backup og meta

ခရီးသွားတဲ့အခါ အစာအိမ်ပြဿနာ မပူရအောင် ဘာတွေသိထားရမလဲ

ခရီးထွက်တယ်ဆိုတာ လူသားတွေအတွက် အသက်ရှည်ဆေးတစ်လက်ဆိုတာလည်း အမှန်ပါပဲ။ ဒါပေမယ့် ပင်ပန်းထားတဲ့စိတ်နဲ့ကိုယ်ခန္ဓါကိုယ်ကိုဖြေလျှော့ဖို့၊ အပန်းဖြေဖို့ သွားကြမယ့် ခရီးစဉ်မှာ အထစ်အငေါ့ဖြစ်စေနိင်မယ့် အဓိကပြဿနာက ကျန်းမာရေးဆိုတာ မမေ့ကြနဲ့နော်။

ခရီးသွားတဲ့အခါ အစာအိမ်ပြဿနာ မပူရအောင် ဘာတွေသိထားရမလဲ

ခရီးသွားပြီဆိုမှတော့ အပြင်စာတွေပဲစားရတော့မှာလေ။ ဒေသထွက်အစားအစာတွေမြင်ရင်လည်း ဗိုက်ထဲထည့်သိမ်းကြဦးမှာမလား။ ဒီတော့ အစာအိမ်ပြဿနာ၊ လေနာပြဿနာ၊ အစာမကြေပြဿနာတွေ ဖြစ်နေရင် ဘယ်လိုပျော်နိုင်ကြမှာတဲ့လဲ။ ဒါ့ကြောင့် လမ်းခရီးတလျှောက် အစာမကြေ၊ လေထိုးလေအောင့်တွေ၊ မအီမသာပျို့အန်တာတွေ မဖြစ်ရအောင် ဒါလေးတွေသတိထားကြပါဦးဗျို့..

အစာအိမ်လေးကို ညှာတာပါ

ခရီးမထွက်ခင်တည်းက အများကြီးစားမိရင် ကားမူးတာ၊ ကားပေါ်မှာ အန်တာဖြစ်နိုင်ခြေပိုများပါတယ်။ နောက်ပြီး ဒေသစာတွေအရသာထူးခြားလည်း တထိုင်တည်း အလွန်အကျွံမစားမိဖို့ သတိပေးချင်တယ်။ အကြိမ်ရေခွဲပြီး နောက်မှထပ်စားပါ။

အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ ပိုစားပေးပါ

အမျှင်ဓါတ်ဟာ အစာကြေလွယ်စေပြီး ဝမ်းချုပ်တာတွေကို ကာကွယ်ပေးတယ်။ နည်းနည်းစားရုံနဲ့ ပြည့်စေလို့ အလွန်အကျူး အစာမစားမိစေဖို့လည်း ထိန်းပြီးသားဖြစ်တယ်။

အစာမကြေဖြစ်စေနိုင်တဲ့အရာတွေ ဆင်ခြင်စားပါ

အဆီများတဲ့ အကြော်အလှော်တွေ၊ အပူအစပ်တွေ၊ ချင့်ချိန်စားပါ။ သူတို့က ကြေလွယ်မှာမဟုတ်သလို အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

အစားကိုကြေညက်အောင်ဝါးစားပါ

အစားကိုမြန်မြန်စားရင် အစာအိမ်ကိုဝန်ပိစေပြီး အစာမကြေဖြစ်လွယ်ပါတယ်။ ကိုယ်ကြေညက်အောင် ဝါးစားလိုက်လို့ ပျော့ပျောင်းသွားတဲ့ အစာတွေကို အစာအိမ်က အေးအေးဆေးဆေးပဲ ချေဖျက်နိုင်မှာ ဖြစ်လို့ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာတွေအတွက်လည်း စိုးရိမ်စရာ မရှိတော့ဘူးပေါ့။

ပေါက်တော ဆိုရင် ဆင်းဖို့မပျင်းပါနဲ့

စားတာချည်းပဲပြောတာများနေပြီဆိုတော့ ထုတ်တာလေးလည်းပြောရဦးမယ်။ အပေါ့အလေးသွားချင်တာကို အာင့်ထားရင်လည်း လေထိုးလေအောင့်ဖြစ်တတ်ပါတယ်နော်။ အဝေးပြေးကားနဲ့ပဲဖြစ်ဖြစ် ကိုယ့်ကားနဲ့ပဲဖြစ်ဖြစ် ဆိုင်တစ်ဆိုင်မှာရပ်တဲ့အခါ ဆင်းပြီးဖြေရှင်းပါ၊ ဆင်းရမှာပျင်းပြီးအောင့်မထားပါနဲ့။

လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်သွားပါ

ကိုယ်က မကြာခဏဆိုသလို လေထိုးလေအောင့်ဖြစ်တတ်တယ်၊ အစားတလိုင်းလည်းဖြစ်တယ်၊ ခဏခဏအစာမကြေဖြစ်တတ်တယ်၊ မအီမသာဖြစ်တတ်တယ်ဆိုရင် အစာအိမ်လေနာသက်သာစေတဲ့ဆေးဝါးတွေ၊ အစာကြေဆေး၊ အစာဖျက်ဆေးတွေဆောင်သွားဖို့မမေ့ပါနဲ့။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.everydayhealth.com/healthy-travel/avoid-digestive-problems-while-traveling.aspx

Accessed Oct 4, 2019.

https://www.healthline.com/health-news/how-to-keep-your-gut-healthy-while-traveling

Accessed Oct 4, 2019.

ယခုပုံစံ

26/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆေးမသောက်ရဘဲ ဗိုက်အောင့်သက်သာစေမယ့် နည်းလေးတွေရှိတယ်

ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာ ဒါတွေကြောင့်ပါ။



Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