
ပန်းသီးမှာ sorbitol လို့ခေါ်တဲ့ သဘာဝသကြားဓါတ် ပါဝင်ပါတယ်။ တချို့လူတွေရဲ့ခန္ဓါကိုယ်က ဒီဓါတ်ကိုကောင်းကောင်းမစုပ်ယူနိုင်တဲ့အခါလေပွတာတွေဖြစ်လာနိုင်တယ်။
ဒီတိုင်းလည်းစားတယ်၊ဖျော်သောက်တယ်၊ မုန့်ထဲထည့်လုပ်တယ်၊ အသီးခြောက်စားတယ်။ ဘလက်ဘယ်ရီသီးကို ပုံစံအမျိုးမျိုးစားကြပါတယ်။ သူ့ရဲ့သဘာဝသကြားဓါတ်က အချိုလျှော့စားချင်သူတွေအတွက် အဆင်ပြေတယ်ဆိုပေမယ့် အူအတွက်တော့ အမြဲတမ်းမကောင်းပါဘူး။sorbitol ကို စားသုံးလိုက်တဲ့အခါချေဖျက်ဖို့ပြဿနာရှိတဲ့သူတွေမှာလေပွတာ၊ ဗိုက်အောင့်တာ၊လေထိုးလေအောင့်ဖြစ်တာ၊ မအီမသာဖြစ်တာတွေ ခံစားရနိုင်တယ်။
လူကြိုက်များကြတဲ့ ရှီတာကီမှိုကြောင့်လေပြဿနာနည်းနည်းဖြစ်စေနိုင်ပါတယ်။ သူ့မှာပါတဲ့ သဘာဝသကြားဓါတ်mannitolကြောင့်ပဲဖြစ်ပါတယ်။ နည်းနည်းလောက်စားတာဘာမှမဖြစ်ပေမယ့် စားတာများရင်လေပွစေနိုင်တယ်။ ဝမ်းလည်းပျော့စေနိုင်ပါတယ်။
ပဲကြီးလှော်စားရင်လေလည်မှာကို စိုးရိမ်ကြတယ်မဟုတ်လား။ အူတွင်းဘက်တီးရီးယားတွေကို အာဟာရပေးတဲ့ galacto-oligosaccharides လို့ခေါ်တဲ့သကြားကြောင့်လေပွစေနိုင်တာပါ။ ပဲစားတာများရင် ဗိုက်ပွတာတော့ အမှန်ပါပဲ။
ဂေါ်ဖီထုပ်မျိုးနွယ်ဝင်တွေက အရသာရှိတယ်၊ အာဟာရဓါတ်စုံလင်တယ်၊ ကျန်းမာရေးအတွက်ကောင်းတယ်။ ဒါပေမယ့် တချို့လူတွေမှာ အစာကြေဖို့ခက်နိုင်တယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီစတာတွေက တစ်ခါတလေ ဗိုက်ပွစေ၊ဗိုက်ကယ်စေနိုင်ပါတယ်။
ပီကေဝါးတဲ့အချိန်လေတွေကိုမျိုချမိတာကြောင့် ဗိုက်ထဲမှာလေတွေပိတ်မိစေတတ်ပါတယ်။ သကြားမပါတဲ့ Sugar-free ပီကေအမျိုးအစားတွေမှာsorbitol နဲ့xylitol တို့ကိုအစားထိုး ထည့်ထားတတ်ကြပါတယ်။ တချို့လူတွေမှာ သူတို့ကြောင့်လေပြဿနာရှိလာနိုင်တယ်။
ဒီအစားအစာတွေက လူတိုင်းမှာလေပြဿနာမဖြစ်စေနိုင်ပေမယ့် အစာခြေစနစ်အားနည်းတဲ့သူတွေ၊ သကြားဓါတ်စုပ်ယူနိုင်စွမ်းအားနည်းသူတွေနဲ့ အစာမကြေဖြစ်တတ်သူတွေမှာတော့ ပမာဏဆင်ခြင်စားသုံးသင့်ပါတယ်။ရောဂါကင်းတဲ့ ကျန်းမာခြင်းအတွက် ဘယ်အရာမဆိုတော်သင့်ရုံစားပါ။