ဆီးချိုရောဂါသည်တွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြသနာတွေ ရှိနိုင်မှု မြင့်မားတယ်လို့ ပြောထားပေမယ့် ၂၀၁၀ လေ့လာမှုအရ ဆီးချိုရောဂါသည် အမျိုးသား ၅၀ % နှင့် အမျိုးသမီး ၁၉ % သာ ဆရာဝန်ဆီမှာ ထုတ်ဖော်ပြောကြတယ်လို့ တွေ့ရပါတယ်။
ဆီးချိုရောဂါသည်တွေမှာ လိင်ဆက်ဆံမှုဆိုင်ရာ ပြသနာတွေ ရှိနိုင်မှု မြင့်မားတယ်လို့ ပြောထားပေမယ့် ၂၀၁၀ လေ့လာမှုအရ ဆီးချိုရောဂါသည် အမျိုးသား ၅၀ % နှင့် အမျိုးသမီး ၁၉ % သာ ဆရာဝန်ဆီမှာ ထုတ်ဖော်ပြောကြတယ်လို့ တွေ့ရပါတယ်။

ဒါကဘာဖြစ်လို့လဲဆိုလျှင် ဆီးချိုကြောင့် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနှင့် နှလုံးထိခိုက်မှုတွေကို ထိန်းချုပ်နိုင်မှုမရှိတာသော်လည်းကောင်း၊ ဆီးချိုကြောင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေးကို ဘယ်လိုထိခိုက်တယ်ဆိုတာကို လုံး၀ မကြားမိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လူနာတွေက ဆရာဝန်နဲ့ ပြတဲ့အခါမှာ မိမိမှာ ဖြစ်နေတာတွေ လိင်ပိုင်းဆိုင်ရာ စွမ်းရည်တွေအပါအဝင် အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောပြဖို့ အလွန်အရေးကြီးပါတယ်။
အမျိုးသားနှင့် အမျိုးသမီးတွေမှာ လိင်စိတ်ကျဆင်းရခြင်းက ဆီးချိုကို ကောင်းစွာ မထိန်းချုပ်နိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။
အမျိုးသားတွေမှာ ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ ပြသနာတစ်ရပ်ကတော့ လိင်တံထောင်မတ်မှု မပြုနိုင်ခြင်းဖြစ်ပါတယ်။ ဆီးချိုကြောင့် အမျိုးသားတွေမှာ လိင်တံထောင်မတ်နိုင်မှုမရှိနိုင်ခြင်းဟာ ပျမ်းမျှအားဖြင့် ၂၀ % ကနေ ၇၅ % ထိဖြစ်နိုင်ပါတယ်။ ဆီးချိုမရှိတဲ့လူတွေနှင့် ယှဉ်လျှင် ဆီးချိုသမား အမျိုးသမားတွေမှာ လိင်တံမထောင်မတ်နိုင်ခြင်းက ၂ ဆ မှ ၃ ဆ လောက်ထိဖြစ်နိုင်ပါတယ်။
ဆီးချိုရောဂါသည် အမျိုးသားတွေမှာ သုက်လွှတ်တဲ့အခါ လိင်တံမှ ထွက်မလာပဲ အနောက်သို့ ပြန်ကာ ဆီးအိမ်တွင်း သုက်လွှတ်ခြင်းနှင့် ကြုံရနိုင်ပါတယ်။ ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းက အတွင်း ကြွက်သားတစ်မျိုးဖြစ်တဲ့ sphincter က ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။
ဒီလိုနောက်ပြန်သုက်လွှတ်ခြင်းမှာ သုက်တွေက ဆီးအိမ်အတွင်းရောက်ပြီး ဆီးသွားတဲ့အခါမှာ ဆီးအိမ်ကို ဘာဒုက္ခမှ မပေးပဲ ခန္ဓာကိုယ်ပြင်ပသို့ ဆီးနဲ့ အတူပါသွားပါတယ်။
ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ အာရုံကြော သို့မဟုတ် သွေးကြောထိခိုက်မှုတွေကြောင့် သွေးထွက်ခြင်း ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက သွေးတွေကို မိန်းမကိုယ်နှင့် မိန်းမအင်္ဂါအစေ့ကို ရောက်ရှိနိုင်ဖို့ ခက်ခဲစေပါတယ်။
