ဆီးချိုဝေဒနာကို ထိန်းချုပ်ဖို့ဆိုတာကတော်ရုံတန်ရုံကိစ္စတော့မဟုတ်ပါဘူး။ ဆီးချိုဝေဒနာသည်တွေအနေနဲ့ဆေးဝါးတွေသောက်သုံးနေရုံသာမက အစားအသောက်သွေးတွင်းသကြားဓါတ်ပမာဏကိုလည်း ဂရုတစိုက်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ချစ်ရတဲ့ သူတစ်ဦးဦးမှာ ဆီးချိုရောဂါရှိနေတယ်ဆိုရင် ဂရုစိုက်ပေးရာမှာ အထောက်အပံ့ပေးနိုင်မယ့် နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ပါတယ်။
၁) ဆီးချိုဝေဒနာအကြောင်းနားလည်အောင်လုပ်ပါ
ဆီးချိုဝေဒနာသည်တွေကိုစောင့်ရှောက်ပေးတဲ့သူတွေအနေနဲ့ ပထမဆုံးသိထားသင့်တဲ့အချက်က ဆီးချိုဝေဒနာခံစားနေရတဲ့ ကိုယ်ချစ်ခင်ရသူမှာမျှော်လင့်မထားတဲ့ အခြေအနေမျိုးတွေ့ကြုံလာရတဲ့အခါ အကူအညီပေးနိုင်စေဖို့ ဆီးချိုဝေဒနာနဲ့ပတ်သက်ပြီး များများသိရှိနိုင်အောင်ကြိုးစားရပါမယ်။ ဒီလိုမျိုးလေ့လာတာက ဆီးချိုဝေဒနာအကြောင်းကိုသိရှိနိုင်ပြီး အရေးပေါ်အခြေအနေတွေနဲ့နောက်ဆက်တွဲဝေဒနာတွေဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကဆရာဝန်ဆီသွားရောက်ပြသတဲ့အခါမှာလည်း အတူလိုက်ပါခွင့်ပြုဖို့ခွင့်တောင်းပါ။
၂) ဆီးချိုရောဂါအကြောင်းဆွေးနွေးပါ
ဆီးချိုဝေဒနာခံစားနေရတဲ့ သင်ချစ်ရတဲ့သူကို သင်ကသူနဲ့အတူရှိနေတယ်ဆိုတာကို သိအောင်ပြောပြပေးပါ။ သူ့ရဲ့ခံစားချက်တွေ၊ အတွေးတွေကို နားထောင်ပေးချင်တယ်ဆိုတာကိုလည်းသိအောင်ပြောပြပေးရပါမယ်။ အချို့သူတွေမှာ သူတို့ဘယ်လိုခံစားနေရလဲဆိုတာကိုပြောပြဖို့ ခက်ခဲတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူ့အတွက် ပြောဖို့ဆိုဖို့သက်တောင့်သက်သာရှိစေမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးသင့်ပါတယ်။ သူတို့ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားဆက်ဆံပါ။
၃) အိမ်မှုကိစ္စအချို့ကို ဝိုင်းကူလူပ်ခွင့်ပေးလိုက်ပါ
သင်ချစ်ရတဲ့သူကို သူ့မှာ နာတာရှည်ဝေဒနာတစ်ခုခုခံစားနေရတာကြောင့် အသုံးမကျတဲ့သူတစ်ယောက်လို့ ခံစားရတာမျိုးမဖြစ်ပါစေနဲ့။ သင်ချစ်ရသူက သူဟာသင့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ရတဲ့သူတစ်ဦး ဘယ်တော့မှမဖြစ်ချင်ဘူးဆိုတာကို သတိရပါ။ သူ့ကိုလည်း သာမန်လူတစ်ယောက်လိုပဲ အိမ်အလုပ်တွေဝိုင်းကူလုပ်ခွင့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သင်ချစ်ခင်ရတဲ့သူအနေနဲ့ သူကအခြားသူတွေအတွက်ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့သူဆိုပြီး စိတ်ဒုက္ခရောက်တာမျိုးရှိမှာမဟုတ်တော့ပါဘူး။
