
သင့်မှာအင်ဆူလင်အလုံအလောက်မရှိရင် သကြားဓါတ်တွေ များလာပါတယ်။ အဲ့ဒီအခြေအနေကို hyperglycemia လို့ ခေါ်ပါတယ်။ Hyperglycemia ဟာ မျက်လုံးအပါအဝင် သင့်ကိုယ်ခန္ဓါ အစိတ်အပိုင်းအားလုံးအတွက် အဖျက်သဘောဆောင်ပြီးဆိုးကျိုးသက်ရောက်ပါတယ်။
အမြင်ေဝဝါးခြင်းဟာ ဆီးချိုရောဂါရဲ့ ရှေးဦးသတိပေးချက် သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သင့်မျက်လုံး ကြည့်ရတာ ဝါးလာခြင်းဟာ မျက်လုံးအိမ်ထဲကမှန်ဘီလူးထဲကိုအရည်တွေ စိမ့်ဝင်လာလို့ပဲဖြစ်ပါတယ်။ အဲ့ဒီအခါ မှန်ဘီလူးရောင်လာပြီးပုံစံပြောင်းလာပါတယ်။ မျက်လုံးဟာပုံရိပ်တွေကို စူးစိုက်ရခက်လာပြီးမသဲမကွဲမြင်လာရပါတယ်။
အင်ဆူလင်ကုသမှုကို စတင်ခံယူချိန်မှာလည်း အမြင်အာရုံဝါးတတ်ပါတယ်။ အဲ့ဒါဟာအရည်ဓါတ်တွေ ပြောင်းလဲသွားလို့ဖြစ်ပြီးများသောအားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာရင် ပြန်ကောင်းသွားတတ်ပါတယ်။ လူအတော်များများမှာတော့ သွေးတွင်းသကြားဓါတ် တည်ငြိမ်လာရင် အမြင်လည်း ပြန်ကောင်းလာတတ်ပါတယ်။
Diabetic Retinopathy ဆိုတဲ့အသုံးအနှုန်းဟာ ဆီးချိုကြောင့် မျက်စိအမြင်လွှာ ပျက်စီးလာခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ အချို့ပြသနာတွေမှာ အမြင်လွှာတဝိုက်ရောင်ရမ်းခြင်း (macular edema) နဲ့ မျက်စိအမြင်လွှာလျင်မြန်စွာပျက်စီးလာခြင်း (proliferative retinopathy) စတဲ့အခြေအနေတွေ ပါဝင်ပါတယ်။
Macular edema ကတော့ macula လို့ခေါ်တဲ့ မျက်လုံးအိမ်အလွှာထဲမှာ အရည်တွေစုဝင်လာပြီး ရောင်ရမ်းခြင်းဖြစ်ပါတယ်။ macula ဟာအမြင်လွှာရဲ့ အမြင်အာရုံတွေကို ပြတ်သားအောင်စုစည်းပေးတဲ့အပိုင်း ဖြစ်ပါတယ်။ macular edema ရဲ့ တခြားလက္ခဏာကတော့ အမြင်အာရုံတွေ လှိုင်းထလာခြင်းနဲ့ အရောင်တွေပြောင်းမြင်ခြင်းပဲ ဖြစ်ပါတယ်။
Proliferative retinopathy ကတော့ သွေးကြောတွေပေါက်ပြီးမျက်စိအတွင်းပိုင်းကိုစိမ့်ဝင်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အမြင်အာရုံေဝဝါးခြင်းဟာ ဒီလိုဖြစ်လာရတဲ့ လက္ခဏာများထဲမှ တချက် ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သင့်အနေနဲ့ အစက်အပြောက်လေးတွေ ပေါလောမျောနေသလို မြင်နေရပြီးညဖက်တွေမှာမမြင်နိုင်တာတွေ ဖြစ်လာပါတယ်။
အမြင်အာရုံေဝဝါးခြင်းဟာေရတိမ်ရောဂါရဲ့ လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။ အဲဒီရောဂါဟာမျက်လုံးအတွင်းဖိအားများလို့ အမြင်အာရုံကြောထိခိုက်ပြီး ဖြစ်လာရခြင်းပါပဲ။ အမျီုးသားမျက်စိသိပ္ပံရဲ့ အဆိုအရဆီးချိုရောဂါရှိရင် ရေတိမ်ဖြစ်လာခြေကတခြားအရွယ်ရောက်ပြီးသူများရဲ့ ၂ဆ ရှိပါတယ်။ ရေတိမ်ရဲ့ အခြားလက္ခဏာတွေကတော့ –
မျက်လုံးတိမ်ရောဂါဖြစ်လာရင်လည်းအမြင်အာရုံချို့ယွင်းလာတတ်ပါတယ်။ မျက်လုံးတိမ်ဟာသင့်မျက်စိရဲ့ မှန်ဘီလူးကို ေဝဝါးလာစေပါတယ်။ ဆီးချိုရောဂါသမားတွေမှာတိမ်ဖြစ်လာခြင်းဟာလူကြီးတွေထက်စာရင် လူငယ်တွေမှာအဖြစ်များပါတယ်။ မျက်လုံးတိမ်ရောဂါရဲ့ လက္ခဏာတွေကတော့-
