brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics

ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အစားအစာကြောင့်၊ ဘက်တီးရီးယားပိုးကြောင့် (အစားအစာ သို့မဟုတ်ရေမသန့်ခြင်းမှတဆင့်)၊Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) သို့မဟုတ်ulcerative colitis(အစာခြေလမ်းကြောင်းအနာဖြစ်ခြင်း) တို့လို အူရောဂါတွေကြောင့်၊ စိတ်ဖိစီးမှုကြောင့်၊ဆေးဝါးဘေးထွက်ဆိုးကျိုးေကြာင့် စသည်ဖြင့် ရှိနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics

ဝမ်းအရည်တွေသွားတာ၊ ဗိုက်ထဲမအီမသာဖြစ်တာတွေအပြင်ရေဓါတ်ဆုံးရှုံးမှုေကြာင့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ အန္တရာယ်ရှိလာနိုင်ပါတယ်။ရောဂါပိုးကြောင့် ဝမ်းပျက်ပြီဆိုရင် ပဋိဇီဝဆေးတွေသောက်ရပြီးနောက်ပိုင်း အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်းမှာ ရှိတဲ့ ပိုးမွှားတွေပါ ရှင်းလင်းပြီးသားဖြစ်သွားတတ်ပါတယ်။ များလွန်းလှတဲ့ အူတွင်းဘက်တီးရီးယားတွေထဲမှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်ပြီး ပဋိဇီဝဆေးတွေရဲ့ တိုက်ခိုက်မှုကို ခံရတာကြောင့် ပျက်သုဉ်းကုန်ပါတယ်။

 Probiotics ဆိုတာဘာလဲ

Probiotics ဆိုတာ လူ့ခန္ဓါကိုယ်ကို အထူးသဖြင့် အစာခြေစနစ်ကျန်းမာရေးကို အကျိုးပြုနေတဲ့ အဏုဇီဝပိုးမွှားလေးတွေဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို ပဋိဇီဝပိုးသတ်ဆေးတွေကြောင့် ပျက်စီးသွားရတဲ့ အူတွင်းProbiotics တွေကို ဆေးတချို့နဲ့ အစားအစာတချို့ကနေ ရရှိနိုင်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics က ဘယ်လိုအကျိုးပြုသလဲ

Probioticsတွေက အူတွင်းဘက်တီးရီးယားတွေကိုထိန်းညှိပေးပြီး ဝမ်းလျှောခြင်းလက္ခဏာတွေကို သက်သာလျော့ပါးအောင် ကူညီပေးပါတယ်။ ဗိုက်ထဲကပြဿနာတည်ငြိမ်သွားပြီဆိုရင်တော့ အစာခြေစနစ်က လုပ်ဆောင်ချက်ပုံမှန်ပြန်ဖြစ်လာနိုင်ပါတယ်။

E. Coliပိုး လိုမျိုး အစာအဆိပ်သင့်စေတဲ့ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတဲ့ဝမ်းလျှောခြင်းတွေမှာဆိုလည်းProbiotics ကရောဂါပိုးကိုနှိမ်နင်းပေးနိုင်ပါတယ်။ ဖြည့်စွက်ဆေးဝါးအနေနဲ့ထုတ်လုပ်ထားတဲ့ Probiotics တွေကို အသက်အရွယ်မရွေးသောက်သုံးလို့သင့်တော်ပါတယ်။Probiotics ကို နို့ထွက်ပစ္စည်းတွေ၊ ဒိန်ချဉ် နဲ့ အချဉ်တည်ထားတဲ့အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းလျှောခြင်းအမျိုးအစားကိုလိုက်ပြီး ကုသနိုင်တဲ့ Probiotics အမျိုးအစားကကွဲပြားပါတယ်။

 ကလေးတွေမှာ ဝမ်းလျှောခြင်း

Probioticsတွေက ကလေးတွေဝမ်းလျှောတဲ့အခါ အကောင်းဆုံးကုသပေးနိုင်တယ်၊ အထူးသဖြင့်rotavirusကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းမှာဆိုနေ့ဝက်ကနေ ၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်ပါတယ်။

ဝမ်းပြဿနာမှာ Lactobacillus rhamnosus၊Lactobacillus reuteri တို့လိုProbioticsတွေက အကျိုးပြုဆုံးဖြစ်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေးတွေကြောင့် ဝမ်းလျှောခြင်း