နာမကျန်းဖြစ်မှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အရေးကြီးဆုံးအချက်က အကောင်းမြင်ခြင်းပါ။ အကောင်းမြင်တဲ့စိတ်သဘောထားကရောဂါတွေကို တိုက်ထုတ်နိုင်အောင် အကူအညီပေးပါတယ်။ သင့်ချစ်ခင်ရတဲ့သူကို သူစိတ်ပျော်ရွှင်စေမယ့် လှုပ်ရှားမှုလေးတွေလုပ်ဆောင်ရာမှာ ပါဝင်ခွင့်ပေးတာက အကောင်းမြင်စိတ်တွေဖြစ်ပေါ်နေစေမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ဆောင်မှုတွေကပဲ သူတို့ကို ကျန်းကျန်းမာမာနေနိုင်စေမှာဖြစ်ပါတယ်။ ဒါမှလည်း သူတို့ကဝေဒနာကိုခံစားနေရပေမယ့် ဘဝကိုအဓိပ္ပါယ်ရှိရှိဆက်လက်ဖြတ်သန်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
၅) ကိုယ်ချစ်ခင်ရတဲ့သူကို ပွင့်ပွင့်လင်းလင်းပြောပြပေးနိုင်အောင်ကူညီပါ
ဆီးချိုဝေဒနာက မျိုးပွားစနစ်အပါအဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုဝေဒနာသည် အမျိုးသမီးတွေမှာဆိုရင်မွေးလမ်းကြောင်းနဲ့ဆီးလမ်းကြောင်းပိုးဝင်တာမျိုးတွေဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ ဆီးချိုဝေဒနာက အာရုံကြောထိခိုက်ပျက်စီးတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးအင်္ဂါခြောက်သွေ့ပြီး လိင်ဆက်ဆံတဲ့အခါ နာကျင်တာကိုလည်းဖြစ်စေနိုင်ပါတယ်။ ဆီးချိုဝေဒနာသည် အမျိုးသားတွေမှာဆိုရင် ပန်းသေပန်းညှိုးဝေဒနာခံစားရစေနိုင်ပါတယ်။ တကယ်လို့ ဒီလိုမျိုးဝေဒနာတွေ မဖြစ်ဘူး ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းလာတာမျိုး နာတာရှည်ဝေဒနာတစ်ခုခုခံစားရနိုင်ပါတယ်။ ဒီအနေအထားက လိင်မှုရေး ရာကိစ္စရပ်တွေမှာ စိတ်ပါဝင်စားမှုလျော့နည်းလာစေပါတယ်။ တကယ်လို့ ကိုယ့်ရဲ့လက်တွဲဖော်က ဆီးချိုဝေဒနာခံစားနေရတယ်ဆိုရင် သူ့မှာခံစားနေရတဲ့ဆီးချိုကြောင့်ဖြစ်တဲ့ မျိုးပွားမှုစနစ်နဲ့ပတ်သက်တဲ့ပြဿနာတစ်ခုခုခံစားနေရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြဖို့ အားပေးရပါမယ်။ လိုအပ်ခဲ့မယ်ဆိုရင်ဆေးကုသမှုခံယူဖို့လုပ်ပေးရပါမယ်။
ဘယ်လိုပဲဖြစ်ဖြစ် သင်ချစ်ရတဲ့သူက သင့်ထံကနေ ချစ်ခင်ကြင်နာမှု နဲ့ ကူညီအားပေးမှုတွေကိုလိုအပ်နေတယ်ဆိုတာကို သိထားပါ။ သူတို့ကို ဆူငေါက်တာမျိုး၊ တစ်ခုခုကိုရွေးချယ်ခိုင်းတာမျိုးတွေမလုပ်ပါနဲ့။ သူတို့မှာ ဆီးချိုရောဂါရှိနေတယ်ဆိုတာနဲ့ ဆီးချိုရောဂါကပျောက်သွားမယ့်ဝေဒနာမဟုတ်ဘဲ ဂရုတစိုက်စောင့်ရှောက်ပေးဖို့ လိုတယ်ဆိုတာကို သတိရပေးပါ။ သူတို့ကိုလည်း ကျန်းမာနေတဲ့သူတွေလိုပဲနေထိုင်နိုင်အောင်ကူညီပေးပါ။ တကယ်လို့ သင်ဘာလုပ်ရမလဲ မသေချာတာမျိုးဖြစ်နေမယ်ဆိုရင် သင့်အနေနဲ့ သူ့ကိုဘယ်လိုမျိုးအကောင်းဆုံးဖြစ်အောင်ကူညီပေးနိုင်မလဲဆိုတာကို သင်ချစ်ခင်ရတဲ့သူကို မေးကြည့်ကြည့်ပါ။ အဓိကကျတဲ့အချက်က အကောင်းမြင်တဲ့သဘောထားရှိဖို့ နဲ့ ချစ်ခင်ရတဲ့သူကို ဘယ်လိုလုပ်ပါလို့ ပြောနေမယ့်အစား သူတို့ကို စိတ်အားထက်သန်လာအောင် လုပ်ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။