brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ကဘာလဲ။

ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဆိုသည်မှာ မျက်လုံး၏အနောက်ဘက်တွင် တည်ရှိသောအာရုံကြောမမှ ဖြစ်သောရောဂါတခုဖြစ်သည်။ ထိုအာရုံကြောသည် ပုံရိပ်များ လက်ခံ၍သင့်ဦးနှောက်သို့ထိုပုံရိပ်များကို ပေးပို့ရသောမျက်လုံး၏အစိတ်အပိုင်းတခုဖြစ်သည်။ ဆီးချိုရောဂါသည်အများစုတွင် ထိုရောဂါရှိကြပြီး ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဟုခေါ်သည်။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည် အမြင်စွမ်းအားကျစေပြီး မျက်လုံးကန်းသည်အထိဖြစ်စေနိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ပိုဆိုးလာတတ်သည်။ ပထမပိုင်းတွင် မျက်လုံးရှိသွေးကြောများလျော့လျဲအားနည်းလာခြင်းဖြင့် မျက်လုံးအာရုံကြောထဲသို့ထိုသွေးကြောများမှ သွေးနှင့်အခြားအရည်များစိမ့်ဝင်လာစေသည်။ ထိုကဲ့သို့ဖြစ်ခြင်းကို non-proliferative retinopathyဟုခေါ်သည်။ ထိုရောဂါသည်အဖြစ်များဆုံးသော ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါတစ်မျိုးဖြစ်သည်။ အကယ်၍ထိုအရည်များသည် သင့်မျက်လုံးအလယ်သို့စိမ့်ဝင်သွားပါက သင့်တွင်အမြင်ေဝဝါးလာနိုင်သည်။ ကံမကောင်းစွာပဲ non-proliferative retinopathy ဖြစ်ပွားသောသူများတွင် မည်သည့်လက္ခဏာမျှပြသခြင်းမရှိပါ။

Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည်ကမ္ဘာအနှံ့ဖြစ်ပွားသောအမြင်စွမ်းအားဆုံးရှံူးစေသည့်အကြောင်းအရင်းတခုဖြစ်သည်။ ခန့်မှန်းခြေ285သန်းပေါင်းသော ကမ္ဘာအနှံ့ရှိ ဆီးချိုရောဂါသည်များတွင် သုံးပုံတစ်ပုံခန့်သည် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါလက္ခဏာများရှိကြပြီး နောက်ထပ်သုံးပုံတစ်ပုံသည် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဖြစ်ပွားနိုင်ချေရှိနေသည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါကနဦးပိုင်းတွင် မည်သည့်လက္ခဏာမျှပြမည်မဟုတ်ပေ။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါလက္ခဏာများသည် မျက်လုံးအတွင်းတွင် မဖြစ်ပွားသေးသရွေ့အဓိကထိခိုက်မှုများကို မဖြစ်ပွားစေပါ။ သင်သည်ထိုကဲ့သို့မမြင်နိုင်သည့် ရောဂါအန္တာရယ်ကို သင့်၏သွေးထဲရှိသကြားပမာဏကို ထိန်း၍ မျက်လုံးအားဆရာဝန်နှင့်ပုံမှန်ပြသစစ်ဆေးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ ရောဂါလက္ခဏာများပေါ်လာသောအခါ အများစုသည် မျက်လုံးတွင်သာဖြစ်ပြီး အောက်ပါအတိုင်းဖြစ်သည်။

  • အမဲစက်များမြင်ခြင်း
  • ညတွင် အမြင်စွမ်းအားမကောင်းခြင်း
  • အမြင်ေဝဝါးခြင်း
  • အမြင်ဆုံးရှံူးသွားခြင်း
  • အရောင်များကို မခွဲခြားနိုင်ခြင်း
  • ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

    အကြောင်းရင်းများ

    Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

    တစ်နေ့ပြီးတစ်နေ့သင့်သွေးထဲရှိသကြားပမာဏများလာခြင်းသည် မျက်လုံး၏အာရုံကြောအားထောက်ပံ့ပေးသော သွေးကြောငယ်လေးများကို ပိတ်ဆို့စေကာ သွေးထောက်ပံ့မှုကို ရပ်တန့်စေသည်။ ထိုမှတဆင့် မျက်လုံးသည် သွေးကြောအသစ်များကို ဖန်တီးတည်ဆောက်ရစေသည်။ သို့သော်ထိုသွေးကြောအသစ်များသည် ကောင်းစွာဖြစ်ပေါ်လာခြင်းမရှိပဲ လွယ်ကူစွာယိုစိမ့်နိုင်သည်။ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါ၏ အဓိကပုံစံနှစ်မျိုးမှာ

