backup og meta

အစာအိမ်ရောင်ခြင်း (Gastritis)

Gastritis (အစာအိမ်ရောင်ခြင်း) ဆိုတာ ဘာလဲ။

အစာအိမ်ရောင်ခြင်း ဆိုသည်မှာ အစာအိမ်အမြှေးပါးရောင်ရမ်းသော အခြေအနေတစ်ခု ဖြစ်ပါသည်။ အစာအိမ်ရောင်ခြင်းသည် ရုတ်တရက် သို့မဟုတ် နာတာရှည် ဖြစ်ပွားနိုင်ပါသည်။ ရောဂါကို သေချာကုသလျှင် လျင်မြန်စွာ ကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့ကိစ္စများတွင် အစာအိမ်ရောင်ခြင်းကြောင့်  အစာအိမ်အနာ ဖြစ်လာနိုင်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။

အစာအိမ်ရောင်ခြင်း (Gastritis)

အစာအိမ်ရောင်ခြင်းက ဘယ်လောက်အဖြစ်များသလဲ

အစာအိမ်ရောင်ခြင်းသည် အလွန်အဖြစ်များပါသည်။ များသောအားဖြင့် အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သူများ၊ အရက်အလွန်အကျွံ သောက်သူများတွင် ပို၍ အဖြစ်များပါသည်။

အစာအိမ်ရောင်ခြင်း ရဲ့ လက္ခဏာတွေက ဘာတွေလဲ

အစာအိမ်ရောင်ရောဂါရှိသူများသည် ရံဖန်ရံခါမှသာ လက္ခဏာပြတတ်သည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ

  • အစာစားချင်စိတ် မရှိခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • ဝမ်းဗိုက်အပေါ်ပိုင်းနာခြင်း
  • အစာစားပြီးနောက် ပြည့်တင်းခြင်း

အစာအိမ်ရောင်ခြင်း (Gastritis)

အစာအိမ်အမြှေးပါးတွင် သွေးထွက်ပါက အောက်ပါရောဂါလက္ခဏာများကိုပါ တွေ့ရပါမည်။

အစာအိမ်ရောင်ခြင်းကို ဘာတွေကဖြစ်စေသလဲ

အဖြစ်များသော အကြောင်းရင်းများမှာ

  • Aspirin နှင့် အခြားစတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများ အသုံးပြုခြင်း
  • အရက်အလွန်အကျွံသောက်ခြင်း
  • Helicobactor pylori အစာအိမ်ပိုးကူးစက်ခြင်း

အခြားအကြောင်းရင်းများမှာ

  • ကိုယ်ခံအားစနစ်မှားယွင်းမှုကြောင့် မိမိခန္ဓာကိုယ်မှ ဆဲလ်များကို ပြန်လည်တိုက်ခိုက်သောရောဂါ (ဥပမာ – pernicious anemia)
  • အစာအိမ်အတွင်းသို့ သည်းခြေရည်များစီးဝင်ခြင်း
  • ကိုကိန်းအလွဲသုံးစားပြုခြင်း

အစာအိမ်ရောင်ခြင်း ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အစာအိမ်ရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်စေသော အကြောင်းရင်းများများစွာရှိပါသည်။ ဥပမာအားဖြင့်-

  • အကိုက်အခဲပျောက်ဆေးများ မကြာခဏအသုံးပြုခြင်း
  • အသက်ကြီးခြင်း
  • စိတ်ဖိစီးမှု
  • အရက်သောက်ခြင်း
  • အခြားကူးစက်ရောဂါများ (ဥပမာ-ခုခံအားကျဆင်းမှုကူးစက်ရောဂါ၊ အူလမ်းကြောင်းရောင်ရမ်းသောရောဂါ Crohn’s disease၊ အခြားဘက်တီးရီးယားကြောင့် ဖြစ်သောကူးစက်ရောဂါများ)

အစာအိမ်ရောင်ခြင်းကို ဘယ်လိုအတည်ပြုပါသလဲ

အစာအိမ်ရောင်ခြင်းကုသမှုသည် လူနာ၏ ရောဂါလက္ခဏာများအပေါ်တွင် မူတည်သည်။ တိကျမှုရရှိရန် ဆရာဝန်သည် အောက်ပါစစ်ဆေးမှုများကိုအသုံးပြုလိမ့်မည်။

အစာအိမ်ရောင်ခြင်းကို ဘယ်လိုကုသပါသလဲ

Helicobacter pylori ကြောင့်ဖြစ်သော အစာအိမ်ရောင်ခြင်းကို ပဋိဇီဝဆေးများနဲ့ အစာအိမ်ဆေးများဖြင့် ကုသနိုင်ပါသည်။ ကုသမှုခံယူနေစဉ်အတွင်း အရက်သောက်ခြင်း၊ ibuprofen၊ naproxen၊ asprin စတဲ့ အကိုက်အခဲသောက်ဆေးများသောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။

အစာအိမ်တွင်းမှ အက်စစ်များကို ပြန်ဖြေရန် အောက်ပါ ဆေးများအသုံးပြုနိုင်ပါသည်။

  • Antihistamine-2 (H2) : Famotidine၊ Cimetidine၊ Ranitidine ၊ Nizatidine
  • Proton pump inhibitors (PPI) : Omeprazole၊ Esomeprazole၊ Iansoprazole၊Rabeprazole၊ Pantoprazole

အစာအိမ်ရောင်ခြင်း (Gastritis)

အစာအိမ်ရောင်ခြင်း ပိုမိုဆိုးရွားလာပါက အကြောထဲဆေးထိုးခြင်းနဲ့ အခြားအက်စစ်လျော့ကျစေသော ဆေးများ အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများသည် အစာအိမ်ရောင်ခြင်းကို ကုသသောနေရာတွင် အကူအညီပေးနိုင်ပါသည်။

  • အစာကို နည်းနည်းနဲ့ ခဏခဏစားပါ။
  • အစားအစာများကို သေချာကျက်အောင် ချက်ပြုတ်စားသောက်ပါ။
  • ရောဂါကူးစက်မှုကိုကာကွယ်ရန် အစာမစားမီလက်ဆေးပါ။
  • အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် ညွန်ကြားချက်မရှိဘဲ မသောက်ပါနှင့်။
  • အရက်အလွန်အကျွံ မသောက်ပါနဲ့။

Takeaways

အစာအိမ်ရောင်ခြင်းက အဖြစ်များတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတစ်ခုဖြစ်ပြီး စနစ်တကျ မကုသဘူးဆိုရင် ဖြစ်လိုက်ပျောက်လိုက်နဲ့ သံသရာလည်နေမှာပါ။ ဒါ့ပြင် နောက်ပိုင်းမှာ အစာအိမ်အနာ၊ အနာကနေ ကင်ဆာအထိ ပြောင်းနိုင်လို့ သေသေချာချာ ကုသဖို့ အကြံပြုချင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

 

 

Gastritis.https://www.nlm.nih.gov/medlineplus/ency/article/001150.htm.Accessed Jul 14 2016

Gastritis Definition.http://www.mayoclinic.org/diseases-conditions/Gastritis/basics/definition/con-20021032. Accessed Jul 14 2016

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 291.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 137.

ယခုပုံစံ

05/07/2022

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အနာ လား၊ အူအနာလား ဘယ်လိုခွဲမလဲ။

အဖြစ်များသော အစာအိမ်အူလမ်းကြောင်းပြဿနာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