးခြင်း အဆီတွေကိုချေဖို့ရန်အတွက်သည်းခြေရည်ထုတ်လုပ်ပေးခြင်း ဂလူးကို့စ်နဲ့အခြားလိုအပ်တဲ့ဗီတာမင်တွေကိုသိုလှောင်သိမ်းဆည်းပေးထားခြင်း သွေးခဲဖို့ရန်လိုအပ်တဲ့ပရိုတိန်းများကိုပြုလုပ်ပေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေကတော့အများကြီးပါပဲ။  အသည်းဆဲလ်ဟာ ပျက်စီးပြီးတဲ့နောက်မှာအသစ်ပြန်ဖြစ်ပါတယ်။ သို့သော်လည်းပျက်စီးခြင်းနဲ့အသစ်ပြန်လည် ဖြစ်ပေါ်ခြင်းတွေကြိမ်ဖန်များစွာဖြစ်လာရင်တော့အသည်းမှာအမာရွတ်တွေတင်ကျန်လာမှာပါ။ အမာရွတ်တွေနဲ့ ဆဲလ်တွေဟာ မူလဆဲလ်အကောင်းတွေလောက် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ မလုပ်နိုင်ပါဘူး။ အရက်သောက်ခြင်းကြောင့်အသည်းပျက်စီးရတယ်ဆိုတာသင်လည်းသိပြီးဖြစ်မှာပါ။ အရက်ဟာအသည်းပျက်စီးရတဲ့အဓိကအကြောင်းရင်းထဲကတစ်ခုပါ။ အသည်းဆဲလ်တွေ စတင်ပျက်စီးနေပြီဆိုတာ သိနိုင်မယ့်အချက်တွေကို ပြောပြပေးချင်ပါတယ်။ အရက်သောက်လိုက်တဲ့အခါ အရက်ကိုချေဖျက်ဖို့ရန် အသည်းကနေ အင်ဇိုင်းတွေ ထုတ်ပေးပါတယ်။ အဆိပ်တွေကိုချေဖျက်တဲ့ဖြစ်စဉ်ကထွက်လာတဲ့ဘေးထွက်ပစ္စည်းတွေ ကြိမ်ဖန် များစွာဖြစ်လာတဲ့အခါ အသည်းကိုစတင်ထိခိုက်လာပါတော့တယ်။ ဦးစွာပထမအနေနဲ့ အသည်းမှာ အဆီတွေ စုပုံလာမယ်။ ဒီနောက်မှာတော့ အသည်းဟာရောင်ရမ်းလာပြီး အမာရွတ်တွေ ဖြစ်လာ ပါတော့တယ်။ အသည်းစတင်ပျက်စီးနေချိန်မှာ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့်သင်ဟာမိမိကိုယ်မိမိ ကျန်းမာနေတယ်လို့ပဲ […]


အသည်းရောဂါများ

အသည်း လေးကို ဖက်တီး မဖြစ်ပါစေနဲ့

ဖက်တီး လို့ ပြောရင် စိတ်ဆိုးတတ်ကြတယ်၊ ဘယ်သူမှ မကြိုက်ကြဘူးနော်။ ဒါပေမယ့် လူကို ပြောတာထက် အသည်း မှာ ဖက်တီးဖြစ်နေတာက အများကြီး ပိုဆိုးပါတယ်။ Fatty Liver Disease လို့ ခေါ်တဲ့ အသည်းအဆီဖုံးခြင်းက အသက်တိုစေမယ့် အန္တရာယ်တစ်ခု ဖြစ်နေလို့ပါပဲ။ အသည်း အဆီဖုံးတာ လူတိုင်းဖြစ်နိုင်ခြေ ရှိပါတယ်။ အရက် သောက်တဲ့သူမှ မဟုတ်ပါဘူး။ အရက် မသောက်တဲ့သူတွေလည်း အသည်းအဆီဖုံးနိုင်ပါတယ်၊ အသည်းရောဂါ ဖြစ်နိုင်ပါတယ်နော်။ ဒါ့ကြောင့် အရက်မသောက်တတ်တဲ့ အမျိုးသားတွေမှာ အသည်းရောဂါ ဖြစ်တာတွေ့နေရတာပါ။ ဒီလူတွေမှာ ဘာတွေကြောင့် အသည်းအဆီဖုံး ရောဂါဖြစ်စေတာလဲ။ အများအားဖြင့် … (၁) အဝလွန်ခြင်း ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန်ထက် ကျော်လွန်နေတဲ့ အဝလွန်ခြင်း ကြောင့် လူကြီးတွေတင်မက ကလေးတွေမှာပါ အသည်းအဆီဖုံးရောဂါ ဖြစ်လာစေနိုင်ပါတယ်။ (၂) ဗိုက်အဆီ များနေခြင်း လူက မဝပေမယ့် […]


