backup og meta

အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

ခန္ဓါကိုယ်ကျန်းမာဖို့အတွက် အစာခြေစနစ်ရော အစာအိမ်ပါကျန်းမာဖို့လိုပါမယ်။ အစာအိမ်ရောဂါရှိနေတယ်။ ဒါပေမယ့် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် အစာအိမ်လေးရဲ့ ကျန်းမာရေးကိုမေ့ထားလို့မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ အစာအိမ်ဝေဒနာရှိသူတွေအတွက် ကျန်းမာစွာနေထိုင်နည်းလေးကိုပြောပြပေးပါရစေနော်။

အစာအိမ်ရောဂါရှိလို့ ဘာစားရမယ်မသိဘူးဆိုသူတွေအတွက်

အစာအိမ်ရောဂါဘာကြောင့်ဖြစ်ရတာလဲ………….

ဒီနေရာမှာ လူတော်တော်များများယူဆကြတာက အစာအိမ်ရောဂါဖြစ်ရတာက အစားမမှန်လို့လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ ဒီတစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ အစားစားချိန်မမှန်တာကြောင့် အစာအိမ်ရောဂါဖြစ်နိုင်သလို အစားကိုလိုတာထက်ပိုစားတာ၊ အပူအစပ်တွေစားတာ၊ အက်ဆစ်ပါဝင်မှုလွန်ကဲတာတွေစားသုံးတာ၊ အယ်လ်ကိုဟောသောက်သုံးမှုတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။သောက်သုံးရတဲ့ဆေးဝါးတွေကြောင့်လည်း အစာအိမ်ထိခိုက်နိုင်ပါတယ်။

အစာအိမ်ရောဂါရှိနေတယ် ဘာတွေစားရမလဲ………

အစာအိမ်ရောဂါရှိနေသူတစ်ယောက်အနေနဲ့ အစာအိမ်ကို ထိခိုကစေမယ့်အရာတွေကို မစားမိတာကတော့ အကောင်းဆုံးပါ။ ဒါကြောင့် အပူအစပ်တွေ၊ အဆီများတဲ့ အစားအစာတွေ အစာကြေခဲတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။ ကဖင်း၊ အယ်လ်ကိုဟော နဲ့ဆေးလိပ်သောက်သုံးမှုတွေကိုလည်းရှောင်ကြဉ်ဖို့လိုပါမယ့်။ ဒါ့အပြင် အစာခြေအက်ဆစ်အထွက်များစေမယ့် အစားအစာတွေကိုလည်းရှောင်ဖို့လိုပါမယ်။ ဒီလိုပြောရတဲ့အကြောင်းအရင်းက အစာခြေအက်ဆစ်က လိုတာထက်ပိုများတဲ့အခါ အစာအိမ်နံရံတွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။

ဒါ့အပြင်နေ့စဉ်စားသုံးမှုမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေအောင် ဂရုစိုက်သင့်သလိုရေဓါတ်လုံလောက်အောင်သောက်သုံးဖို့လည်း မမေ့သင့်ပါဘူး။ ဂတ်စ်ပါဝင်မှုများတဲ့ အချိုရည်တွေကိုလည်း တတ်နိုင်သမျှရှောင်ဖို့လိုပါမယ်။ ဒါဆိုရင် ဘာတွေစားရမလဲလို့မေးစရာရှိနေမှာပါ။ ဒီတော့ အစာအိမ်ရောဂါရှိနေတယ်ဆိုရင် အခုပြောပြမယ့် အစားအစာလေးတွေကိုတော့ စားသုံးပေးလို့ရပါတယ်။

အခုပြောခဲ့တဲ့အစားအစာတွေကို စားမယ်။ အချိန်မှန်မှန်စားမယ်။ရေဓါတ်ပြည့်ဝအောင်နေမယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်။ စိတ်ဖိစီးမှုတွေကိုဖြေလျှော့မယ်။ အိပ်ရေးဝဝအိပ်မယ်ဆိုရင်တော့ အစာအိမ်လေးက ကျန်းမာနေစေမှာ အသေအချာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

The 19 Best Foods to Improve Digestionhttps://www.healthline.com/nutrition/best-foods-for-digestion Accessed Date 11 September 2019

10 Tips for Better Digestive Healthhttps://www.everydayhealth.com/digestive-health/tips-for-better-digestive-health/Accessed Date 11 September 2019

Good foods to help your digestionhttps://www.nhs.uk/live-well/eat-well/good-foods-to-help-your-digestion/Accessed Date 11 September 2019

ယခုပုံစံ

29/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာအိမ်အချဉ်ရည် ဆန်တက်ခြင်း ပြဿနာ

အစာအိမ်ရောင်ခြင်းကို ဘယ်လိုအရေးပေါ်ကုသကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