သည်းခြေအိတ် အကြောင်း သိကောင်းစရာ
သည်းခြေအိတ် ဟာ အစာခြေစနစ်အတွက် လိုအပ်တဲ့ သည်းခြေရည်များကို သိုလှောင်ထားပေးတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်ရဲ့ ညာဘက်ပိုင်း အသည်းရဲ့အောက်မှာ ကပ်လျက် တည်ရှိပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေအိတ်ဟာ လှုပ်ရှားလာပြီး သည်းခြေရည်တွေကို အူလမ်းကြောင်းထဲ ညှစ်ထုတ်ပေးပါတယ်။ သည်းခြေအိတ် ရဲ့လုပ်ငန်းတာဝန်တွေက ဘာတွေလဲ သည်းခြေအိတ် ဟာ သည်းခြေစနစ်မှာပါဝင်တဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သည်းခြေစနစ်မှာ အသည်း၊ သည်းခြေအိတ်၊ သည်းခြေပြွန်များနဲ့ သည်းခြေအရည်ပါဝင်ပါတယ်။ အဆိုပါစနစ်ဟာ သည်းခြေရည်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းအတွက် ဆောင်ရွက်ပေးတဲ့စနစ်ဖြစ်ပါတယ်။ သည်းခြေရည်များဟာ အစိမ်းရင့်ရောင်၊ စိမ်းဝါရောင် စသဖြင့် ခပ်ပျစ်ပျစ်ရှိပြီး အဆီဓာတ်ကို ချေဖျက်နိုင်ဖို့အတွက် အသည်းကနေ ထုတ်လုပ်ပေးပါတယ်။ အသည်းဟာ တစ်ရက်ကို ခန့်မှန်းခြေ ၂၇ မှ ၃၄ အောင်စအထိ ထုတ်လုပ်ပေးပါတယ်။ စားသောက်လိုက်ချိန်မှာ သည်းခြေရည်များဟာ အသည်းကနေ အူသိမ်ထဲကို […]






