    • Early diabetic retinopathy(အစောပိုင်းပုံစံ)

    ပို၍အဖြစ်များသော non proliferative diabetic retinopathy ဟုခေါ်သည့် ယခုရောဂါတွင် သွေးကြောအသစ်များသည် မကြီးထွားလာနိုင်ပဲ မျက်လုံး၏အာရုံကြောမကြီးသည် စတင်၍ရောင်ရမ်းဖောင်းကားလာနိုင်သည်။ တခါတရံတွင် မျက်လုံးအာရုံကြောမ၏ အလယ်ဗဟိုပိုင်းသည် စတင်ရောင်ရမ်းဖောင်းကားလာကာ ကုသမှုလိုသောအခြေအနေဖြစ်လာတတ်သည်။

    Advanced diabetic retinopathy(အဆင့်မြင့်နေသောရောဂါအဆင့်)

    ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါသည် ပိုမိုပြင်းထန်သော အခြေအနေသို့တိုးတက်ဖြစ်ပွားသွားနိုင်သည်။proliferative diabetic retinopathy ဟုခေါ်သည်။ ယခုပုံစံတွင်ကား ထိခိုက်ပျက်စီးနေသာ သွေးကြောများသည် ပိတ်သွားကာ ပုံမှန်မဟုတ်သည့် သွေးကြောအသစ်များကို မျက်လုံးအာရုံကြောမတွင် ဖြစ်ပေါ်လာစေကာ သင့်မျက်လုံးဗဟိုအတွင်းသို့ကြည်လင်၍ဂျယ်လီကဲ့သို့သောပစ္စည်းများကိုစိမ့်ဝင်သွားစေသည်။ နောက်ဆုံးတွင် သွေးကြောအသစ်များ

    ၏ကြီးထွားလာမှုကြောင့်ဖြစ်ရသော အသားမာတစ်ရှူးသည် မျက်လုံး၏အာရုံကြောမကြီး ကို မျက်လုံးအနောက်ဘက်မှ ကွာကျသွားစေသည်။ အကယ်၍သွေးကြောအသစ်များသည် မျက်လုံးမှ အရည်များ၏ပုံမှန် စီးဆင်းမှုလမ်းကြောင်းကို နှောင့်ယှက်လာပါက မျက်လုံးတွင်းဖိအားများလာပါလိမ့်မည်။ ထိုကဲ့

    သို့ဖြစ်ခြင်းသည် သင့်မျက်လုံးမှ ပုံရိပ်များကို သင့်ဦးနှောက်သို့ပို့ပေးသောမျက်လုံးအာရုံကြောအားထိခိုက်စေ

    ကာ မျက်လုံးရေတိမ်ရောဂါကို ဖြစ်ပွားလာစေသည်။

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • ဆီးချိုရောဂါဖြစ်ပွားမှုကာလ – သင့်တွင်ဆီးချိုရောဂါကြာ

    ကြာရှိလေ ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါဖြစ်ပွားနိုင်ချေများလေလေဖြစ်သည်။

    • သွေးထဲရှိသကြားပမာဏကို ကောင်းစွာမထိန်းချုပ်ထားနိုင်ခြင်း
    • သွေးတိုးခြင်း
    • သွေးထဲကိုလက်စထရောများနေခြင်း
    • ကိုယ်ဝန်ဆောင်နေရခြင်း
    • ဆေးလိပ်သောက်ခြင်း
    • လူမည်း၊ဟစ်ပန်းနစ်(သို့) အမေရိကန်လူမျိုးဖြစ်နေခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်တွင်ထိုရောဂါရှိနေသည်ဟုသင့်ဆရာဝန်မှ သံသယရှိပါက မျက်လုံးကိုချဲ့ကာကြည့်ရှူကိုင်တွယ်စစ်ဆေးတတ်သည်။ မျက်လုံး၏ သူငယ်အိမ်များကို ပိုကျယ်သွားစေသည့် မျက်ဆင်းဆေးစက်များကို သုံးကာ သင့်ဆရာဝန်အားသင့်မျက်လုံးတွင်းသို့ကောင်းစွာကြည့်ရှူခွင့်ရစေသည်။ သင့်ဆရာဝန်သည် အောက်ပါတို့ကို လည်းရှိမရှိစစ်ဆေးတတ်သည်။