အမျိုးသမီးတွေမှာ ဆီးချိုကြောင့် လိင်ပြဿနာတွေ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ လိင်အင်္ဂါနှင့် မိန်းမကိုယ်တစ်ရှူးတွေစီ သွေးမရောက်နိုင်စေတဲ့ အာရုံကြော ထိခိုက်မှုတွေ နှင့် ဟော်မုန်းပြောင်းလဲခြင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။
ဆန္ဒပြည့်ဝမှု (ပြီးမြောက်မှု) ဆိုတာကတော့ လိင်ဆက်ဆံခြင်းရဲ့ ဆုလာဘ်တစ်ခုဖြစ်သော်လည်း ဆီးချိုသမားတွေ အတွက်ကတော့ အောင်မြင်မှုမရရှိသလို ခံစားရနိုင်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် နဂိုကတည်းက ဆန္ဒပြည့်ဝမှုရဖို့ မလွယ်တာကြောင့် ဆီးချိုရှိလျှင် ပိုမို ခက်ခဲစေနိုင်ပါတယ်။
ဆီးချိုက ဒီလိုဖြစ်စေတဲ့ အထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ အမျိုးသားတွေက ဆန္ဒမြန်မြန်ပြည့်ဝနိုင်တာကြောင့် ဆက်လက်မဆောင်ရွက်နိုင်တော့တဲ့ အခါမှာ အလွန်စိတ်ညစ်စေရနိုင်ပါတယ်။ အမျိုးသမီးတွေမှာလို အမျိုးသားတွေရဲ့ အာရုံကြော၊ သွေးကြောတွေ ထိခိုက်မှုရှိတာကြောင့် သွေးရောက်ရှိမှု ပြတ်လတ်တာကြောင့် ဆန္ဒပြည့်ရန်ခက်ခဲစေပါတယ်။
လိင်ဆက်ဆံခြင်းဆိုတာက သင်နှင့် သင့်အဖော်ကို ပျော်ရွှင်မှုနဲ့ ကျေနပ်မှုတွေ ပေးဆောင်ရမှာပါ။ ဘယ်လိုနာကျင်မှုမျိုးမဆို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင် ရှက်နေရင်တောင်မှ ဒီလိုလိင်ဆက်ဆံစဉ်နာကျင်မှုမျိုးကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆီးချိုရောဂါသည် အမျိုးသားတွေမှာ Peyronie’s disease လို့ခေါ်တဲ့ လိင်တံအတွင်း ထောင်မတ်ခြင်း ကွေးကောက်မှုနှင့် နာကျင်မှုကိုဖြစ်စေတဲ့ တစ်ရှူးအမာရွတ်ဖြစ်စေတဲ့ ရောဂါဖြစ်ဖို့ ဖြစ်နိုင်ချေ အလွန်မြင့်မားပါတယ်။ လိင်တံတွေက ပုံစံအမျိုးမျိုးဖြစ်နိုင်ပြီး အနည်းငယ်ကွေးညွတ်ခြင်းက ပြသနာမဟုတ်ပါဘူး။ peyronie’s disease မှာတော့ လိင်တံ ကွေးကောက်နေခြင်းက လိင်ဆက်ဆံမှုနှင့် လိင်တံတောင်မတ်ခြင်းကို နာကျင်စေပါတယ်။
မိန်းမကိုယ်ခြောက်သွေ့ခြင်းကလည်း ဆီးချိုရောဂါသည် အမျိုးသမီးတွေမှာ လိင်ဆက်ဆံစဉ်အတွင်းနာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါခြောက်သွေ့ခြင်းဟာ estrogen ကုထုံးကြောင့်ပဲဖြစ်ဖြစ် သွေးဆုံးခြင်း၏ဆိုးကျိုး သို့ တရားဝင်ဝယ်သုံးတဲ့ ချောဆီတွေကြောင့်လဲဖြစ်နိုင်ပါတယ်။ ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ လိင်ဆက်ဆံမှုကို နာကျင်စေတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် မိန်းမကိုယ်မှိုပိုးဝင်ခြင်းတွေဖြစ်ဖို့ အလားအလာပိုရှိပါတယ်။
စိတ်ကျေနပ်စရာမကောင်းတဲ့ လိင်ဆက်ဆံမှုမျိုးတွေ ဘဝမှာ ကြုံနေရပြီလား? ဆေးကုသမှုတွေရှာဖွေထားပြီးဆိုလျှင် သင်ဟာ ဒီတိုက်ပွဲကို တစ်ဝက်လောက်ထိ တိုက်ပြီးနေပြီလို့သာ မှတ်ထားလိုက်ပါ။
လိင်စွမ်းရည်ကျဆင်းခြင်း အခြေအနေအတိုင်းအတာပေါ်မူတည်ပြီး သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းချုပ်ထားခြင်းဖြင့် တိုးတက်မှုတွေရှိလာနိုင်ပြီး ထိခိုက်မှုတွေကို ကာကွယ်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။