အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ခန္ဓာကိုယ်မှာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်က အရေးပါတဲ့ စနစ်တစ်ခုပါ။ စားလိုက်သမျှ အစားအစာတွေကနေ အာဟာရစုပ်ယူဖို့ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းက လုပ်ပေးမှ ရတာပါ။ ဒီလိုစုပ်ယူနိုင်ဖို့ အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အတူတကွ အလုပ်လုပ်ဖို့ လိုပါတယ်။ ကျန်းမာတဲ့ အစာခြေစနစ်တစ်ခု ဖြစ်ဖို့ ဘာတွေလုပ်လို့ရလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား

ဝမ်းလျှောလို့ ဓာတ်ဆားရည်သောက်လိုက်တာ ခုတော့ ဝမ်းပိတ်ရုံတင်မကဘူး။ ဝမ်းပါချုပ်သွားပြီလို့ ပြောတာ ကြားဖူးမှာပါ။ ဝမ်းချုပ်တာကို ဓာတ်ချုပ်တယ်လို့လည်း ပြောကြတော့ ဓာတ်ဆားရည်တွေ သောက်လိုက်လို့ ဝမ်းချုပ်သွားတာများလားလို့ တွေးတတ်ကြပါတယ်။ တကယ်ပဲ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတ်ဆားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ဂလူးကို့စ်၊ ရေ စတာတွေ ပါဝင်ပြီး ဒါတွေက နဂိုလည်း ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်တွေက ဝမ်းချုပ်တာနဲ့ မသက်ဆိုင်ပါဘူး။ ဓာတ်ဆားရည်တွေက ဝမ်းချုပ်စေတတ်သလား။ ဓာတ်ဆားရည်က ဝမ်းချုပ်စေဖို့ မပြောနဲ့။ ဝမ်းပိတ်စေတဲ့ အာနိသင်တောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ဝမ်းလျှောတဲ့အခါ ဓာတ်ဆားရည်သောက်တာက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ ဝမ်းရပ်ဖို့ ဆိုတာက ကုသမှု တစ်ခုခု […]

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းကိုက်ခြင်း အကြောင်း သိကောင်းစရာ

ဝမ်းကိုက်တယ်ဆိုတာက အစာခြေစနစ်ရဲ့ အူလမ်းကြောင်းတွေ ရောင်ရမ်းပြီး ဗိုက်က မခံမရပ်နိုင်အောင် အောင့်တာ၊  ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဒီလို ဝမ်းကိုက်တာကို ခံစားရချိန်က ၃ ရက်ကနေ ၇ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ဝမ်းကိုက်တဲ့အခါ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အဖျား ၁၀၀ ဒီဂရီထက် များနေတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အစားအစာ သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းကိုက်တာက ရေဓာတ်ခမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဝမ်းကိုက်ပိုးက ကူးစက်မြန်လွန်းတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီရောဂါပိုးက အသုံးအဆောင်တွေ၊ အစားအသောက်တွေ၊ ရေအိမ်တစ်ခုတည်း အသုံးပြုမှုတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးကို မကူးစက်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ရေအိမ်သုံးပြီးတိုင်းမှာ လက်ကို သေချာစွာ […]


အစာအိမ်အနာ

အစာအိမ်အနာ သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

အစာခြေစနစ် ပြဿနာတွေကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ အစာခြေစနစ် ပြဿနာတွေထဲက အစာအိမ်အနာ ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ဆောင်ရမလဲဆိုတဲ့ အိမ်တွင်းကုထုံးလေးအကြောင်း ပြောပြပေးချင်ပါတယ်။ အစာအိမ် အနာဆိုတာ ဘာလဲ ....... အနာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပါတယ်။ အစာအိမ်နံရံ အပါအဝင်ပေါ့။ အစာအိမ်အနာက ဘယ်လိုဖြစ်တာလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ အစာအိမ်မှာ အချွဲလွှာရယ်၊ ကြွက်သားလွှာရယ်၊ အပြင်ဘက်ဆုံးက အမြှေးပါးရယ်ဆိုပြီး ၃လွှာ ရှိပါတယ်။ အနာက အချွဲလွှာကနေ စဖြစ်တာပါ။ ပုံမှန်ဆို အချွဲလွှာက အစာခြေအက်စစ်ဒဏ်ကို ကာကွယ်ပေးထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အချွဲအမြှေးပါးလေး ပါးသွားတဲ့အခါ ဒါမှမဟုတ် အက်စစ်ထွက်တာများလာတဲ့အခါ အနာစဖြစ်လာပါတယ်။  အချွဲတွေနည်းသွားပြီး အနာဖြစ်လာတဲ့အခါကျတော့ အစာအိမ်က အက်စစ်စားတဲ့ ဒဏ်ကို ခံရပါတော့တယ်။ ဘာတွေကြောင့် အစာအိမ်အနာ ဖြစ်ရတာလဲ ....... အစာအိမ်အနာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ […]


