
ဆီးချိုသွေးချို အမျိုးအစား (၁)က အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ လူငယ်တွေမှာ အဖြစ်များပါတယ်။ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုအဖြစ်များပါတယ်။ အများသောအားဖြင့် အသက် ၁၂ နဲ့ ၁၅ ကြားမှာ စဖြစ်လေ့ရှိပြီး အသက်၃၀ အောက်ကစဖြစ်တာ အများဆုံးဖြစ်ပါတယ်။
• မကြာမဏ ဆီးသွားခြင်း
• ရေအရမ်းငတ်ခြင်း
• မကြာခဏ ရောဂါပိုးကူးခြင်း
• ကိုယ်အလေးချိန် ကျမြန်ခြင်း
• ပင်ပန်းပြီး အားနည်းသလိုခံစားရခြင်း
ကုသမှုမခံထားတဲ့ဆီးချိုရဲ့လက္ခဏာတွေကတော့
• အမြင်မှုန်ဝါးခြင်း၊ မျက်စိကန်းခြင်း
• အနာကျက်နှေးခြင်း
• ခြေလက်တွေထုံခြင်း
• ကျောက်ကပ်ပျက်စီးခြင်း
အပေါ်မှာမပြထားတဲ့လက္ခဏာတွေထဲက မပါတာတွေကိုလည်း တွေ့နိုင်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပါ။
သင် သို့မဟုတ် သင့်ကလေးမှာ ဆီးချိုရှိနေပြီဆိုရင် ဆရာဝန်ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။
ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ diabtetic ketoacidosis မှာ ကီတုန်း(ketone) စုပုံလာပါတယ်။ သွေးထဲမှာ ကီတုန်း (ketone)များခြင်းက သင့်သွေးကို အက်စစ်ဓါတ်ပိုများလာစေပါတယ်။ အဲဒါက ဦးနှောက်အပြင် တခြားအင်္ဂါတွေကိုပါ ထိခိုက်စေနိုင်ပြီး သေဆုံးတဲ့ထိဖြစ်စေပါတယ်။
သင့်ဆီမှာ အင်ဆူလင်မလုံလောက်ခြင်းက အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ သင့်ရဲ့ ခုခံအားစနစ်က မုန့်ချိုအိတ်ထဲက ဘီတာဆဲလ်(beta cells )တွေကို ဖျက်ဆီးလိုက်ကြပါတယ်။ အကြောင်းအရင်းကိုတော့ သေချာမသိရပါ။
တခြားဖြစ်စေတဲ့ အကြောင်းတွေကတော့
• မုန့်ချိုအိတ်ကို ထိခိုက်စေတဲ့ Cystic fibrosis လိုမျိုး ရောဂါဖြစ်ခြင်း
• မုန့်ချိုအိတ် ခွဲစိတ်ကုသဖယ်ရှားမှု ခံထားဖူးခြင်း
• မုန့်ချိုအိတ် အလွန်အမင်းရောင်ရမ်းခြင်း
အောက်ပါအချက်တွေလုပ်ရင် သင့်ဆီးချိုက ပိုဆိုးလာမှာပါ။
• အရက်သောက်ခြင်းက သွေးတွင်း သကြားဓါတ်ကိုပိုမြင့်စေပြီး ဆီးချိုကို ပိုဆိုးစေပါတယ်။
• အချိုများတဲ့ အစားအစာတွေကိုစားခြင်း။
• ဆရာဝန်ညွှန်ကြားတဲ့ အင်ဆူလင်ပမာဏထက်ပိုသုံးခြင်းက သကြားဓါတ်ကို အလွန်နည်းသွားစေပြီး ဆိုးကျိုးဖြစ်လာနိုင်ပါတယ်။
• ရေဓါတ်ခမ်းခြောက်ခြင်း
• သင့်ဆရာဝန်တားမြစ်ထားတဲ့ အစားအစာတွေကိုစားခြင်း
• မိဘ မောင်နှမထဲမှာ ဆီးချိုရှိတဲ့သူပါခြင်း
• ဆီးချိုဖြစ်စေတဲ့ မျိုးရိုးဗီဇပါလာခြင်း
ဆရာဝန်အနေနဲ့ သင့်ရဲ့ဆေးကုသမှုမှတ်တမ်းကိုတောင်းပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေအပြင် သွေးထဲကသကြားဓါတ်ကို ပုံစံအမျိုးမျိုးနဲ့ တိုင်းပါလိမ့်မယ်။ အဲဒီစစ်ဆေးမှုတွေထဲမှာ fasting blood glulcose ၊ hemoglobin A1C [HbA1c] test နဲ့ glucose tolerance test တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်နဲ့ သွေးထဲက အဆီဓါတ်ကိုလည်း စစ်ဆေးပါမယ်။
သွေးထဲကသကြားကို ထိန်းချုပ်ဖို့အတွက် သင်အတွက် အထူးစားသောက်မှုပုံစံတစ်ခု လိုပါလိမ့်မယ်။ သင့်ရဲ့သကြားဓါတ်ကို ဆီးချိုသွေးချိုတိုင်းစက်နဲ့ မကြာခဏစစ်ဆေးသင့်ပါတယ်။ သင့်အိမ်မှာ တစ်နေ့ကို အင်ဆူလင်ဆေးထိုးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဆရာဝန်က အသေးစိတ်ရှင်းပြပါလိမ့်မယ်။
သင့်ဆရာဝန်က လေ့ကျင့်ခန်းလုပ်ဖို့လည်း အကြံပေးပါလိမ့်မယ်။
သင့်အနေနဲ့ ခြေထောက်နဲ့မျက်လုံးကိုလည်း မကြာခဏစစ်ဆေးသင့်ပါတယ်။
ဒီအချက်အလက်တွေက ဆရာဝန်အကြံပေးချက်ကို အစားထိုးဖို့မဟုတ်ပါဘူး။ ဆရာဝန်နဲ့လည်းထပ်မံ ဆွေးနွေးသင့်ပါတယ်။