backup og meta

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

ဆီးချိုရှိသူအများစုဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှာစိုးလို့ဆိုပြီး သစ်သီးတော်တော်များများကိုမစားဖို့ ဆရာဝန်တွေကညွှန်ကြားတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အသီးတိုင်းကိုမစားရတာလားဆိုတော့ မဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် စားလို့ရတဲ့ သစ်သီးရှိပါတယ်။ ဒီအသီးလေးက သွေးချိုမတက်စေတဲ့အပြင် ကျန်းမာရေးကိုတောင် အထောက်အကူပြုပေးနိုင်ပါသေးတယ်။

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

ဆီးချိုသမားတွေကို သွေးတွင်းသကြားဓာတ်ထိန်းညှိပေးပြီး နှလုံးရောဂါ နဲ့ အဝလွန်တာလိုမျိုး ရောဂါတွေကို ပါသက်သာစေနိုင်တဲ့ သလဲသီးလေးပါ။ အမျိုးအစား – ၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အပြင်ခွံက အဝါရောင်ခပ်ဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်စိုစိုလေးရှိပြီး အထဲမှာ ပန်းရောင်ဒါမှမဟုတ် အနီရောင် အစေ့ငယ်လေးတွေ အကန့်လိုက်ပါဝင်နေပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ သလဲသီးက ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

ဆီးချိုရှိလား သလဲသီးစားပါ

အရသာရှိတဲ့ သလဲသီးလေးက

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

သလဲသီးမှာ အချိုဓာတ်ပါဝင်ပေမယ့် ဒီအချိုဓာတ်နဲ့အတူ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါကပ်လျက်ပါဝင်နေပါတယ်။ သလဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီး ဆဲလ်တွေပျက်စီးမှုမဖြစ် အောင်ကာကွယ်ပေးနိုင်ပါတယ်။ သလဲသီးမှာပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကျဆင်းအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ free radicals တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။

အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုကောင်းစေနိုင်တယ်

သလဲသီးမှာ အမျိုးအစား -၂ ဆီးချိုရောဂါကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်တဲ့ tannin နဲ့ gallic acid တို့လိုမျိုး အပင်ကနေရတဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေပြီး အင်ဆူလင်ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပါတယ်။ ဆီးချိုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေနဲ့ အဝလွန်တာကိုပါ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ သလဲသီး အနီရောင်က အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်

သလဲသီးကိုပုံမှန်စားသုံးပေးမှုက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကို ကြွယ်ဝစွာရရှိစေပြီး သွေးကြောတွေတောင့်တင်းမာကျောတာကိုကာကွယ်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်စွမ်းလည်း ရှိတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲအနေနဲ့ နှလုံးထိခိုက်တာတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။

Free Radicals ကြောင့်ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်

ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ သလဲသီးလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုနဲ့အတူ ခန္ဓာကိုယ်မှာ free radical တွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ချေဖျက်မှု ကို နှေးစေပြီး ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ အနာကျက်စေနိုင်သလို အရေပြားကို ပိုးဝင်ကူးစက်တာတွေကနေလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူတွေအနေနဲ့ တစ်နေ့ကို သလဲသီးတစ်လုံး စားပေးလို့ရပါတယ်။ ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်လို့ရပါ တယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Why Are Pomegranates Good For Diabetics? 4 Reasons www.curejoy.com/content/are-pomegranates-good-for-diabetics/ Accessed Date 21 October 2019

13 Proven Health Benefits Of Pomegranate: All Hail The Ruby Red Seeds https://www.curejoy.com/content/pomegranate-health-benefits/ Accessed Date 21 October 2019

ယခုပုံစံ

05/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေ ဖျားတဲ့အခါ

ဆီးချိုရှိသူတွေအတွက် အကောင်းဆုံးသောအစားအစာတွေက ဘာတွေဖြစ်မလဲ...



Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