backup og meta

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

သောက်တာများတယ်ဆိုတာ ရေကိုဆိုလိုတာမဟုတ်မှန်းတော့ သိကြမှာပါနော့။ တစ်ခွက်ပြီးတစ်ခွက် မော့နေတုန်းတော့ ပျော်နေပေမယ့် နောက်ရက်ကျရင် သောက်ထားတဲ့အရှိန်နဲ့ ခေါင်းကိုက်လိုက်၊ ဗိုက်အောင့်လိုက်နဲ့ မှောက်တော့မှာမလား။

သောက်တာများပြီး အစာအိမ် မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

အပီကဲပြီး နောက်နေ့မှာ အရက်နာကျတာက သပ်သပ်၊ အရက်ကြောင့် ပူလောင်ပြီး ဗိုက်အောင့်တာက သပ်သပ် ခံစားရမှာသေချာတာပေါ့။ ခံရသက်သာချင်ရင်တော့ ဒီလိုမဖြစ်အောင် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေ သိထားဖို့တော့လိုပါတယ်။

ဘာလုပ်ရမလဲ ဆိုတော့ –

(၁) ရေသောက်ပါ

အရက်ဘီယာသောက်တဲ့အခါ ရေဓာတ်မခမ်းခြောက်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာက ဟိုဟာတွေသောက်လည်းသောက်၊ ရေလည်းသောက်ပေးဖို့ပါပဲ။ ရေတွေသောက်ပြီး ဆီးသွားပစ်လေ မကောင်းတဲ့အဆိပ်အတောက်တွေပါသွားလေပါ။

(၂) တခြားအရည်တွေသောက်ပါ

ရေနဲ့တင်မလုံလောက်ဘူးခံစားနေရရင် အရက်မဟုတ်တဲ့တခြားအရည်တွေနဲ့ ရေဓာတ်ဖြည့်ပါ။ ဓာတ်ဆားဖြည့်ပေးမယ့် သောက်စရာ(ရေဓာတ်ဖြည့်အချိုရည်လိုမျိုး) တစ်ခုခုထပ်သောက်ပါ။ ကိုယ့်မှာဆုံးရှုံးသွားတဲ့ ဓာတ်ဆားနဲ့ ပိုတက်စီယမ်ကိုပြန်ဖြည့်ဆည်းပေးပါလိမ့်မယ်။

(၃) အဆီလေးစားပေးဦး

ဟိုးရှေးတည်းကသုံးခဲ့ကြတဲ့နည်းတစ်ခုက မူးပြဲမကွဲအောင်လို့ ပါတီမတက်ခင် သံလွင်ဆီတစ်ဇွန်း ကြိုသောက်ရတယ်တဲ့။ ပီဇာ ဒါမှမဟုတ် အဆီများတဲ့စားစရာတစ်ခုခုကလည်း အာနိသင်တူနိုင်ပါတယ်။ ဒါတွေက အူထဲမှာ ဆီဆွတ်ထားသလိုဖြစ်စေပြီး အယ်လ်ကိုဟောကို စုပ်ယူမှုမမြန်စေတော့ပါဘူး။ ဒါပေမယ့် အလွန်အကျွံစားတာကိုတော့ အားမပေးပါဘူးနော်။

(၄) သောက်နေတဲ့အချိန် သကြားစားပေးပါ

လေ့လာမှုတွေအရ fructose က အယ်လ်ကိုဟောရဲ့ဇီဝဖြစ်ပျက်မှုကိုမြန်စေတဲ့အတွက် အရက်နာကျနိုင်တဲ့ ဖြစ်နိုင်ခြေကိုနည်းစေပါတယ်။ အရက်သောက်နေတဲ့အချိန်မှာ (မသောက်ခင်မဟုတ်ဘူးနော်၊ fructose ကချေဖျက်စုပ်ယူရလွယ်တယ်) သကြားကိုစားပေးဖို့ပဲ လိုပါတယ်။ သကြားစေ့ဝါးစားဖို့မဟုတ် အရက်သောက်ရင်း အချိုရည်လေးနည်းနည်း ညှပ်ညှပ်သောက်လည်းရတာပဲ။

(၅) နောက်နေ့မှာ မနက်စာကိုစားဖြစ်အောင်စားပါ

အစားအစာမှာပါတဲ့ Electrolytes တွေကြောင့် ရေဓာတ်ဆုံးရှုံးနေတဲ့စနစ်ကို ဖြည့်ဆည်းပေးပြီး ခန္ဓာကိုယ်ကို ကယ်လိုရီပြန်ဖြည့်ပေးနိုင်ပါတယ်။ အရက်နာကျတဲ့မနက်ခင်းမှာ စားတဲ့အစာက ချေဖျက်ရလွယ်တဲ့အရာတော့ ဖြစ်သင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/health/how-to-sober-up

Accessed Date Nov 5, 2019.

https://www.health.harvard.edu/staying-healthy/7-steps-to-cure-your-hangover-and-ginkgo-biloba-whats-the-verdict

Accessed Date Nov 5, 2019.

ယခုပုံစံ

08/09/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရက်မသောက်လည်းဘဲ အသည်းအဆီဖုံးနိုင်ပါတယ် ။

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