backup og meta

လေထိုးလေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်

ဗိုက်ပွတယ်၊ လေထိုးလေအောင့်ဖြစ်တယ် ဆိုတာ ရုတ်တရက်ခံစားရတတ်တဲ့ဝေဒနာဖြစ်ပြီး အတော်ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်းဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေစားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။

လေထိုးလေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်

လေထိုးလေအောင့်ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ်ဘဝမှာ အများဆုံးလုပ်မိလေ့ရှိတဲ့ အရာတွေနော်။

(၁) အစားကိုအမြန်စားမိတာ

သူငယ်ချင်းတွေနဲ့ ဆိုင်မှာသွားစားတယ်၊ မောင်နှမတွေ အိမ်မှာအတူစားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း အမြန်စားမိကြမှာပဲ။ တစ်ခါတလေ သိပ်ဆာနေတဲ့အချိန် ဒရောသောပါး စားမိတတ်ကြပါတယ်။ အရသာတောင်သိပ်မခံလိုက်မိတာမျိုး။ အဲဒီအချိန်မှာ လေတွေပါမျိုချမိနိုင်တာကြောင့် ဗိုက်ထဲလေပွတာ၊ လေထိုးတာ တွေဖြစ်နိုင်တယ်နော်။

(၂) အချိုရည်ကို ပိုက်နဲ့သောက်တာ

အချိုရည်သောက်ပြီဆို ဘူးမှာဖြစ်ဖြစ်၊ အအေးခွက်မှာဖြစ်ဖြစ် ပိုက်ကလေးနဲ့သောက်ကြရတာပဲ။ တော်တန်ရုံက ဘာမှသိပ်မဖြစ်ပေမယ့် သောက်တာများရင်တော့ သောက်လိုက်တိုင်း ဝင်သွားတဲ့လေတွေစုပြီး လေပွစေမှာပေါ့။ လေတက်ရင်၊ လေလည်ရင်တော့ ဝေဒနာသက်သာတာပေါ့။

(၃) ရေသိပ်မသောက်တာ

ရေဓါတ်အလုံအလောက်မဖြည့်ပေးရင် လေတွေထကြွစေပါတယ်တဲ့။ ကိုယ်က လေနာဝေဒနာဖြစ်တတ်တယ်ဆိုရင် ပိုသတိထားရမှာပေါ့။ ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေထဲမှာ အစာချေဖျက်ခြင်းကို ပိုကောင်းစေတဲ့အချက် ပါဝင်ပါတယ်။

(၄) ပီကေ အမြဲဝါးနေတာ

ပီကေဝါးတဲ့အခါ ပါးစပ်ကို ဟမိတဲ့အချိန်တိုင်း လေတွေပိုဝင်တာပေါ့။ ပီကေအများစုမှာပါတဲ့ sugar alcohols တွေကလည်း အစာခြေစနစ်ကိုဒုက္ခပေးနိုင်ပါတယ်။ sugar alcohols တွေက လေပွခြင်းအပြင် ဝမ်းပျက်ခြင်းအထိဖြစ်စေတတ်လို့ ပီကေတွေအများကြီးမစားနဲ့နော်။

(၅) စိတ်ဖိစီးမှုများနေတာ

စိတ်ဖိစီးမှုကြောင့် အက်စစ်ပိုထွက်ပြီး လေပွခြင်းကိုဖြစ်စေနိုင်တယ်။ စိတ်အရမ်းညစ်လာ၊ ဒေါသထွက်လာတာမျိုးဆိုရင် ဗိုက်ထဲပူလောင်လာသလိုလို၊ လေထိုးလေအောင့်လာသလိုတွေဖြစ်လာတာ ကြုံဖူးကြမှာပါ။ စိတ်ဖိစီးမှုက အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေတာကြောင့် ဖြေလျှော့ဖို့ တတ်နိုင်သလောက်ကြိုးစားပါ။

(၆) ထမင်း/အစားစားပြီး တန်းအိပ်တာ

အိမ်ကိုနောက်ကျမှပြန်ရောက်တယ်၊ ညစာစားတယ်၊ ရေချိုးပြီးအိပ်လိုက်တယ်။ ဒါဆို အစာအိမ်မှာ ပြဿနာတက်ပါပြီ။ စားပြီးအိပ်လိုက်တာက အစာကိုချေဖျက်ဖို့မလွယ်တော့ဘဲ လေထိုးလေအောင့်တွေဖြစ်လာပါလိမ့်မယ်။ အိပ်ချင်နေလည်း အစားစားပြီး အနည်းဆုံး သုံးနာရီတော့စောင့်ပေးပါ။

(၇) အချိုစားများတာ

အချိုသိပ်များတဲ့အစားအသောက်တွေက လေပွခြင်းကိုဖြစ်စေပါတယ်။ ချက်ချင်းမဖြစ်လည်း လေထိုးလေအောင့်ဖြစ်စေတဲ့အကြောင်းရင်းထဲမှာ ပါဝင်တာကြောင့် အချိုသိပ်မစားပါနဲ့နော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.bustle.com/p/11-habits-you-didnt-realize-can-cause-bloating-47400

Accessed May 30, 2019.

https://www.thehealthsite.com/diseases-conditions/10-reasons-for-bloating-or-abdominal-gas-you-didnt-know-about-79786/

Accessed May 30, 2019.

 

ယခုပုံစံ

11/05/2020

Yun Sandi Nan Mon မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်အနာရှိသူတွေအတွက် အကောင်းဆုံးနဲ့အဆိုးဆုံး အစားအသောက်များ

ဗိုက်အောင့်ဗိုက်နာဖြစ်ခဲ့ရင်



Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