ရင်ပူခြင်း၊ ရင်ခေါင်းအောင့်ခြင်း
အစာမကြေရင်ပူချိန်မှာ နာနတ်သီးနဲ့ တည့်ရဲ့လား
တစ်ခုခုစားပြီးချိန်မှာ အစာရေမြိုတဝိုက်မှာ ပူလောင်တဲ့ ခံစားမှုကို တွေ့ကြုံဖူးပါလိမ့်မယ်။ အဆိုပါပြဿနာဟာ အစာအိမ်ထဲမှာ အပူဓာတ်များပြီး အစာရေမျိုကို လျှံတက်ပြီး လည်ချောင်းဝအထိ ရောက်လာလို့ ဖြစ်ပါတယ်။ အစာရေမျိုအဝမှာ အပေါက်ကိုပိတ်ပေးတဲ့ ပတ်လည်ကြွက်သားဟာ အပြည့်မပိတ်နိုင်တာကြောင့် အစာအိမ်ထဲက အစာခြေရည်တွေ လျှံတက်လာခြင်း ဖြစ်ပါတယ်။ ဒါဟာ လူတိုင်းလိုလိုကြုံဖူးတဲ့ ပြဿနာဖြစ်ပြီး နေရထိုင်ရခက်လောက်အောင် ကြုံရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆိုရင် နေ့စဉ်လိုလိုကြုံတွေ့ရပါတယ်။ သာမန်လူတွေရဲ့ သုံးပုံတပုံခန့်ဟာလည်း ဒီပြဿနာကို လစဉ်လိုလိုကြုံရတတ်ကြောင်း စစ်တမ်းများအရ သိရပါတယ်။ အစာခြေရည်ပြန်လျှံတက်ခြင်းကြောင့် အစာရေမြိုကို ထိခိုက်ပျက်စီးစေမယ် ဆိုရင်တော့ နောင်အမြဲလိုလို ကြုံသွားရတတ်ပါတယ်။ အစားအစာတချို့ဟာ အစာချေရည်ပြန်လျှံတက်ခြင်းကို ပိုဖြစ်စေတတ်ပါတယ်။ ယေဘုယျအားဖြင့် ဆရာဝန်များဟာ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ ဒီအထဲမှာ နာနတ်သီးလည်း ပါတတ်ပါတယ်။ ဒါပေမယ့် နာနတ်သီးကို ရှောင်ဖို့မဆုံးဖြတ်ခင် နာနတ်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို သိထားသင့်ပါတယ်။ နာနတ်သီးကနေ […]

























