brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ

ဆီးချိုရှိသူတွေက ကျန်းမာသူတွေထက် ကိုယ်ခံအား နည်းနေတတ်ပြီး ရောဂါတွေ အလွယ်တကူ ဝင်ရောက်ကူးစက်ခံရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအနေနဲ့ ကိုယ်ခံအား ကောင်းအောင် ဘယ်လို စားသောက်နေထိုင်ရမလဲဆိုတာကို ပြောပြပေးမယ်နော်။

ဆီးချိုရှိသူတွေကို ကိုယ်ခံအား မြှင့်တင်ပေးမယ့် စားစရာတွေ

ဆီးချိုရှိသူတွေ ကိုယ်ခံအား ကောင်းစေဖို့

ဆီးချိုရောဂါ ခံစားနေရသူတွေ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင်

ကုလားပဲ

ကုလားပဲမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် E၊ ဇင့်၊ သံဓာတ်၊ ဆီလီနီယမ်တို့ ပါဝင်နေပါတယ်။ ဇင့်က နှလုံးကျန်းမာစေသလို သွေးတွင်းသကြားဓာတ် မြင့်တက်တာကြောင့် နှလုံး ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

အမျှင်ဓာတ် ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေသလို သွေးတွင်းသ​ကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ပင်လယ်ငါး

ပင်လယ်ငါးတွေ ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကာရယ်စတာတွေက omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေပါတယ်။ omega-3 fatty acids က ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။ သွေးဖြူဥဆဲလ်တွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆီးချိုရှိသူတွေ အနေနဲ့ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် တစ်ပတ်ကို တစ်ကြိမ်လောက် ပင်လယ်ငါး စားပေးဖို့ လိုပါမယ်။

မုန်လာဥနီ

မုန်လာဥနီမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မုန်လာဥနီက ကိုယ်ခံအားကိုတင် အားဖြည့်ပေးတာလားဆိုတော့ မဟုတ်ပါဘူး ဆီးချိုကြောင့် အမြင်အာရုံ ထိခိုက်တာကိုပါ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ကိုယ်ခံအား ကောင်းစေပြီး ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ သွေးတွင်း သကြားဓာတ် မြင့်တက်စေတာမျိုး မရှိတဲ့ အဆာပြေ စားစရာလေးတစ်မျိုးပါ။

သစ်ကြားသီး 

သစ်ကြားသီးမှာ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေပါတယ်။ နောက်တစ်ချက်က ဗီတာမင် E က ကိုယ်ခံအားကိုတင် အားဖြည့်ပေးတာ မဟုတ်ဘဲ သွေးတွင်း သကြားဓာတ်ကိုပါ ထိန်းညှိပေးပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ဦးနှောက် ကျန်းမာစေပြီး သိမြင်မှုစွမ်းရည် ကောင်းမွန်စေသလို အစားစားချင်စိတ်ကို ဖြစ်ပေါ်စေပြီး နှလုံး ကျန်းမာစေပါသေးတယ်။

ငရုတ်ပွ

ငရုတ်ပွမှာ ဗီတာမင် C ကြွယ်ဝမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားပေးပြီး သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးနိုင်ပါတယ်။ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့ အားဖြည့်ပေး ပါသေးတယ်။

ကော်လာဂျင် ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ဆီးချိုကြောင့် ဖြစ်တဲ့ အရေပြား ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

ပဲနီလေး

ဇင့်ဓာတ် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ခဏခဏစားချင်တာမျိုး မဖြစ်စေဖို့ ထိန်းချုပ်ပေးပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်း ကင်းစေပါတယ်။

အကျိုးပြု ဘက်တီးရီးယား အာဟာရပါဝင်တာကြောင့် အူတွင်းက အကျိုးပြု ဘက်တီးရီးယားတွေကို ကျန်းမာစေပါတယ်။ အာဟာရ ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးပြီး ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/07/2022 ဖြစ်ပါသည်။