backup og meta

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ကမ္ဘာတလွှားမှာ ဆီးချိုရောဂါ ခံစားနေရသူတွေက တစ်နေ့တခြားပိုပိုတိုးလို့လာနေပါတယ်။ တိုးတက်လာတဲ့လူမှုနေထိုင်မှုပုံစံအစားအသောက်နဲ့ ပတ်ဝန်းကျင်က အကြောင်းအရင်းအမျိုးမျိုးကြောင့်ရော မျိုးရိုးရှိတာကြောင့်ပါ ဆီးချိုရောဂါ ခံစားရတဲ့ အရေအတွက်ဟာ တိုးပွားလို့နေပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့အခါ စားချင်တိုင်း စားမရတာကြောင့် လူဖြစ်ရှုံးတယ်လို့ အများကထင်တတ်ကြပါတယ်။နောက်တစ်ခုက ဆီးချိုဖြစ်ပြီဆိုရင် သက်တမ်းစေ့နေနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ယူဆကြတာပါ။ တကယ်တော့ ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ အနေအထိုင်အစားအသောက်ကိုသေချာဂရုစိုက်မယ်ဆိုရင် သာမန်လူတစ်ယောက်နီးပါး ကျန်းကျန်းမာမာနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် အစစအရာရာကိုတော့ သတိထားဖို့လိုမှာပေါ့။

ဆီးချိုဝေဒနာသည်တွေအတွက် အကောင်းဆုံးသော အစားအစာများ

ဆီးချိုရောဂါ ဆိုတာ

ဆီးချိုရောဂါ ဆိုတာက ခန္ဓါကိုယ်က အင်ဆူလင်ကိုကောင်းကောင်းမထုတ်လုပ်နိုင်တာ၊ကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့်ဖြစ်တဲ့ ပုံမှန်ထက်သွေးတွင်းသကြားမြင့်တက်နေတဲ့ရောဂါတစ်ခုပေါ့။ ပုံမှန်အားဖြင့်တော့ ပန်ကရိယက စားသုံးလိုက်တဲ့အစားအစာထဲက အချိုဓါတ်နဲ့အဆီဓါတ်တွေကိုချေဖျက်ပေးဖို့ အင်ဆူလင်ကိုထုတ်ပေးပါတယ်။ ဆီးချိုဖြစ်တဲ့အခါ ပန်ကရိယက အင်ဆူလင်ကို နည်းနည်းပဲထုတ်ပေးတာ ဒါမှမဟုတ် အင်ဆူလင်ကို လုံးဝမထုတ်ပေးတော့တာမျိုးဖြစ်နိုင်ပါတယ်။နောက်ဖြစ်နိုင်တဲ့အချက်တစ်ချက်က ခန္ဓါကိုယ်က အင်ဆူလင်ကို မတုံ့ပြန်တော့တာမျိုးဖြစ်နိုင်ပါတယ်။ အခုချိန်ထိတော့ ဆီးချိုရောဂါကို ပျောက်ကင်းအောင် ကုသလို့မရသေးပါဘူး။ ဆီးချိုရှိသူဝေဒနာသည်တွေအတွက် ကျန်းကျန်းမာမာနေဖို့ဆိုရင် အနေအထိုင် အစားအသောက်တွေကိုသေချာဂရုစိုက်ဖို့လိုပါမယ်။

ဆီးချိုရောဂါ အမျိုးအစားများ

ဆီးချိုရောဂါ အမျိုးအစား (၂) နဲ့ ဆီးချိုအကြိုလက္ခဏာတွေကို ကြိုတင်ကာကွယ်လို့ရပါတယ်။ အမျိုးအစား (၂) ဆီးချိုနဲ့ ဆီးချိုရောဂါအကြိုလက္ခဏာတွေခံစားရတဲ့အခါသွေးတွင်းသကြားဓါတ်ကိုသေသေချာချာထိန်းညှိနိုင်ဖို့ကတော်တော်လေးအရေးပါပါတယ်။ အရသာရှိတဲ့အစားအသောက်တွေကို လုံးဝမစားရတာမျိုးမဟုတ်ဘဲ အတိုင်းအတာတစ်ခုနဲ့တော့ စားသုံးလို့ရပါတယ်။ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာဖို့ဆိုတဲ့နေရာမှာလည်း ခွန်အားြဖစ်စေဖို့အတွက် ကာဗိုဟိုက်ဒရိတ်ပရိုတင်းနဲ့ အခြားလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်ေတွပြည့်ဝဖို့လိုအပ်ပါမယ်။ အချိုတွေကိုလုံးဝမစားဘဲနေဖို့ မဟုတ်ဘဲ သင့်တင့်တဲ့ ပမာဏတစ်ခုအထိတော့ စားသုံးလို့ရနိုင်ပါတယ်။ ဥပမာ သစ်သီးအချိုလိုမျိုးပေါ့။

