ဆီးချိုကိုပြုစုကုသပေးတဲ့ကျန်းမာရေးကျွမ်းကျင်သူတွေအများကြီးရှိပါတယ်။ တော်တော်များများကတော့သူတို့ရဲ့ပင်တိုင်ဆရာဝန်နဲ့ပဲ ပြုစုကုသ စောင့်ကြည့်ကြပေမယ့် တချို့ကတော့ ဆရာဝန်များစွာဆီမှာ သူတို့အခြေအနေကို စောင့်ကြည့်စေပါတယ်။ သင်ဟာဆီးချိုကိုစဖြစ်နေပြီ၊လကဏာတွေခံစားနေရပြီဆိုရင် သင့်ရဲ့ဆရာဝန်ကို စစ်ဆေးမှုတွေလုပ်ဖို့ပြောပါ။ အောက်မှာပြောပြသွားမှာကတော့ကွဲပြားခြားနားတဲ့ဆရာဝန်တွေ ကျွမ်းကျင်သူတွေက ဆီးချိုကို ဘယ်လိုပြုစုကုသနိုင်လဲ ဆိုတာပါပဲ။

သင်အသက်ကြီးလာတာနဲ့အမျှ သင့်ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ခြင်းက သင့်ဆီးချိုကို စောင့်ကြည့်နိုင်ပါတယ်။ သင့်ရဲ့ ရောဂါလကဏာတွေအပေါ် မူတည်ပြီးသင့်ဆရာဝန်က သင့်ကိုဆီးစစ်ခြင်း သွေးစစ်ခြင်းတွေလုပ်စေနိုင်ပါတယ်။ သင့်မှာဆီးချိုရှိနေပြီဆိုရင်တော့ သင့်ဆရာဝန်က သင့်ကိုကုသမှုတွေပေပြီးသင့်ရဲ့အခြေအနေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားမှာပါ။ သင့်အနေနဲ့အထူးကုဆရာဝန်နဲ့ ပိုပြီးကုသချင်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ပင်တိုင်ဆရာဝန်ကလည်းသင့်ရဲ့ရောဂါအခြေအနေကိုပြုစုကုသတဲ့အထဲမှာ တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။
ဆီးချိုအမျိုးအစား (၁) ကသရက်ရွက်ရဲ့ရောဂါဖြစ်ပြီး အဲဒီသရက်ရွက်က ဟော်မုန်းစနစ်ထဲမှာပါဝင်ပါတယ် ။ ဟော်မုန်းဗေဒဆရာဝန်ဆိုတာကတော့ အဲဒီသရက်ရွက်နဲ့ဆိုင်တဲ့ရောဂါတွေကို အဖြေရှာပြုစုကုသပေးတဲ့ဆရာဝန် ဖြစ်ပါတယ်။ တစ်ခါတစ်လေဆီးချိုအမျိုးအစား (၂)က ထိန်းချုပ်ရခက်နေရင်လည်းဟော်မုန်းဗေဒဆရာဝန်ကိုလိုကောင်းလိုလာပါလိမ့်မယ်။
မျက်စိအတွင်းတိမ်၊ရေတိမ်၊ မျက်ကြည်လွှာထိခိုက်ခြင်းစတဲ့အခြေအနေတွေကဆီးချိုကြောင့်ဖြစ်တာများပါတယ်။ သင့်အနေနဲ့ ဒီလိုဖြစ်နိုင်ခြေရှိတဲ့ ဆိုးရွားတဲ့ ရောဂါတွေ မဖြစ်လာဖို့အတွက် မျက်စိအထူးကုဆရာဝန်ဆီကို မကြာခဏသွားရောက်စစ်ဆေးကုသမှုခံယူသင့်ပါတယ်။
ဆီးချိုရောဂါက သွေးကြောလေးတွေထဲကို သွေးမစီးဆင်းအောင်လုပ်တတ်ပါတယ်။ ဒါက ခြေထောက်ကိုအဓိကထိခိုက်စေတဲ့အတွက်သင်အနေနဲ့ Podiatrist ဆီမှန်မှန်သွားရောက်စစ်ဆေးသင့်ပါတယ်။ ဆီးချိုရှိတဲ့သူတွေကခြစ်ရာရှရာလေးတွေတောင်အနာပြန်ကျက်ဖို့ခဲယဉ်းပါတယ်။Podiatrist ကသင့်ခြေထောက်ကိုအဆိုးဆုံးအခြေအနေဖြစ်တဲ့ပုတ်ပွခြင်း ခြေထောက်ဖြတ်ရခြင်းစတာတွေမဖြစ်အောင်ကာကွယ်ပေးပါလိမ့်မယ်။
တက်တက်ကြွကြွနေခြင်းနဲ့ကိုယ်လ်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက သွေးထဲကသကြားဓါတ်ကိုထိန်းချပ်နိုင်တဲ့အပြင်ကိုယ်အလေးချိန်ကိုလည်းထိန်းထားနိုင်ပါတယ်။ ကျွမ်းကျင်တဲ့နည်းပြတွေဆီကအကူအညီယူခြင်းကလည်းသင့်အတွက်အထောက်အကူဖြစ်စေမှာပါ။
ဆီးချိုကိုထိန်းချုပ်ရာမှာသင့်အစားအသောက်ကလည်းအရေးပါပါတယ်။ သင့်အနေနဲ့ကျန်းမာအောင်ဘာစားရမှန်းမသိရင်အစားအသောက်ကျွမ်းင်သူဆီကအကူအညီယူသင့်ပါတယ်။ သူကသင်အတွက် နေ့စဉ်သင့်တော်တဲ့အစားအသောက်ပုံစံတွေကိုအကြံပေးမှာပါ။
ဘယ်ဆရာဝန်ဆီပဲအရင်ဆုံးသွားပါစေသင့်အနေနဲ့ကြိုတင်ပြင်ဆင်သွားဖို့အရေးကြီးပါတယ်။ ဖုန်းကြိုဆက်ပြီးဘာတွေပြင်ဆင်ခဲ့ရမလဲမေးထားသင့်ပါတယ်။ သင့်ရဲ့ရောဂါလကဏာတွေနဲ့ သက်သောက်နေတဲ့ဆေးတွေကိုရေးမှတ်သွားပြီး မေးစရာရှိတာတွေကိုလည်းကြိုပြီးရေးမှတ်သွားပါ။ အောက်မှာကနမူနာမေးခွန်းတွေပါ။