နေမကောင်းဖြစ်တဲ့အခါ ပဋိဇီဝပိုးသတ်ဆေးတွေက ခန္ဓါကိုယ်ထဲကရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးတယ်ဆိုပေမယ့် သူတို့က အကျိုးပြုဘက်တီးရီးယားတွေကိုပါသေစေနိုင်တာဖြစ်ပါတယ်။ ဒီလိုနဲ့ အူတွင်းဘက်တီးရီးယားတွေဟန်ချက်မညီမျှမှုဖြစ်စေပြီး ဝမ်းပျက်စေနိုင်ပါတယ်။ ပဋိဇီဝဆေးတွေရပ်လိုက်ပြီးနောက် Probioticsသောက်တဲ့သူတွေက ဒီလိုဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်နိုင်ခြေပိုနည်းပါတယ်။

C. difficileကြောင့်ဖြစ်တဲ့ဝမ်းလျှောခြင်း

C. difficile ဘက်တီးရီးယားကြောင့် ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျှောခြင်း(တစ်ခါတရံအသက်အန္တရာယ်ရှိနိုင်)နဲ့ အူမကြီးရောင်ရမ်းခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။Probioticsတွေက ဒီလိုရောဂါပိုးတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

Saccharomyces boulardiiProbiotic အမျိုးအစားက ဒီရောဂါပိုးမျိုးကို ခုခံတိုက်ဖျက်နိုင်တယ်လို့လေ့လာတွေ့ရှိမှုတွေက ဆိုပါတယ်။ အထူးသဖြင့် lactobacillus အမျိုးအစားတွေနဲ့ပေါင်းစပ်ရင် ပိုထိရောက်တယ်လို့သိရပါတယ်။

အူရောင်ခြင်း

အူနံရံရောင်ရမ်းခြင်း (ulcerative colitis) အတွက်လည်းProbiotics က ကူညီကုသပေးနိုင်ပါတယ်။Crohn’s disease(အစာအိမ်၊အူနံရံရောင်ရောဂါ) ကိုလည်း သက်သာစေနိုင်တယ်။

Probiotics ကို ဘယ်ကရနိုင်မလဲ

Probiotics ကို ဒိန်ချဉ်နဲ့နို့ တို့လိုအစားအသောက်ကနေရရှိနိုင်သလိုဆေးပြား၊ဆေးတောင့်၊ဆေးရည်ပုံစံတွေနဲ့လည်းဖြည့်စွက်ဆေးဝါးအဖြစ်ရရှိနိုင်ပါတယ်။Lactobacillus reuteriProbiotic နဲ့ထုတ်လုပ်ထားတဲ့BioGaia Protectis ဆိုရင်ဆေးပြားပုံစံရော၊ ကလေးငယ်တွေအတွက်ဆေးရည်ပုံစံနဲ့ရော ရရှိနိုင်ပါတယ်။ BioGaia Protectisဆေးပြားကို ကလေး၊လူကြီးမရွေးသောက်သုံးနိုင်တဲ့အပြင် ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေပါ တစ်နေ့တစ်လုံးကနေ နှစ်လုံးအထိ ဘေးကင်းစွာသောက်သုံးနိုင်ပါတယ်။ အူလမ်းကြောင်းကျန်းမာရေးအတွက် အထောက်အကူပြုလို့ အကြံပြုထားတဲ့ပမာဏထက်မကျော်ဘဲ နေ့စဉ်သောက်သုံးနိုင်ပါတယ်။

ကလေးတွေအတွက်ဖြစ်တဲ့BioGaia Protectis drops ကတော့ ကလေးကိုတိုက်မယ့်နို့ဗူး သို့မဟုတ် မိခင်နို့ရည်ထဲဖြစ်ဖြစ်၊ ဖျော်ရည် တစ်ခုခု တစ်ဇွန်းစာလောက်မှာဖြစ်ဖြစ် တစ်နေ့တစ်ကြိမ် ၅ စက်ထည့်ပြီး တိုက်ကျွေးနိုင်ပါတယ်။ဆေးကြောင့် အနံ့အရသာပြောင်းလဲမှုရှိစေမှာမဟုတ်လို့ တိုက်ကျွေးရလွယ်ကူတဲ့ဆေးဖြစ်ပါတယ်။ Probiotics ဟာ ကလေးတွေ ဝမ်းပျက်တဲ့အခါ၊လေနာဝေဒနာခံစားရတဲ့အခါ အစွမ်းထက်တဲ့ဆေးတစ်လက်ဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်းအတွက် Probiotics လို့ ပြောရတဲ့ အကြောင်းအရင်း သိလောက်ပြီ ထင်ပါတယ်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။