နေ့စဉ်မပျက်မကွက်လုပ်သင့်တာကသွေးတွင်းသကြားဓါတ်ကို တိုင်းတာပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာလိုမျိုးတွေကိုတော့ ဂရုတစိုက်လုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒါမှလည်းသွေးချို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲရောဂါတွေကို ကာကွယ်နိုင်မှာပါ။ ဆီးချိုဝေဒနာရှင်တွေအနေနဲ့သွေးတွင်းသကြားဓါတ်ကိုသေချာဂရုမစိုက်ဘူးဆိုရင် ခန္ဓါကိုယ်မှာရှိတဲ့သွေးကြောလေးတွေ တဖြည်ဖြည်းနဲ့ပျက်စီးလာပြီး အချိန်ကြာလာတာနဲ့အမျှခြေလက်တွေက အာရုံခံစားသိရှိမှုနည်းလာတာ၊ အမြင်အာရုံဆုံးရှုံးတာကေျာက်ကပ်ပျက်စီးတာလေဖြတ်တာနှလုံးရောဂါခံစားရတာတွေဖြစ်လာနိုင်ပါတယ်။

ဆီးချိုသမားတွေအတွက် သင့်တော်မယ့် စားသောက်မှုပုံစံက

ခန္ဓါကိုယ်မှာ သင့်တင့်တဲ့ အာဟာရဖြည့်တင်းမှုက မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝဖို့ဆိုရင် ဆီးချိုရှိသူတွေအနေနဲ့ အခုလိုမျိုးစားသုံးပေးပါ။

ကစီဓါတ်

ခန္ဓါကိုယ်က ကစီဓါတ်ကို မဖြစ်မနေလိုအပ်မှာပါ။ ဒါကြောင့်

ဟင်းသီးဟင်းရွက်တွေ

ဟင်းသီးဟင်းရွက်တွေကနေ အမျှင်ဓါတ်နဲ့ အခြားသောဗီတာမင်တွေကို ရရှိနိုင်ပါတယ်။

  • လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကိုရေလုံပြုတ်စားတာ၊ မီးကင်စားတာလိုမျိုးစားသုံးပေးလို့ရပါတယ်။
  • အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်ကြတဲ့ ကိုက်လန်ဆလတ်ရွက်ဟင်းနုနွယ်လိုမျိုး အသီးအရွက်တွေ စားသုံးပေးလို့ရပါတယ်။
  • ဆားပါဝင်မှုနည်းတဲ့ ဒါမှမဟုတ် အငန်ဓါတ်လုံးဝမပါဝင်တဲ့ ဆီသွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးလို့ရပါတယ်။

သစ်သီးတွေ

ဟင်းသီးဟင်းရွက်တွေလိုမျိုး အမျှင်ဓါတ်နဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ရရှိစေနိုင်ပါတယ်။

  • လတ်ဆတ်တဲ့ သစ်သီးတွေ
  • အချိုဓါတ်နည်းတဲ့ ဆီသွတ်ထားတဲ့ သစ်သီးတွေ
  • အချိုမပါတဲ့ သစ်သီးယိုတွေ
  • အချိုမပါတဲ့ သစ်သီးခြောက်တွေ
  • အချိုမပါတဲ့ သဘာဝသစ်သီးဖျော်ရည်တွေကိုစားသုံးလို့ရပါတယ်။

ပရိုတင်း

ဒါကလည်း ခန္ဓါကိုယ်ကျန်းမာသန်စွမ်းဖို့လိုအပ်တဲ့ ဓါတ်တစ်မျိုးပေါ့။ ပရိုတင်းကို အမဲသား၊ ကြက်သား၊ ဝက်သား၊ ငါး၊ ကြက်ဆင်သား၊ ပဲအမျိုးမျိုး၊ ချိစ်ဥအမျိုးမျိုး၊ အခွံမာသီးတွေ နဲ့ ပဲပြားတို့ကနေရရှိနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုသမားတွေအနေနဲ့ကတော့

  • အပင်ကနေရရှိတဲ့ ပရိုတင်း
  • ငါးနဲ့ ပင်လယ်စာတွေကနေရရှိတဲ့ ပရိုတင်း
  • ကြက်သားကနေရရှိတဲ့ ပရိုတင်း (ကြက်သားစားတဲ့အခါ အရေခွံလုံးဝမစားပါနဲ့)
  • ဥအမျိုးမျိုးနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေရရှိတဲ့ ပရိုတင်းတွေက အသင့်တော်ဆုံးပါ။

ဆီ၊ အဆီ နဲ့ အချိုဓါတ်

ဒီဓါတ်တွေက ဆီးချိုသမားတွေနဲ့ သိပ်မသင့်တော်ပေမယ့် ခန္ဓါကိုယ်အတွက်တော့ လိုအပ်ပါတယ်။ ဒါကြောင့် သင်ကဆီးချိုရှိမယ်ဆိုရင်

  • ဟင်းသီးဟင်းရွက်ကနေရတဲ့ အဆီ ( အခွံမာသီး၊ အစေ့အဆန် နဲ့ထောပတ်သီးကနေရရှိတဲ့ အဆီတွေ)
  • ဆယ်လ်မွန်၊ တူနာ နဲ့ မက်ကာရယ်တို့ကနေရရှိတဲ့ Omega-3 fatty acids
  • အပင်ကနေရရှိတဲ့ အဆီ ( စပျစ်သီးစေ့အဆီ၊ သံလွင်ဆီ) တို့စားသုံးပေးလို့ရပါတယ်။

သောက်စရာ

  • ရေ
  • အချိုမပါတဲ့ လက်ဖက်ရည်
  • လီမွန်တီး (အချိုမပါ)
  • ဝိုင်အနည်းငယ်
  • ကော်ဖီကြမ်း တို့ကိုသောက်ပေးလို့ရပါတယ်။ နို့ဆီ၊နို့စိမ်း၊နို့စိမ်း နို့မှုန့်တို့နဲ့ ဆိမ့်နေအောင်ဖျော်ထားတာမျိုးတော့ မသောက်ပါနဲ့။

Whey protein

ဆီးချိုဝေဒနာသည်တွေအတွက် သင့်တော်တဲ့နောက်ထပ် အာဟာရဓါတ်တစ်မျိုးက Whey protein ပါ။ ဒီအာဟာရဓါတ်မှာ L-Cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေသလိုသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အင်ဆူလင်ထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ Whey protein ရဲ့ အားသာချက်က အဆာခံစေပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက် Whey protein ကမေ့ထားလို့ မဖြစ်တဲ့ အာဟာရဓါတ်တစ်ခုပါ။ Whey protein ကို နို့နဲ့ နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပြီး အကျိုးပြုကိုလက်စထရော၊ L-Cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်၊Glutathione လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပြီးဆီးချိုရောဂါသည်တွေအတွက် အင်ဆူလင်ထုတ်လုပ်မှုကို တိုးစေတာ၊ အင်ဆူလင်ကိုအကျိုးရှိစွာ အသုံးချစေနိုင်တာနဲ့ အဆာခံစေနိုင်တာတွေက သူ့ရဲ့အကောင်းဆုံးအားသာချက်တွေဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diabeteshttps://www.mayoclinic.org/diseases-conditions/diabetes/diagnosis-treatment/drc-20371451 Accessed Date 25 September 2018

How to Stabilize Your Blood Sugarhttps://www.everydayhealth.com/type-2-diabetes/living-with/stabilize-blood-sugar-levels/ Accessed Date 25 September 2018

The Diabetes Diethttps://www.helpguide.org/articles/diets/the-diabetes-diet.htm Accessed Date 25 September 2018

Best and Worst Foods for Diabeteshttps://www.webmd.com/diabetes/diabetic-food-list-best-worst-foods#2 Accessed Date 25 September 2018Everything You Should Know About Whey Protein And Diabeteshttps://dlife.com/everything-you-should-know-about-whey-protein-and-diabetes/Accessed Date 25 September 2018Diabetes Health Centerhttps://www.webmd.com/diabetes/default.htm Accessed Date 25 September 2018

ယခုပုံစံ

22/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ချစ်ရတဲ့သူတွေမှာ ဆီးချိုသွေးချိုရောဂါရှိနေရင် ဘယ်လိုဂရုစိုက်ပေးမလဲ

သွေးချိုဆီးချိုသမားတွေမှာ Whey protein က ဘယ်လိုအထောက်အကူဖြစ်နိုင်မလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