ဝမ်းချုပ်ခြင်း

ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ သိပြီးပြီလား

ဝမ်းချုပ်တာက နေ့စဉ်ဘဝရဲ့ ပုံမှန် လှုပ်ရှားမှုတွေအပေါ်မှာ တော်တော်လေး သက်ရောက်မှု ဖြစ်စေပါတယ်။ ဝမ်းချုပ်နေတဲ့အခါ မအီမသာဖြစ်နေတာကြောင့် အလုပ်ထဲမှာ အာရုံစိုက်ဖို့ ခက်တာ၊ ပင်ပန်းနေတာမျိုးတွေ ခံစားရပါတယ်။ ဒီလို ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းပါ်မှာ ရာခိုင်နှုန်း များစွာ သက်ရောက်နေတဲ့ အချက်တစ်ခုကတော့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေပါပဲ။ အစားအစာတိုင်းက ဝမ်းချုပ်စေတာ မဟုတ်ပေမယ့် အချို့သော အစားအစာတွေနဲ့ စားသောက်မှုပုံစံတွေက ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ အပင်ကနေရရှိတဲ့ အမျှင်ဓာတ် ၂၀ ဂရမ် ကနေ ၃၅ ဂရမ်လောက် ပါရှိမှ အူတွေက လှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ပြီး ဝမ်းချုပ်မှု ကင်းဝေးမှာပါ။ ဒါကြောင့် အစားစားတဲ့အခါ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်အောင် စားသုံးတာကလည်း ဝမ်းချုပ်တာကို ထိထိရောက်ရောက် ကာကွယ်တာပါပဲ။ ဒါတွေက ဝမ်းချုပ်စေတယ်ဆိုတာ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွနေတာကြောင့် စိတ်ညစ်မနေပါနဲ့

လေပွတာကို လူတော်တော်များများ ခံစားဖူးကြပါတယ်။ လေပွတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် နေရထိုင်ရ မသက်မသာဖြစ်စေတာတော့ အမှန်ပါ။ လေပွတာကို သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ၊ ဖြည့်စွက်စာ စားတာ၊ နှိပ်နယ်ပေးတာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။ ဒီလိုလုပ်ဆောင်ပေးတာတွေက လေပွတာကို သက်သာစေမှာပါ။ ဒီတစ်ခေါက်တော့ လေပွတာနဲ့ ပတ်သက်တဲ့ အကြောင်းအရင်းလေးတွေကို ပြောပြပေးသွားပါမယ်။ လေပွတယ်ဆိုတာ လေပွတယ်ဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ အစာအိမ်မှာဖြစ်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပေါ့။ နားလည်လွယ်အောင် ပြောပြရရင် အစာခြေလမ်းကြောင်း တလျှောက်မှာ လေတွေပြည့်နေတာမျိုးပါ။ အဖြစ်များတာကတော့ အစာအိမ်မှာပါ၊၊ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိ ပါဝင်နေပါတယ်။ လေပွတဲ့အခါ အစာအိမ်က တင်းပြီး ပြည့်နေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာနဲ့အတူ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ နာကျင်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ အစာအိမ်က  တင်းကားနေသလို […]