အသည်းရောဂါများ

အသည်းခြောက် တာ အရက်ကြောင့်ပဲ မဟုတ်ပါဘူး။

အသည်းခြောက် တယ် အသည်းခြောက်တယ်လို့ ပြောလိုက်ရင် အရက်ကြောင့်လို့ပဲ ထင်ကြပါတယ်။ ဒါဟာ မမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ အရက်ဟာ အသည်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက ထိပ်ဆုံးမှာ ရှိနေလို့ပါပဲ။ ဒါပေမယ့် တစ်ခါမှ အရက်မသောက်တဲ့သူတွေလည်း အသည်းခြောက်နိုင်ပါတယ်။ တစ်ခါတစ်လေ မိန်းကလေး ငယ်ငယ်လေး ရုတ်တရက် ဆုံးသွားတယ်။ ဘာကြောင့်လဲလို့ မေးတော့ အသည်းခြောက်တာလို့ ပြောလိုက်ရင် 'ဟယ် ဒီကောင်မလေး အရက်လည်း မသောက်ပဲနဲ့' လို့ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အရက်မသောက်လည်း အသည်းခြောက်နိုင်တဲ့ နည်းလမ်းတွေမှ အများကြီးပါပဲ။ ဒါလေးတွေကို ပြောပြပေးပါ့မယ်။ အသည်းခြောက် တယ်ဆိုတာ အရင်ဆုံး အသည်းခြောက်တယ်ဆိုတာ ဘယ်လိုဆိုတာ အရင်ရှင်းပြပါ့မယ်။ တကယ်တော့ အသည်းဆိုတာ တော်တော်ဒူပေဒဏ်ပေခံတဲ့ အင်္ဂါပါ။ ဆဲလ်တွေပျက်စီးရင်လည်း သူ့ဟာသူ ပြန်ပြင်နိုင်ပါတယ်။ တစ်ကိုယ်လုံးက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးတယ်။ ဒါကြောင့် ကိုယ့်အသည်းကို […]


အသည်းရောဂါများ

အသားဝါဖြစ်နေရင် ဒါတွေရှောင်ပါ

မျက်လုံး အဖြူသားတွေ ဝါနေတယ်၊ အသားတွေ ဝါနေတယ်ဆိုရင် သေချာတာကာ အသားဝါရောဂါ ခံစားနေရတာပါ။ ဒီ အခြေအနေကို သက်သာစေဖို့ ဘာတွေစားရမလဲ။ ဘာတွေ ရှောင်ရမလဲ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘာကြောင့် အသားဝါတာလဲ။ စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ အရည်တိုင်းကို အသည်းက စစ်ထုတ်လုပ်ဆောင် ပေးပါတယ်။ အသည်းက စားလိုက်တဲ့ အစားအစာ​တွေထဲက အာဟာရတွေကို စုပ်ယူပြီး အင်အားအဖြစ် ပြောင်းလဲပေးဖို့ လုပ်ဆောင်ပေးပါတယ်။ အသည်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ သွေဆဲလ် အဟောင်းတွေ နဲ့ ပျက်စီးနေတဲ့ သွေးဆဲလ်တွေကို ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်ပေးတာပါ။ အသည်းက ပုံမှန် လည်ပတ်မှု မရှိတော့ဘဲ ဟန်ချက် ပျက်သွားမယ်ဆိုရင် အသည်းမှာ စွန့်ထုတ်ပစ်ရမယ့် အရာဖြစ်တဲ့ bilirubin တွေ စုပုံသွားပါလိမ့်မယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း