backup og meta

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ခေတ်စနစ်တွေတိုးတက်လာနေသလို ရောဂါဖြစ်ပွားမှုနှုန်းတွေကလည်း အဆက်မပြတ် တိုးလာနေပါတယ်။လေ့လာမှု စစ်တမ်းတွေအရ ကမ္ဘာတလွှားမှာ ဆီးချိုဝေဒနာ ခံစားနေရသူအရေအတွက်က သိသိသာသာကိုမြင့်တက်လာနေပါတယ်။ ဆီးချိုဝေဒနာက မျိုးဗီဇဖွဲ့စည်းမှု၊ မျိုးရိုးလိုက်တာ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ကအကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက လူတစ်ဦးချင်းစီနဲ့ ခံစားနေရတဲ့ ဆီးချိုအမျိုးအစားပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အခုတစ်ခေါက် ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ လက္ခဏာများ

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း တွေကို သေချာလေး လေ့လာကြည့်ရအောင်နော်။

အမျိုးအစား – ၁ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်အတွက် အင်ဆူလင် ထုတ်ပေးတဲ့ ပန်ကရိယဆဲလ်တွေကို ဖျက်ဆီးလိုက်တဲ့ အချိန်မှာ အမျိုးအစား – ၁ ဆီးချိုရောဂါဖြစ်လာရတာပါ။ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကို လုံလောက်အောင်မထုတ်နိုင်တဲ့အခြေအနေကြောင့် အမျိုးအစား – ၁ ဆီးချိုရောဂါစဖြစ်လာပါတယ်။

ခန္ဓါကိုယ်က အင်ဆူလင်မထုတ်နိုင်တော့တဲ့ အခြေအနေပါ။ အမျိုးအစား – ၁ ဆီးချိုရောဂါက အသက် ၄၀ မတိုင်ခင်မှာဖြစ်တာများပါတယ်။ ဆယ်ကျော်သက်အရွယ်မှာဖြစ်တာမျိုးလည်းရှိပါတယ်။ ဆီးချိုဝေဒနာရှင် အများစုရဲ့ ၁၀ ရာခိုင်နှုန်းက အမျိုးအစား – ၁ ဆီးချိုရောဂါရှင်တွေပါ။ အမျိုးအစား – ၁ ဆီးချိုဝေဒနာသည်တွေက အင်ဆူလင်ထိုးဖို့လိုအပ်မှာဖြစ်ပါတယ်။

အမျိုးအစား -၁ ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းတွေက –

  • ရောဂါပိုး ဒါမှမဟုတ် ဘက်တီးရီးယားပိုးကူးစက်ခံရတာ
  • အစားအသောက်တွေထဲမှာပါတဲ့ ဓါတုဆေးဝါးတွေ
  • မျိုးရိုးလိုက်တာ

အမျိုးအစား – ၂ ဆီးချိုရောဂါဘာကြောင့်ဖြစ်ရတာလဲ

အမျိုးအစား -၂ ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ မိသားစုဝင်တစ်ဦးဦးမှာ အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်ဖူးတာကြောင့်ရောဂါခံစားရတာများပါတယ်။

မျိုးရိုးရှိတာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်ရတာကအများဆုံးပါ။

အမျိုးအစား -၂ ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့-

  • အဝလွန်တာ
  • အထိုင်များတာ
  • အသက်အရွယ်ကြီးရင့်လာတာ
  • စားသောက်မှုပုံစံမမှန်တာ
  • ကိုယ်ဝန်ဆောင်တာ၊ နာမကျန်းဖြစ်တာ
  • သွေးတိုးရှိတာ
  • သွေးတွင်းကိုလက်စထရောများတာတွေကလည်း အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချို ဘာကြောင့်ဖြစ်ရတာလဲ

ကိုယ်ဝန်ဆောင် ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်ဖူးတဲ့ မျိုးရိုးရှိနေတာ
  • အဝလွန်နေတာ
  • မျိုးဥအိမ်မှာ အလုံးအကျိတ်လေးတွေအများကြီးဖြစ်နေတာ
  • သန္ဓေသားရဲ့ ကိုယ်အလေးချိန်က ၉ပေါင်ကျော်နေတာတွေကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။

ဆီးချိုရောဂါ အကြိုလက္ခဏာတွေက

အမျိုးအစား – ၂ ဆီးချိုရောဂါခံစားနေရသူတွေမှာ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။သွေးတွင်း သကြားဓါတ်က ပုံမှန်ထက်မြင့်တက်နေပြီး ဆီးချို ဖြစ်နေပြီလို့ ပြောရလောက်တဲ့အထိ မြင့်တက်နေတာမျိုး မဟုတ်တာ။ ခန္ဓာကိုယ်က ဆဲလ်တွေက အင်ဆူလင်ကို ခုခံနိုင်စွမ်းများလာတာ။

လေ့လာမှုတွေအရ ဆီးချိုရောဂါ အကြိုလက္ခဏာ အဆင့်မှာ သွေးကြောစနစ်တွေ ထိခိုက်ပျက်စီးတာနဲ့ နှလုံးထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

အမျိုးအစား – ၁ ဆီးချိုရောဂါ နဲ့ အမျိုးအစား – ၂ ဆီးချိုရောဂါလက္ခဏာတွေက –

  • ဆီးခဏခဏသွားတာ
  • ရေအရမ်းငတ်တာ
  • ကိုယ်အလေးချိန်ကျလာတာ
  • ခဏခဏဆာတာ
  • ခြေကုန်လက်ပန်းကျတာ
  • အရေပြားပြဿာနာတွေခံစားရတာ
  • အနာကျက်နှေးတာ
  • မှိုပိုးကူးစက်တာ
  • ခြေဖျားလက်ဖျားတွေ ထုံကျဉ်တာ

ဆီးချို ရောဂါ အကြိုလက္ခဏာ ဒါမှမဟုတ် ဆီးချို ဖြစ်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ သံသယ ရှိတယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူဖို့လိုအပ်မှာဖြစ်ပါတယ်။

ဆီးချိုဖြစ်ရတဲ့အကြောင်းအရင်း နဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာတွေကို သေသေချာချာ သိရှိသွားပြီ ဆိုတော့ သေချာလေး ကာကွယ်လိုက်တော့နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicinenet.com/diabetes_mellitus/article.htm#what_is_diabetes

https://www.diabetes.co.uk/diabetes-causes.html

https://www.medicalnewstoday.com/info/diabetes

ယခုပုံစံ

04/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာကွယ်ဆေး နဲ့ ဆီးချို

ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းဗိုက်ပြဿနာ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 04/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