အသည်းရောဂါများ

အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ

အသည်းရောင် အသားဝါ ဗိုင်းရပ်စ်တွေမှာ A၊ B၊ Cဆိုပြီး အမျိုးမျိုး ရှိပါတယ်။ ဗိုင်းရပ်စ် တစ်မျိုးချင်းစီအလိုက် ရောဂါပြင်းထန်မှုတော့ ကွာခြားနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အသည်းရောင် အသားဝါ စီပိုးနဲ့ပတ်သက်ပြီး ဘာတွေ မှားသိထားလဲ ..... သိထားတဲ့အချက်တွေမှာ ဘယ်အချက်တွေက မှန်လို့ ဘယ်အချက်တွေက မှားနေလဲဆိုတာကို သိရှိနိုင်စေဖို့ တင်ပြပေးလိုက်ပါတယ်။ အသည်းရောင် အသားဝါ စီပိုး ဆိုတာ အသည်းရောင် အသားဝါ စီပိုး ဆိုတာ အသည်းရောင် အသားဝါ ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့အထိ ပြင်းထန်တဲ့ အသည်းရောင် အသားဝါ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ အသည်းရောင်အသားဝါ စီပိုး က ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စမြင်းတုံးကြောင့် အူပိတ်တာကို သက်သာစေဖို့

အစာခြေစနစ် ပြဿနာတွေကတော့ အများကြီးပါ။ အစာမကြေတာ၊ ရင်ပူတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အူပိတ်တာတွေပါ။ ဒီလို အစာခြေစနစ်ပြဿနာတွေကို အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ကုသလို့ ရသလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ အဖြစ်မများပေမယ့် ဖြစ်လာခဲ့ရင် အတော်လေး နေရထိုင်ရ ခက်လှတဲ့ အူပိတ်တာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အူပိတ်တယ် ဆိုတာဘာလဲ ....... အူပိတ်တယ်ဆိုတာက ဖြန့်ကြည့်လိုက်ရင် ၂၅ ပေလောက်ရှိတဲ့ အူလမ်းကြောင်း တလျှောက်က နေရာတစ်ခုခုမှာ စားကြွင်းစားကျန်တွေ ပိတ်ဆို့နေတဲ့ အခြေအနေပါ။ အူသိမ်ပိုင်းမှာ ပိတ်နိုင်သလို အူမကြီးမှာ ပိတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို အူပိတ်တာက ကြာလာတာနဲ့အမျှ စားကြွင်းစားကျန်တွေက နေရာမရွေ့ တည်ရှိနေရင်းက နောက်ဆုံးမှာ တဖြည်းဖြည်းများလာပြီး အူပေါက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ […]


ဝမ်းပျက်ဝမ်းလျှောခြင်း

ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့

ဗိုက်ထဲကနာလို့ ရေအိမ်ပြေးလိုက်တိုင်း ဝမ်းအရည်တွေပဲ သွားနေတယ်။ ဒါကလည်း တစ်နေ့မှာ တစ်ကြိမ်လောက်ပဲ မဟုတ်ဘဲ ခဏခဏ ဖြစ်နေတယ်။ ဒီလို ဝမ်းအရည်တွေ သွားနေတာ ဘာကြောင့်လဲ။ ဒီ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဘာလုပ်ရမလဲဆိုပြီး သိချင်နေတဲ့သူလေးတွေ ရှိလား ...... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ လုပ်ဆောင်လို့ရမယ့် အိမ်တွင်းကုထုံးလေးတွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဝမ်းအရည်တွေ သွားနေရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ။ ဝမ်းအရည်တွေ သွားနေရတဲ့ အကြောင်းအရင်းက အစာ ဓာတ်မတည့်တာ အစာအဆိပ်သင့်တာ စိတ်ဖိစီးနေတာ အစာခြေလမ်းကြောင်း ပိုးဝင်နေတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ ဝမ်းအရည်တွေ သွားနေတာကို သက်သာစေဖို့ဒါလေးတွေ သုံးဆောင်ပေးလို့ ရပါတယ်။ ချင်း (ဂျင်း) ရေနွေးကြမ်း ချင်း (ဂျင်း) က […]


