brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အစာအိမ်အောင့်ရင် အမြန်ဆုံးသက်သာစေဖို့ ဘာတွေကိုလုပ်မလဲ

ဗိုက်အောင့်လိုက်တာ။ အလုပ်တွေမလုပ်နိုင်တော့ဘူး အစာအိမ်က အောင့်နေပြီ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက် အကြံလေးပေးမယ်နော်။ အစာခြေရည်ပြန်ဆန်တက်လို့ ရင်ပူဝေဒနာခံစားနေရသူတွေဆို မကုစားဘဲ ဒီတိုင်းနေလို့ အခန့်မသင့်ရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အစာအိမ်အောင့်ရင် အမြန်ဆုံးသက်သာစေဖို့ ဘာတွေကိုလုပ်မလဲ

ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက –

  • ဝမ်းချုပ်တာ၊
  • အစာမကြေတာ၊
  • စားချဉ့်ရည်ပြန်ဆန်တက်တာ ၊
  • အော့အန်တာ၊
  • စိတ်ဖိစီးမှုများတာ နဲ့
  • အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင်
  • ပိုပြင်းထန်ရင်တော့

    • အူအတက်ပေါက်တာ၊
    • အူအတက်ရောင်တာ၊
    • သည်းခြေအိတ်ကျောက်တည်တာ၊
    • ကျောက်ကပ်မှာကျောက်တည်တာ၊
    • ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။

    အစာအိမ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ဒီလက္ခဏာတွေပါ ဖြစ်နေနိုင်ပါတယ် –

    • လေထိုးလေအောင့်ဖြစ်နေတာ
    • ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း)
    • မအီမသာနဲ့ ပျို့အန်ချင်တာ
    • ခဏခဏပူလောင်ပြီးဆာတာ
    • အစာမစားခင်နဲ့ အစာစားပြီး အောင့်တာ စတဲ့လက္ခဏာတွေက သိသာပါတယ်။

    ဒါ့ကြောင့် အစာအိမ်အောင့်တယ်ဆိုရင် ဘာကြောင့်လဲအဖြေရှာဖို့ ဆေးခန်းမသွားနိုင်သေးခင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။

    ဗိုက်အောင့်သက်သာစေမယ့် နည်းလမ်းလေးတွေကတော့ –

    • အမြန်ဆုံးက ဗိုက်အောင့်သက်သာစေတဲ့ အစာအိမ်လေဆေးတွေသောက်ပါ။
    • သက်တောင့်သက်သာလေးနေပါ။
    • အသက်မှန်မှန်ရှုပေးပါ။
    • အရည်များများသောက်ပါ။
    • အစာခပ်ပျော့ပျော့လေးတစ်ခုခုစားပေးပါ။
    • ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးပါ။
    • ရေကို မကြာခဏသောက်ပေးပါ။
    • အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။
    • ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။
    • ဗိုက်ကို ရေနွေးအိတ်ကပ်ပေးပါ။ သိပ်တော့မပူစေနဲ့နော်။
    • ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ။
    • အချိန်နည်းနည်းကြာလို့ မသက်သာဘူး၊ မခံမရပ်နိုင်အောင်အောင့်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြရမယ်နော်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/01/2022 ဖြစ်ပါသည်။