
အစာအိမ်အောင့်တာ၊ အစာအိမ်အနာဖြစ်တာ၊ အစာမကြေတာ စတဲ့ အစာခြေလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ အများကြီးရှိသလို အဲဒီဝေဒနာခံစားနေရတဲ့သူတွေလည်း တစ်ပုံကြီးပါ။ အစာအိမ်ရောဂါဆိုတာ တကယ်တော့ တစ်ခါဖြစ်ဖူးရင်ပျေကာ်ဖို့ တော်တော်မှ ခဲယဉ်းပါတယ်။ အစာအိမ်ရောင် နေတယ်၊ အနာဖြစ်နေတယ်ဆိုရင် အစာအိမ်ကို အနားပေးဖို့ အရေးကြီးတယ်လေ။ ပြဿနာက နေ့တိုင်း အစားမစားဘဲ နေလို့မရဘူးလေ။ ဒီတော့ အစာအိမ်ကို အနားပေးလို့မရ၊ စားတာတွေကလည်း အစာအိမ်နဲ့မတည့်ဖြစ်နေရင်ပိုဆိုးပြီပေါ့။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုတာ ကြားဖူးတယ်မလား။ ခုလို အစာအိမ်အနာ၊ အစာအိမ်အောင့်တဲ့ ပြဿနာတွေအတွက်ဆို ကိုယ်စားတဲ့အစားအသောက်တွေကပိုတောင် အရေးကြီးတာပေါ့။
ပျော့ပြီး မစပ်တဲ့ အဆီမများတဲ့ အစားအစာတွေကို အဓိက ရွေးချယ်သင်ပါတယ်။ ဒါမှ အစာကြေလွယ်မှာ ဖြစ်ပြီး ခံစားနေရတဲ့ အ စာအိမ်နာ ဝေဒနာသက်သာမှာဖြစ်ပါတယ်။ စားသင့်တာတွေကတော့
အခြားသိထားသင့်တာတွေကတော့
ကိုယ့်မှာ ဒီလို အစာအိမ်ရောဂါရှိလို့ ဘာမှ စားမရဘူးဆိုပြီး စိတ်တော့မညစ်လိုက်ပါနဲ့။ အစာအိမ်အတွက်သောက်ရမယ့်ဆေးတွေအပြင် ရှောင်သင့်တာတွေရှောင် စားသင့်တာတွေသာစားပေးရင် ခဏလေးအတွင်း ပြန်ပျောက်သွားမှာပါ။ ပြီးတော့ ခုပြောခဲ့တဲ့ အစားအစာတွေက အစာအိမ်အောင့်တာကို သက်သာစေမယ့်အပြင် အနာကျက်ခြင်းကို ပါအားပေးတာကြောင့် ခံစားနေရတဲ့ ဝေဒနာတွေ အမြန်ပျောက်မှာပါ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။