အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ အခြေအနေနဲ့ ရာသီဥတုအလိုက် ကျန်းမာရေးကို စောင့်ရှောက်နိုင်မှ ရောဂါကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ နွေပူပူမှာ ဆီးချိုကြောင့် နေရထိုင်ရခက်တာမျိုး မဖြစ်စေဖို့ ဆီးချိုရှိသူတွေ ဘာတွေ စားသင့်လဲဆိုတာကိုပြောပြပါရစေနော်။
သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေတဲ့ အစားအစာတွေ
အဓိကအားဖြင့်တော့သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်စေနိုင်တဲ့ အစားအစာအမျိုးအစား ၄ မျိုးရှိပါတယ်။ ဒါတွေကတော့
ကာဗိုဟိုက်ဒရိတ်က ပရိုတင်းနဲ့ အဆီဓါတ်တွေထက်သွေးတွင်းသကြားဓါတ်ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ ဒီအစားအစာအမျိုးအစားတွေကသွေးတွင်းသကြားဓါတ်ပေါ်မှာ သက်ရောက်မှုကြီးတဲ့ အုပ်စုတွေပေါ့။ အမျှင်ဓါတ်၊ ပရိုတင်းနဲ့ အဆီဓါတ်တို့က အစားစားပြီးချိန်မှာသွေးတွင်းသကြားဓါတ်မြင့်တက်မှုကိုလျှော့ချပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။
ဒီတော့ဘာလုပ်မလဲ။ အစားစားတဲ့အခါသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပြီး ဗိုက်ပြည့်တယ်လို့ခံစားရစေဖို့ ကစီဓါတ်၊ အသားဓါတ် နဲ့ အဆီဓါတ်တို့ကို သမမျှတအောင်စားသုံးရပါမယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ကျန်းမာတဲ့ ကစီဓါတ်ဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓါတ်တွေဖြစ်ဖို့တော့လိုပါမယ်နော်။
ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်
နွေပူပူမှာ ဆီးချိုသမားတွေ ကျန်းမာနေစေဖို့ စားသောက်မှုပုံစံ လိုက်နာသင့်တဲ့ ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန် ကတော့
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓါတ်
ခန္ဓါကိုယ်အတွက် ကစီဓါတ်ကလိုအပ်ပါတယ်။ ဆီးချိုသမားတွေအတွက်လည်း လိုအပ်ပါတယ်။ ဒီတော့သွေးချိုလည်းမတက် ခန္ဓါကိုယ်လည်းကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓါတ်ရရှိအောင် ဘာတွေစားမလဲ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ
အဆီကလည်း စားသုံးပေးသင့်တဲ့အရာတစ်ခုပါ။ ကျန်းမာရေးနဲ့ညီညါတ်တဲ့အဆီဖြစ်ဖို့တော့လိုမှာပါ။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကတော့
- ပင်လယ်ငါးအဆီ
- အခွံမာသီးတွေနဲ့အစေ့အဆန်တွေကနေရတဲ့အဆီဓါတ်
- ထောပတ်သီး
- သံလွင်ဆီစစ်စစ်
- နေကြာဆီ
- စပျစ်သီးစေ့အဆီ တို့စားပေးလို့ရပါတယ်။
အနီရောင်အသား၊ပြုပြင်ထားတဲ့အသားတွေတွေမှာပါတဲ့ အဆီတွေ၊ထောပတ်၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ အခြားအဆီများတဲ့ အစားအစာတွေကို မစားလေကောင်းလေပါနော်။
ဆားတွေအများကြီးစားတာကသွေးတိုးတက်စေနိုင်ပါတယ်။သွေးတိုးတက်တာရဲ့နောက်ဆက်တွဲက နှလုံးရောဂါခံစားရနိုင်ခြေကိုတိုးစေနိုင်သလိုလေဖြတ်နိုင်ခြေကိုလည်းတိုးစေနိုင်ပါတယ်။နွေပူပူမှာရေဓါတ်ဆုံးရှုံးမှုများမှာဆိုတော့ ဆားကိုစားသင့်ပေမယ့် အများကြီးကတော့ မသင့်တော်ပါဘူး။ တစ်နေ့တာမှာ အများဆုံးအနေနဲ့ ဆားကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားပဲစားပေးပါ။ ဟင်းတွေကို အငန်ကဲအောင်မချက်ပါနဲ့။ အငန်ကဲတဲ့ အသင့်စားအစားအစာတွေမစားပါနဲ့။ အသီးခြောက်တွေ၊ ငါးခြောက်၊ ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေ၊ ဆားဘဲဥ၊ အာလူးကြော် လိုမျိုးအငန်ကဲမျာတွေမစားပါနဲ့။ ဘာတွေစားမလဆြိုတော့
