ကော်ဖီကြောင့် အစာအိမ်အောင့်နိုင်သလား
ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ စားသောက်ကုန်တမျိုးဖြစ်ပါတယ်။ လူကို တက်ကြွလန်းဆန်းစေရုံမက တခြားအကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေခြင်း၊ လေ့ကျင့်ခန်းလုပ်ဆောင်နိုင်စွမ်း တိုးတက်စေခြင်း၊ နှလုံးရောဂါနှင့် အယ်လ်ဇိုင်းမား ဖြစ်ပွားနိုင်ခြေ လျော့နည်းစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ လူတချို့မှာတော့ ကော်ဖီဟာ အစာအိမ်အူလမ်းကြောင်းအပေါ် သက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ကော်ဖီဟာ အစာအိမ်အပေါ် ဘယ်လိုသက်ရောက်မှု ရှိသလဲ ဆိုတာပါပဲ။ အစာအိမ် ထိခိုက်စေသော ပစ္စည်းများ ကော်ဖီမှာ အစာအိမ်ထိခိုက်စေတဲ့ ပစ္စည်းမျိုးစုံပါဝင်ပါတယ်။ ကဖိန်း ကဖိန်းဟာ အာရုံကြောကို လှုံ့ဆော်ပေးနိုင်တာကြောင့် တက်ကြွလန်းဆန်းစေပါတယ်။ ကော်ဖီ ၂၄၀ မီလီလီတာမှာဆိုရင် ကဖိန်းဓာတ် ၉၅ မီလီဂရမ် ပါဝင်ပါတယ်။ ကဖိန်းဟာ စိတ်ပိုင်းဆိုင်ရာကို နိုးကြားတက်ကြွစေတယ်လိုပေမယ့် အူလမ်းကြောင်း ကျုံ့ခြင်းဆန့်ခြင်းဖြစ်ပေါ်မှုကို အကြိမ်ရေ ပိုစိတ်လာစေပါတယ်။ သုတေသနတခုအရ ကဖိန်းအပြည့် ပါဝင်တဲ့ ကော်ဖိများဟာ […]














