အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

ဘာစားစား နင်နေပြီလား

အခုတလော ဘာစားစား လည်ပင်းမှာ တစ်ဆို့တစ်ဆို့နဲ့ ကောင်းကောင်းမျိုမရဖြစ်နေပြီလား။ အစာမျိုရင် အရင်ကလို ရှောရှောရှူရှူ မဟုတ်ဘဲ အားနဲ့ မျိုချနေရပြီလား။ ရေသောက်တာတောင် လည်ပင်းမှာ ကပ်တပ်တပ်ကြီး ဖြစ်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်လိုက်ပါ။ အစားမြန်မြန်စားရင်ပဲ ဖြစ်ဖြစ်၊ သေချာ မဝါးဘဲ မျိုချရင် ဖြစ်ဖြစ် အစာနင်တတ်တာ သဘာဝပါ။ ဒါပေမယ့် သဘာဝ မဟုတ်တဲ့ တချို့သော ကျန်းမာရေး ပြဿနာလေးတွေမှာလည်း အစာနင်တတ်ပါသေးတယ်။ စစချင်းဆို နင်တယ်လို့တောင် မထင်ဘူး။ စားလိုက်ရင် အစာက အောက်မကျဘဲ ရင်ခေါင်းမှာ ခပ်တောင့်တောင့်၊ ခပ်အောင့်အောင့်လေး ခံစားရပါတယ်။ တချို့ဆို နင်ရုံမက သီးပါ သီးတော့တာ။ နင်တာကလည်း အစာစားလည်း နင်၊ ရေသောက်လည်း နင် ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ရမယ့် အနေအထား ရောက်လာပါပြီ။ ဘာလို့ […]

အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း ကို ရှာဖွေမည်။

အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD)

အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) အကြောင်း လေ့လာရအောင်နော်။ အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာဘာလဲ။ အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ဆိုတာဟာ အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်စေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ နာတာရှည်ရောဂါတမျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် အစာအိမ်အက်ဆစ်ပြန်ဆန်တက်ခြင်း (GERD) ရောဂါကို ခံစားနေရသူတွေ အများအပြားရှိပြီး GERD ဟာ ရင်ပူခြင်း ဒါမှမဟုတ် အက်ဆစ်ဆန်တက်ခြင်းကို အဓိကဖြစ်စေတဲ့ ရောဂါဖြစ်ပါတယ်။ GERD ကြောင့် အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အစာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်ပြီး ရင်ပူခြင်း၊နေမထိထိုင်မသာ ဖြစ်ခြင်းတို့ကို ဖြစ်စေကာ အစာရေမြိုရဲ့ အတွင်းသားတွေကိုလည်း ထိခိုက်စေပါတယ်။ အစာရေမြိုအောက်ခြေမှာရှိတဲ့ ဆန့်ကျုံ့ကြွက်သားကို ထိခိုက်တဲ့အတွက် အထက်ပါ အခြေအနေတွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်။ အဆိုပါကြွက်သားအနေနဲ့ အလုံပိတ်ရမယ့်အချိန်မှာ သေချာစွာ မပိတ်ထားနိုင်တဲ့အတွက် အစာအိမ်ထဲက အရာတွေဟာ အစာရေမြိုထဲကို ပြန်ဆန်တက်လာနိုင်တာ ဖြစ်ပါတယ်။ GERD ရဲ့ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

သင့်ရဲ့ အားလပ်ရက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အက်ဆစ်ကြောင့်ရင်ပူခြင်းကို ဘယ်လိုရင်ဆိုင်မလဲ

လူတိုင်းလူတိုင်းက အားလပ်ရပ်အပန်းဖြေခရီးထွက်ရတာကို နှစ်သက်သဘောကျကြပါတယ်။ ဒါပေမယ့် သင့်မှာ အစာချေအက်ဆစ်တွေ ပြန်ဆန်တက်တာကြောင့် ရင်ပူတဲ့ ဝေဒနာခံစားနေရမယ်ဆိုရင် အားလပ်ရက်တွေက ပျော်စရာကောင်းမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်ရဲ့အားလပ်ရက် အပန်းဖြေခရီးကို ရင်ပူခြင်းက မနှောင့်ယှက်စေဖို့ ဘယ်လိုကာကွယ်ရမလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။ ဆေးဝါးများ ခရီးသွားရင်း ဘယ်နေရာပဲ ရောက်ရောက် ဆေးတော့ ဝယ်သောက်လို့ရပါတယ်။ ဒါကြောင့် ဆရာဝန်ဆေးစာမလိုတဲ့ ဆေးတွေကို ရောက်တဲ့နေရာမှာ ဝယ်သောက်နိုင်သလို တခါတည်း ဆောင်သွားလို့လည်း ရပါတယ် (အထူးသဖြင့် သင့်ရောဂါအခြေအနေ ပြင်းထန်တဲ့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကို သောက်နေရတယ်ဆိုရင်ပေါ့)။ အကြံဉာဏ်တောင်းဖို့ လိုအပ်လာခဲ့သည်ရှိသော် သင့်ဆရာဝန်နဲ့ ဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ်၊သူပေးထားတဲ့ ဆေးစာ စတာတွေကိုပါ ဆောင်သွားနိုင်မယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့။ ရင်ပူတာကို ကုသပေးနိုင်ပြီး ဆရာဝန်ဆေးစာမလိုဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးအချို့ကတော့ Antacids တွေဖြစ်ကြတဲ့ Tums®, Rolaids® နဲ့ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်တွေ ပြန်ဆန်တက်ခြင်းကြောင့် ညဖက်ရင်ပူတာကို ဖြေရှင်းပေးနိုင်မယ့် အချက်၁၂ချက်