အသည်းရောဂါများ

အသည်း ရောဂါများ အကြောင်း

အသည်း ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ။ ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။ ဒီတစ်ခေါက်တော့ အသည်းလေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘယ်လို တာဝန်တွေ ယူထားလဲဆိုတာနဲ့ အသည်းမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ အသည်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ ........... ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အလုပ်တွေကိုလုပ်နေတာပါ။ သူက ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့သွေးတွေထဲက အဆိပ်အတောက် တွေကို ဖယ်ရှားပေးပြီး စားသုံးလိုက်တဲ့ထဲမှာပါတဲ့ အဆီတွေကို သိမ်းဆည်းထားပေးပါတယ်။ အစာခြေဖို့လိုအပ်တဲ့ သည်းခြေရည်တွေကိုထုတ်ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံးနဲ့ အကြိုးစားဆုံး အင်္ဂါအစိတ်အပိုင်းလေးက […]


အသည်းရောဂါများ

အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ သိထားကြသလဲ

အသည်းအဆီဖုံး တာကအဖြစ်များတဲ့ ရောဂါပါ။ အမျိုးသားရော၊ အမျိုးသမီးပါဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက အဖြစ်များပေမယ့် အများစုက အရေးမကြီးသယောင် ပေါ့ပေါ့ဆဆ နေမိကြပါတယ်။ ဒါက နောင်အခါမှာ ပိုဆိုးတဲ့ အသည်းရောဂါတွေ ဖြစ်လာနိုင်ဖို့ လမ်းစပါပဲ။ အသည်းအဆီဖုံးတယ်ဆိုတာ အသည်းအဆီဖုံး တယ်ဆိုတာ အသည်းမှာ လိုတာထက် ပိုပြီး အဆီတွေ စုနေတာပါ။ ဒီပိုလျှံနေတဲ့ အဆီတွေက အသည်းဆဲလ်တွေကို ရောင်ရမ်းစေပါတယ်။ အသည်းအဆီဖုံးတဲ့အဆင့်မှာ သေချာဂရုမစိုက်ဘူးဆိုရင် အသည်းရောင်တာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ဖြစ်သွားနိုင်ပါတယ်။ အသည်းအဆီဖုံးတာက များသောာအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ နောက်ပိုင်း ပိုဆိုးလာမှသာ ဗိုက်ဖောတာ၊ အသားဝါတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာပါတယ်။ အသည်းအဆီဖုံး တာနဲ့ ပတ်သက်ပြီး ဘာတွေ မှားသိထားကြသလဲ။ Myth: အရက်သောက်တဲ့သူတွေပဲ အသည်းအဆီဖုံး ကြတာပါ။ Fact: လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေကမှာ ပိုတွေ့ရတာပါ။ အရက်သောက်တာအပြင် အဝလွန်တာ၊ အဆီအဆိမ့်နဲ့ […]


အသည်းရောဂါများ

အသည်းရောင်ရောဂါ နဲ့ ပတ်သက်တဲ့ အယူအဆမှားများ

အသည်းရောင်ရောဂါ က အဖြစ်များတဲ့ အသည်းရောဂါတစ်ခုပါ။ အဖြစ်များတဲ့အတွက်  အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားဖို့ လိုပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ဘာတွေ မှားယွင်းပြီး သိထားကြလဲဆိုတာကို စစ်ဆေးကြည့်ရအောင်။ အသည်းရောင်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်း အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသည်းရောင် အသားဝါရောဂါပိုး (အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) အရက်သောက်တာ ဆေးဝါး၊ ဓာတုပစ္စည်းတွေ ခုခံအားက အသည်းဆဲလ်တွေကို မှားယွင်းပြီး ပြန်လည်တိုက်ခိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။ အသည်းရောင်ရောဂါနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အသည်းရောင်ရောဂါတွေ  အကုန်လုံးက ပြင်းထန်ပါတယ်။ အသည်းရောင်ရောဂါ တွေက တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ ဥပမာ အသည်းရောင် အသားဝါအေဆိုရင် အများစုက များများအနားယူ၊ ရေများများသောက်ရုံနဲ့ သက်သာပေမယ့် ဘီတို့ စီတို့ဆိုရင်တော့ နာတာရှည် အသည်းရောင်ရောဂါဖြစ်ပြီး ကုသဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း