- ကြက်ရင်အုံသား
- လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်
- လတ်လတ်ဆတ်ဆတ်အသား
- ပြောင်းဖူးပြုတ် လိုမျိုးအစားအစာတွေစားပေးလို့ရပါတယ်။
သစ်သီးတွေစားပေးပါ
နွေပူပူမှာ ခန္ဓါကိုယ်ရေဓါတ်ပြည့်ပြီးလန်းဆန်းနေစေဖို့နဲ့ ကျန်းမာတဲ့ အမျှင်ဓါတ်ရရှိစေဖို့ သစ်သီးတွေစားပေးလို့ရပါတယ်။ သစ်သီးစားတဲ့အခါရေဓါတ်ပြင် ဗီတာမင် စီ နဲ့ ဗီတာမင်အေတို့ကိုပါရရှိစေမှာဆိုတော့ ခန္ဓါကိုယ်ကျန်းမာဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဘာသစ်သီးတွေစားလို့ရမလဲဆိုတော့
- ဖရဲသီး
- စတော်ဘယ်ရီ
- ဘလူးဘယ်ရီ
- သခွားမွှေး
- သခွားသီး
- မက်မွန်သီး
- ပန်းသီး
- ပန်းသစ်တော်သီး
- သစ်တော်သီး
- သင်္ဘောသီး
- ခရမ်းချဉ်သီး တို့စားသုံးပေးလို့ရပါတယ်။ သစ်သီးတေါကရေဓါတ်နဲ့အမျှင်ဓါတ်အပြင် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အချိုဓါတ်ကိုပါဖြည့်တင်းစေနိုင်ပါသေးတယ်။ သဘာဝအချိုဆိုတော့သွေးချိုတက်မှာလည်း ပူစရာမလိုတော့ဘူးပေါ့။
အနီရောင်အသားနဲ့ပြုပြင်ထားတဲ့အသားတွေလျှော့စားပါ
ကစီဓါတ်နည်းနည်းပဲစားရတဲ့အခါ ခန္ဓါကိုယ်ကျန်းမာအောင်ဆိုပြီး ပရိုတင်းဓါတ်ကိုအများကြီးစားမိနိုင်ပါတယ်။မြင်သာအောင်ပြောပြရရင် ထမင်းလျှော့စားလိုက်ပြီး အသားတွေပိုစားတာမျိုးပါ။ တကယ်တော့ ဒီအယူအဆကလွဲနေပါတယ်နော်။ အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေက နှလုံးရောဂါနဲ့ကင်ဆာဝေဒနာေတွကိုဖြစ်စေနိုင်ပါတယ်နော်။ထမင်းလျှော့စားရတာကြောင့် ခန္ဓါကိုယ်မှာ အာဟာရမပြည့်မှာစိုးရင် အနီရောင် အသားနဲ့ပြုပြင်ထားတဲ့ အသားတွေအစား ဒါလေးတွေပိုစားပေးပါ။
- ပဲအမျိုးမျိုး
- ဥအမျိုးမျိုး
- ငါး
- ကြက်သား
- ကြက်ဆင်သား
- ဆားမပါတဲ့ အခွံမာသီးလှော်တွေ
- ဆယ်လ်မွန်ငါး
- မက်ကာရယ်ငါးတို့ စားပေးပါနော်။
အချိုကဲတာတွေ မစားပါနဲ့
ဒါတွေအပြင်နောက်ထပ်ဂရုစိုက်ရမှာက အချိုများတဲ့အစားအစာတွေမစားဖို့ပါ။ အချိုကလုံးဝမစားဖို့မဟုတ်ပေမယ့် အချိုကဲတာတွေမစားသင့်ပါဘူး။ အချိုရည်တွေမသောက်သင့်ပါဘူးနော်။ အားဖြည့်အချိုရည်တွေလည်းမသောက်သင့်ပါဘူးနော်။ ဒါဆိုဘာတွေသောက်ရမလဲ။ ဒါလေးတွေသောက်ပေးလို့ရပါတယ်နော်။
- သဘာဝသစ်သီးစစ်ကိုဖျော်ထားတဲ့ဖျော်ရည်
- သကြားမပါတဲ့နို့
- အုန်းစိမ်းရည်
- အချိုမပါတဲ့ လက်ဖက်ရည်
- အချိုမပါတဲ့ကော်ဖီ
- ရေနွေးကြမ်းတို့သောက်ပေးလို့ရပါတယ်။
ဒါတွေအပြင် ဂရုစိုက်ပေးရမှာကရေပြည့်ပြည့်ဝဝသောက်ပေးဖို့နဲ့ သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ပါ။ ဆီးချိုရှိလည်း စိတ်မပူပါနဲ့။ အခုပြောခဲ့တဲ့အတိုင်း အာဟာရပြည့်အောင်စားသုံးလို့ ဆီးချိုရှိသူတွေ အနေနဲ့ နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။