ညကြီးသန်းခေါင် ရင်ပူလို့ဆိုပြီး လန့်နိုးလာရတာမျိုး ဖြစ်ဖူးပါသလား။ ဒီလိုမျိုး ညဖက်ရင်ပူခြင်းဟာ အိပ်ရေးပျက်စေတဲ့အတွက် နောက်နေ့တွေမှာလည်း အလုပ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ရင်ပူတဲ့ ဝေဒနာကို နေ့စဉ်ခံစားနေရတဲ့အတွက် သက်သာပျောက်ကင်းချင်တယ်ဆိုရင် အောက်မှာမျှဝေပေးမယ့် အချက်လေးတွေကို စမ်းကြည့်နိုင်ပါတယ်။   ၁။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ တကယ်လို့ သင့်အနေနဲ့ အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေကို စားပေးရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနေ့စဉ်လုပ်ခြင်းဟာလည်း ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အရေးပါ ပါတယ်။ တကယ်လို့ ဝိတ်ချရတာ အခက်အခဲရှိတယ်ဆိုရင် အနည်းဆုံးတော့ ကိုယ်အလေးချိန်ထပ်တက်မလာဖို့ ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ကိုယ်အလေးချိန်တက်လေလေ ရင်ပူတာပိုဆိုးလေမို့ပါပဲ။   ၂။ အိပ်စက်တဲ့ အနေအထား မှန်ကန်ပါစေ ဘယ်ဘက်ကို စောင်းအိပ်ဖို့နဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းကို အောက်ပိုင်းထက် အနည်းငယ် ပိုမြင့်နေစေဖို့ မမေ့ပါနဲ့။ ညီညာတဲ့ မွေ့ယာပေါ်မှာ ခေါင်းအုံးခပ်နိမ့်နိမ့်နဲ့ အိပ်စက်ခြင်းက ရင်ပူတာကို […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာအိမ်အက်ဆစ်တွေ လျှံတက်ခြင်းကြောင့် ရင်ပူခြင်းကို သက်သာစေမယ့် နည်းလမ်းခြောက်သွယ်

သင့်မှာ ရင်ပူတဲ့ဝေဒနာ ခံစားနေရပါသလား။ ဘာအစာပဲ စားလိုက်စားလိုက် အက်ဆစ်တွေ ပြန်ဆန်တက်လာပြီး ရင်ပူမှာကို ကြောက်နေပါသလား။ တချို့အစားအစာတွေဟာ အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှုကို ပိုများစေတဲ့အတွက် ရင်ပူတဲ့ဝေဒနာကို ပိုမိုခံစားရစေနိုင်တယ်ဆိုတာ မှန်ပါတယ်။ အစားအသောက်ကို နည်းနည်းချင်းစီစားတာ၊အစာစားပြီးပြီးချင်းမှာ အကုန်းအကွပြုလုပ်တာ ဒါမှမဟုတ် လဲလျောင်းတာတို့ကို ရှောင်ကျဉ်တာတွေအပြင် အခြားသော အကျိုးရှိတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးထားပါတယ်။   အချိုနဲ့ ကာဘိုဟိုက်ဒရိတ်များတဲ့ အရည်တွေကို အများကြီးမသောက်ပါနဲ့။ အချိုနဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏ များပြားစွာ ပါဝင်တဲ့ အစားအစာတွေဟာ ရင်ပူရခြင်းရဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တဲ့အတွက် သင်စားနေကျအစာတွေမှာ ပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်ပမာဏကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် ရင်ပူတဲ့ ဝေဒနာကို အလွယ်တကူ သက်သာစေမှာ ဖြစ်ပါတယ်။ အစာအိမ်တွင်း အက်ဆစ်ဓါတ်နည်းပါးခြင်းနဲ့ ကာဘိုဟိုက်ဒရိတ်ဓါတ် အလွန်အမင်းများပြားခြင်းဟာ ရင်ပူရခြင်းရဲ့ နောက်ခံအကြောင်းရင်းတခု ဖြစ်လို့ပါပဲ။ ကာဘိုဟိုက်ဒရိတ်တွေဟာ အစာအိမ်ထဲမှာ အချဉ်ပေါက်ပြီး ဓါတ်ငွေ့တွေ […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

