brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း ဖြစ်စဉ်

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း

သင့်အနေနဲ့ ဆီးချိုရောဂါအတွက် အင်ဆူလင်သုံးစွဲနေပေမယ့် မနက်ပိုင်းမှာ သကြားဓါတ်ဟာ များနေပါသလား။ ဆရာဝန်များဟာ ဒီကိစ္စရဲ့ အကြောင်းရင်း ၂ချက်ကို ပြောပြတတ်ပါတယ်။

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်း ဖြစ်စဉ်

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်းဖြစ်စဉ် (Dawn Phenomenon)

ဒါဟာအိပ်ပျော်နေစဉ် သဘာ၀ ကိုယ်တွင်းပြောင်းလဲမှုများရဲ့ ပေါင်းစပ်မှုကြောင့် ဖြစ်ရခြင်းပါပဲ။ မနက် ၃နာရီနဲ့ ၈နာရီကြားမှာ အင်ဆူလင်ကိုဆန့်ကျင်တဲ့ တချို့ဟော်မုန်းတွေ ထွက်လာတတ်ပါတယ်။ သူတို့ဟာ ကိုယ်ခန္ဓါစနစ်ထဲ ဝင်ရောက်သွားပြီးချိန်မှာတော့ ညဖက်မှာသုံးခဲ့တဲ့ အင်ဆူလင်ကို ပျက်ပြယ်စေပြီး သကြားဓါတ်ကို တက်လာစေပါတယ်။

Somogyiသက်ရောက်မှု

ဒီအကြောင်းကို ပထမဆုံးရေးသားခဲ့တဲ့ ဆရာဝန်အမည်ပေးထားခြင်းဖြစ်ပြီး တန်ပြန်ဂလူးကို့စ်ဓါတ်များခြင်းလို့လည်းေ ခါ်ပါတယ်။ မနက်ပိုင်းမှာ သကြားဓါတ်များနေရခြင်းဟာ သကြားဓါတ် ကျဆင်းခြင်းနောက်ပိုင်းမှာဆက်လက်ဖြစ်ပေါ်တဲ့ အခြေအနေပါ။ ညလယ်ခေါင်မှာ သကြားဓါတ်ဟာ ထိုးကျကောင်းကျနိုင်ပါတယ်။ ဒီအခြေအနေကို တန်ပြန်ဖို့ ကိုယ်ခန္ဓါဟာ ဟော်မုန်းတွေကိုထုတ်ပါတယ်။ အင်ဆူလင်ထုတ်တာများပြီး ညအိပ်ရာဝင်ချိန် အစာသိပ်မရှိတဲ့အခါ ဒီသက်ရောက်မှု ဖြစ်ပေါ်ပါတယ်။ မနက်ပိုင်း ဆီးချိုတက်ရခြင်းအကြောင်းကိုသိနိုင်ဖို့ ဆရာဝန်က သင့်ကိုမနက် ၂နာရီနဲ့ ၃နာရီကြား ညစဉ်လိုလို သွေးစစ်ဖို့ ပြောပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ဆီးချိုကျနေမယ်ဆိုရင် Somogyiသက်ရောက်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန် ဒါမှမဟုတ် မြင့်တက်နေမယ်ဆိုရင် Dawn phenomenon ကြောင့်လို့ ယူဆနိုင်ပါတယ်။

နံနက်ပိုင်းတွင် သွေးတွင်းသကြားဓါတ် မြင့်တက်ခြင်းဖြစ်စဉ် (Dawn Phenomenon) ဆိုတာဘာလဲ

မနက်ခင်းတိုင်းအများအားဖြင့် ၂ နာရီနဲ့ ၆ နာရီကြား ဂလူးကို့စ်ဓါတ်ဟာ ၁၀ ကနေ ၂၀ယူနစ်အထိ မြင့်တက်တဲ့ အခြေအနေကိုခေါ်ပါတယ်။ အမျိုးအစား (၂) ဆီးချိုမှာလည်း ဖြစ်နိုင်ပေမယ့် အမျိုးအစား (၁) မှာ ဖြစ်တာပိုများပါတယ်။

Dawn phenomenon နဲ့ အမျိုးအစား (၂) ဆီးချိုရောဂါ

သင့်ရဲ့ခန္ဓါကိုယ်ဟာ သင်အိပ်နေချိန်မှာ သဘာဝအပြောင်းအလဲတွေ လုပ်ဆောင်ပါတယ်။ တချို့ဟော်မုန်းတွေကို မြင့်တက်လာစေပါတယ်။ အင်ဆူလင်ကို ဆန့်ကျင်တဲ့ ဟော်မုန်းတွေ မြင့်တက်လာပြီးတဲ့အခါ ဂလူးကို့စ်ဓါတ်ကို သဘာဝအလျောက် ကျဆင်းစေခြင်းမှ တားဆီးလိုက်ပါတယ်။ သုတေသီတချို့ဟာ ဒီဟော်မုန်းတွေထွက်လို့ ဆီးချိုတက်ရတယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် မနက်ပိုင်းမှာ ဆီးချိုတက်ရတာ တခြားအကြောင်းတွေကြောင့်လည်း ရှိပါသေးတယ်။ ဆီးချိုကို ဂရုမစိုက်ရင်လည်း ပုံမှန်ထက် မြင့်နေနိုင်ပါတယ်။ အင်ဆူလင် မလုံလောက်တာ၊ ဆေးအချိန်အဆ မမှန်တာ၊ ညအိပ်ချိန်မှာ ကစီဓါတ်များတာတွေစားတာဟာ အိပ်နေစဉ်မှာဂလူးကို့စ်ကို မြင့်တက်စေပါတယ်။

(Dawn phenomenon) ကို ကုသခြင်း

သင့်ရဲ့ ဂလူးကို့အတိုင်းအတာကို မှတ်ထားရမယ့်အပြင် ဘာစားတယ်၊ ဘယ်အချိန်မှာဆေးသောက်တယ်၊ ဘယ်အချိန်မှာ အင်ဆူလင်ထိုးတယ်ဆိုတာ မှတ်ထားဖို့ ဆရာဝန်က သင့်ကိုပြောပါလိမ့်မယ်။ ညဘက်တွေထခိုင်းပြီး ၂နာရီနဲ့ ၃နာရီကြား ညပေါင်းများစွာ ဆီးချိုစစ်ရပါလိမ့်မယ်။ ဒါမှသာဆီးချိုတက်နေရခြင်းဟာ သဘာဝအပြောင်းအလဲကြောင့်လား၊ တခြားအကြောင်းလားဆိုတာသိနိုင်ပါလိမ့်မယ်။

ဒီအချက်အလက်တွေကိုသုံးပြီး သင့်ရဲ့ ဆေးဝါး၊ အင်ဆူလင် ပမာဏကိုချိန်ဆတာ၊ ဆေးပြောင်းပေးတာ၊ အင်ဆူလင်ထိုးတာစတာတွေ လုပ်ဆောင်ပြီး မနက်စောစောပိုင်းတွေမှာ အင်ဆူလင်ဓါတ်အပိုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Kyaw Thura Htun · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။