အစာစားပြီးနောက်ပိုင်းမှာဖြစ်လာတာချင်းတူတယ်ဆိုပေမယ့် ဝေဒနာအတိမ်အနက်ကမတူပါဘူး။ အစာအဆိပ်သင့်ဖြစ်နေတာကို ရိုးရိုးအစာမကြေတာလို့ ထင်နေပြီးပေါ့ဆနေမိရင် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစောကုသနိုင်ဖို့ အရေးကြီးပါတယ်။

အစာမကြေဖြစ်ပြီဆိုရင် –
အစာအဆိပ်သင့်တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်နဲ့ ကပ်ပါးပိုးတွေ ပါနေတာကြောင့်ပါ။ ရောဂါပိုးပါနေတဲ့အစားအသောက်တွေကို စားမိပြီး နာရီပိုင်းအတွင်းမှာပဲ လက္ခဏာစပြတတ်ပါတယ်။ အများအားဖြင့်တော့ အစာအဆိပ်သင့်တာက သိပ်မပြင်းထန်ဘဲ ဂရုစိုက်စောင့်ရှောက်ရင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ကူးစက်ရရှိတဲ့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားကို မူတည်ပြီး လက္ခဏာပြင်းထန်သူတချို့ကိုတော့ ဆေးရုံတင်ဖို့လိုအပ်နိုင်ပါတယ်။
အစာအဆိပ်သင့်တဲ့အခါ သိသာတဲ့လက္ခဏာတွေကတော့ မအီမသာဖြစ်မယ်၊ အန်မယ်၊ ဝမ်းလျှောမယ်၊ ဝမ်းမှာသွေးပါမယ်၊ ဗိုက်အောင့်တယ်၊ ကိုယ်ပူမယ်။ အစာအဆိပ်သင့်ရင် စားပြီး နာရီပိုင်းအတွင်း လက္ခဏာစတတ်တယ်။
ရက်ပိုင်း ဒါမှမဟုတ် ရက်သီတင်းပတ်ကြာမှ လက္ခဏာပေါ်လာတာတောင်ရှိတတ်ပါတယ်။ အစာအဆိပ်သင့်တဲ့ဝေဒနာကိုခံစားရတာကလည်း နာရီပိုင်းကနေ ရက်သီတင်းပတ်နဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။
ဒါပေမယ့် ၃ ရက်အတွင်းမသက်သာလာခဲ့ရင် ဒါမှမဟုတ် အောက်ပါလက္ခဏာတွေဖြစ်လာရင်
တကယ်လို့ အစာအဆိပ်သင့်လက္ခဏာတွေရှိနေရင် ပြင်းထန်နေပြီ၊ ခံစားရမသက်သာဘူးဆို ဆေးရုံဆေးခန်းအရင်သွားပြီး စစ်ဆေးကုသမှုခံယူတာစိတ်အချရဆုံးပါပဲ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။