အစာခြေရည်ဆန်တက်တဲ့ရောဂါ (GERD) နဲ့ပတ်သက်ပြီး ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ

ဆရာဝန်ကို ဘာတွေမေးမြန်းသင့်သလဲ သင့်အနေနဲ့ ဆရာဝန်ရှေ့ရောက်တဲ့အခါ ဘာပြောရမှန်းမသိတာမျိုး ဖြစ်ဖူးပါသလား။ လူအများစုဟာ ဆရာဝန်နဲ့ စကားပြောတဲ့အခါ ရှက်နေတာမျိုး ဒါမှမဟုတ် ပြောမထွက်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ ဆရာဝန်တွေဟာ ရုတ်တရက်ကြည့်လိုက်ရင် ရုတ်တည်ကြီးတွေနဲ့မို့ တမျိုးကြီးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သူတို့ဟာ သင့်ရောဂါဝေဒနာတွေကို သက်သာပျောက်ကင်းအောင် ကူညီပေးမယ့်သူတွေ ဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။ အောက်ဖော်ပြပါ လက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ရက်သတ္တပတ် တပတ် အတွင်းမှာပဲ ရင်ပူတာကို နှစ်ခါနဲ့အထက် ခံစားရခြင်း။ ရင်ပူတာ ပိုဆိုးလာခြင်း။ ညဖက်တွေမှာပါ ရင်ပူတာကို ခံစားရတဲ့အတွက် အိပ်ယာကနေ လန့်နိုးခြင်း။ ရင်ပူတဲ့ ဝေဒနာကို ခံစားနေရတာ နှစ်အတန်ကြာနေပြီဖြစ်ခြင်း။ အစာမြိုရခက်ခြင်း သို့မဟုတ် အစာမြိုချလျင် နာခြင်း။ ရင်ပူတာ ဒါမှမဟုတ် နာကျင်တာတွေက သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာခြင်း။   သင့်ဆရာဝန်နဲ့ ဘယ်လိုစကားပြောရမလဲ။ GERD ရောဂါဟာ ခံတွင်းနံ့နံတာ၊အသံဩတာ၊ရှတတဖြစ်နေလို့ စကားပြောရခက်တာ အစရှိတဲ့ စိတ်ကသိကအောင့်ဖြစ်စရာ ရောဂါလက္ခဏာတွေကို […]


အစာအိမ်အက်ဆစ်ရည်ပြန်ဆန်တက်ခြင်း

စားချဉ့်ပြန်ရောဂါ (Gastroesophageal Reflux Disease)

စားချဉ့်ပြန်ရောဂါ Gastroesophageal Reflux Disease (GERD) ဆိုတာ အစာအိမ်နဲ့ အစာရေမျိုကြားက ဆက်ထားတဲ့ ကြွက်သားလေး ပျက်စီးလျော့ရဲလာခြင်းကြောင့်ဖြစ်တဲ့ အစာခြေခြင်းစနစ်နဲ့ သက်ဆိုင်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ လူတော်တော်များများဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေမှာပါ တွေ့ရတတ်ပါတယ်။ အစာခြေရည်တွေ အစာအိမ်မှတစ်ဆင့် အစာရေမျိုပြွန်ထဲကို ပြန်တက်လာခြင်းကြောင့် အစာရေမျိုအပေါ်ယံလွှာ ပေါက်ပြဲသွားနိုင်ပြီး မသက်မသာခံစားရနိုင်ပါတယ်။ စားချဉ့်ပြန်ရောဂါက ဘယ်လောက်အဖြစ်များသလဲ။ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ ဂရုစိုက်နေထိုင်ခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ စားချဉ့်ပြန်ရောဂါ ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ခံတွင်းချဉ်ခြင်းနှင့်တွဲလျက် ရင်ပူခြင်း တစ်ခါတစ်ရံ လည်ချောင်းပူခြင်းပါ တွေ့ရနိုင်ပါတယ်။ ဒါ့ပြင် ရင်ဘတ်အောင့်ခြင်း အစာမျိုချရခက်ခြင်း ချောင်းခြောက်ဆိုးခြင်း အသံဝင်ခြင်း လည်ချောင်းနာခြင်း အစာ၊ အရည်၊ အက်ဆစ်တွေ ပြန်အန်ခြင်း ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ။ တစ်ပတ်နှစ်ကြိမ်အနည်းဆုံး ဒီလက္ခဏာတွေ တွေ့နေရပြီဆိုရင် (သို့) နေ့စဉ်အလုပ်တွေကိုပါ ထိခိုက်လာပြီဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း