backup og meta

ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

အစာအိမ်ထဲက အက်စစ်တွေနဲ့အစာခြေရည်တွေက အစာမျိုပြွန်ထဲ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူခြင်း (heartburn) ဆိုတာဖြစ်လာပါတော့တယ်။ နာမည်ကသာ heartburn ဆိုပေမယ့် နှလုံးနဲ့တော့မသက်ဆိုင်ပါဘူး။ လေချဉ်ပြန်တက်တဲ့အခါ အစာခြေရည်တွေပါလာတတ်တာ သတိထားမိမှာပေါ့။

ရင်ပူဗိုက်ဆာ ဖြစ်တတ်ရင် ဒါတွေစားနော်

ရင်တွေပူနေတယ် ရေတွေသောက်တယ်၊ရေခဲရေတွေသောက်တယ်၊ အချိုရည်သောက်တယ်၊ သကြားလုံးစားကြည့်တယ်၊ ဆာလို့များလားဆိုပြီး တခုခုထစားတယ်။ မရဘူး။ ဘယ်ရပါ့မလဲ။ ဒါနဲ့တင် ပျောက်သွားမှာမှမဟုတ်တာ။

အမှန်တော့ ရင်ပူရတာက အစာအိမ်ထဲကနဂိုရှိနေတဲ့အက်စစ်တွေကြောင့်ချည်းမှမဟုတ်တာ။ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေကြောင့် ဖြစ်လာရတဲ့ အက်စစ်တွေရဲ့ပံ့ပိုးမှုလည်းပါတာ သေချာတာပေါ့။ အဲတော့ ရင်ပူတာကိုဆိုးစေမယ့် အပူအစပ်၊ ဆီကြော်အစားအစာ၊ ကော်ဖီ၊ အရက် စတာတွေကိုရှောင်ရပါမယ်။ ကဲ အခု ရင်ပူတာကို သက်သာစေမယ့် အစားအစာတွေအကြောင်း ပြောပြမယ်နော်။

ငှက်ပျောသီးနဲ့ ဖရဲသီး

ငှက်ပျောသီးက အစာခြေရည်ပြန်ဆန်တက်တဲ့ဝေဒနာအတွက် တကယ်ကိုကောင်းတဲ့အသီးပါ။ ဖရဲသီး၊ သခွားမွှေး တို့လို melon မျိုးဝင် အသီးတွေလည်း စားလို့ရပါတယ်။

ကွေကာအုတ်

ကွေကာအုပ်သောက်ရင် ရင်ပူတာသက်သာစေပြီး အမျှင်ဓါတ်ကြောင့် အစာခြေစနစ်ကို ပိုကောင်းစေပါတယ်။

ပေါင်မုန့်

Whole-grain လိုမျိုး၊ အချို၊အဆီမပါတဲ့ ဂျုံကြမ်းပေါင်မုန့်တွေကို ရွေးတာပိုကောင်းပါတယ်။ သူတို့မှာ သဘာဝအမျှင်ဓါတ်၊ ဗီတာမင်တွေနဲ့ တခြားအာဟာရဓါတ်တွေပါဝင်ပါတယ်။

အသီးအရွက်

ပန်းဂေါ်ဖီစိမ်း၊ ကညွှတ်၊ ပဲစိမ်း၊ တရုတ်နံနံ တို့လို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ အက်စစ်ဓါတ်ပါဝင်မှုနည်းပါတယ်။

အဆီမပါတဲ့ အသားနဲ့ ငါး

အဆီမပါတဲ့ အသားတွေကိုစားပါ။ ကင်စားတာ၊ ပေါင်းစားတာ၊ ပြုတ်စားတာ ကောင်းပါတယ်။ အရေခွံ၊ အခေါက်မစားပါနဲ့၊ ကြော်မစားပါနဲ့။

ကြက်ဥအကာ

ပရိုတင်းဓာတ်ကြွယ်ဝပြီး အက်စစ်ဓါတ်နည်းပါတယ်။ ကြက်ဥအနှစ်တော့ ရှောင်ပါ။ အဆီဓါတ်ပိုများပြီး လက္ခဏာကိုပိုဆိုးစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က ဒီဝေဒနာအတွက် ဆေးဓါတ်စာတစ်ခုပါ။ gas မပါတဲ့ ရှားစောင်းလက်ပပ်ဖျော်ရည်လေး သောက်လိုက်ပေါ့။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/gerd/diet-nutrition

Accessed May 31, 2019.

https://www.webmd.com/digestive-disorders/features/foods-that-fight-heartburn

Accessed May 31, 2019.

ယခုပုံစံ

21/08/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစားတစ်လုတ်ကို ၃၂ ခါဝါးပြီးမှ မျိုချပါ။ သင့်အစာအိမ်ကို ကူညီရာရောက်ပါလိမ့်မယ် ။ ။

လေထိုးလေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်



Yun Sandi Nan Mon မှ ရေးသားသည်။ · 21/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