အမြင်မကြည်လင်ခြင်းဟာဆီးချိုကြောင့်လို့ ဆိုနိုင်ပေမယ့် တခြားအကြောင်းရင်းတွေ အများကြီးရှိပါသေးတယ်။ အဖြစ်များတဲ့အကြောင်းတွေကတော့-
အကယ်၍ သင့်အနေနဲ့ ကွန်ပျူတာမော်နီတာ ဒါမှမဟုတ် အီလက်ထရောနစ်ပစ္စည်းတစ်ခုခုကိုအကြာကြီးကြည့်နေရရင် အမြင်အာရုံေဝဝါးလာပါလိမ့်မယ်။ အဲ့ဒါကိုဒီဂျီတယ်မျက်လုံးဒဏ် (digital eye strain)လို့ ခေါ်ပါတယ်။ သင့်မျက်လုံးများဟာအလင်းရောင်ကောင်းစွာမမြင်နိုင်တော့တာဒါမှမဟုတ် ဒီဂျီတယ်မျက်နှာပြင်ဟာအရောင်တွေမသဲကွဲတော့တာ ဖြစ်လာနိုင်ပါတယ်။ သင်ဟာသင့်တော်တဲ့အကွာအဝေးကနေ ထိုင်ပြီးသုံးတာမဟုတ်ဘူးဆိုရင် ဒိကိစ္စဟာလည်း ပြသနာတရပ်ပါပဲ။ ဒီဂျီတယ်မျက်နှာပြင်ကြောင့် မျက်လုံးထိခိုက်ရခြင်း လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ မျက်စိခြောက်သွေ့ခြင်း၊ လည်ပင်းဇက်ကြောနဲ့ ပခုံးနာခြင်းတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့ သင့်အနေနဲ့ အလုပ်လုပ်တဲ့နေရာထိုင်ခင်းကို ပြုပြင်ခြင်း၊ မကြာခဏအနားယူခြင်းများကိုလုပ်ဆောင်နိုင်ပါတယ်။
အမြင်မကြည်လင်ခြင်းဟာကိုယ်ခံအားချို့ယွင်းခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်နဲ့အာရုံကြောပျက်စီးတဲ့ရောဂါတစ်မျိုး (Multiple sclerosis)နဲ့ ကိုယ်ခံအားစနစ်ယိုယွင်းမှုကြောင့် အရေပြားထိခိုက်ပျက်စီးတဲ့ရောဂါ (lupus) ဖြစ်ပါတယ်။ ရောဂါကိုကုသရင်တော့ အမြင်ေဝဝါးတဲ့လက္ခဏာကိုပါ သက်သာစေနိုင်ပါတယ်။
သင့်မှာဆီးချိုရှိနေပြီဆိုရင် မျက်လုံးပြဿနာဖြစ်လာနိုင်ခြေများပါတယ်။ မျက်လုံးကိုပုံမှန်စစ်ဆေးနေဖို့ အရေးကြီးပါတယ်။ မျက်လုံးစစ်တဲ့အခါ သူငယ်အိမ်ကျယ်တာစစ်သလိုမျိုးကအစအားလုံးကို ခြုံငုံစစ်ဆေးသင့်ပါတယ်။
ဆရာဝန်ကို သင့်မှာဖြစ်သမျှ လက္ခဏာတွေရော ဘာဆေးတွေသောက်နေရတယ် ဆိုတာပါ ပြောပြဖို့ လိုပါတယ်။ အမြင်ကြည်ခြင်းဟာမျက်စဉ်းခပ်တာမျက်မှန်အသစ်လုပ်တာစတဲ့နည်းလမ်းတွေနဲ့ မြန်မြန်ကုနိုင်တဲ့ ပြဿနာအသေးအဖွဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့မျက်လုံးရောဂါ ဒါမှမဟုတ် ဆီးချိုကြောင့်မဟုတ်တဲ့ တခြားပြသနာလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါကြောင့် အမြင်မကြည်တာ၊ အမြင်အာရုံပြောင်းလဲတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။
ကိစ္စတော်တော်များများမှာတော့ စောလျင်စွာကုသခြင်းဟာကောင်းလာအောင်၊ ပိုဆိုးမသွားအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဥပမာ – သင်ဟာသွေးတွင်းသကြားဓါတ်ကိုမထိန်းချုပ်နိုင်ဘူးဆိုရင် ဆရာဝန်ဟာ ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာအကြံပေးနိုင်ပါတယ်။ ဒါပေမယ့် ကုသမှုပုံစံကိုမညွှန်ပြခင်မှာ ဖြစ်ပွားရတဲ့အကြောင်းရင်းကိုဆုံးဖြတ်နိုင်ရပါမယ်။