    • ပုံမှန်မဟုတ်သော သွေးကြောများ
    • ရောင်ရမ်းခြင်း
    • ယိုစိမ့်နေသောသွေးကြောများ
    • ပိတ်နေသောသွေးကြောများ
    • အသားမာများ
    • မျက်လုံးမှန်ဘီလူးတွင်ပြောင်းလဲမှုများဖြစ်ခြင်း
    • အာရုံကြောတစ်ရှူးအားထိခိုက်မှုများ
    • မျက်လုံးအာရုံကြောမကွာကျနေခြင်း

    Fluorescein angiography test ဟုခေါ်သော မျက်လုံးသွေးကြောများကိုဓါတ်မှန်ရိုက်သည့် စစ်ဆေးမှုကိုလည်းပြု

    လုပ်ရတတ်သည်။ ထိုစစ်ဆေးမှုတွင် သင့်ဆရာဝန်သည် သင့်လက်မောင်းအတွင်းသို့အရောင်ဆိုးဆေးရည်တခုထိုးသွင်းကာ

    သင့်မျက်လုံးအတွင်းရှိသွေးလည်ပတ်မှုကို စစ်ဆေးကြည့်ရှူသည်။

    ထို့နောက်သင့်မျက်လုံးတွင် လည်ပတ်စီးဆင်းနေသော အရောင်ဆိုးဆေးရည်များကို ဓါတ်မှန်ရိုက်ယူကာ မည်သည့်သွေးကြောများပိတ်ခြင်း၊ယိုစိမ့်ခြင်း(သို့)ပျက်စီးပေါက်ထွက်နေခြင်းရှိနေသည်ကို ဆုံးဖြတ်သည်။

    Optical coherence tomography (OCT) စစ်ဆေးမှုသည် အလင်းလှိုင်းများအားအသုံးပြုကာ မျက်လုံးအာရုံကြောမအားဓါတ်

    မှန်ရိုက်ယူစစ်ဆေးခြင်းဖြစ်သည်။ ထိုဓါတ်မှန်များမှတဆင့် သင့်ဆရာဝန်သည် သင့်မျက်လုံးအာရုံကြောမအထူကို ဆုံးဖြတ်သည်။OCT စစ်ဆေးမှုသည် မျက်လုံးအာရုံမတွင် မည်မျှအရည်များ စုပုံနေသည်ကိုလည်း သိစေနိုင်သည်။

    Diabetic Retinopathy (ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါ) ကို ဘယ်လိုကုသပါသလဲ

    Early diabetic retinopathy

    အကယ်၍သင့်တွင် သိပ်မပြင်းထန်သော(သို့)သာမာန် non-proliferative diabetic retinopathyရောဂါဖြစ်ပွားပါက ကုသမှုချက်ချင်းရယူရန်မလိုအပ်ပေ။ သို့သော်လည်း သင့်မျက်လုံးဆရာဝန်သည် ကုသမှုလိုအပ်ချိန်တွင် သင့်မျက်လုံး

    များအားအနီးကပ်ကြည့်ရှူစစ်ဆေးတတ်သည်။

    Advanced diabetic retinopathy

    အကယ်၍သင့်တွင် proliferative diabetic retinopathy (သို့) macular edema ရောဂါရှိပါက သင့်အားချက်ချင်းခွဲစိတ်ကုသရန်လိုအပ်တတ်သည်။ သင့်မျက်လုံးအာရုံကြောမ၏ရောဂါများအပေါ်မူတည်၍ ကုသမှုပုံစံများမှာအောက်ပါအတိုင်းဖြစ်သည်။

    Focal laser treatment

    Photocoagulation ဟုခေါ်သည့် ယခုကဲ့သို့သောလေဆာကုသမှု

    သည် မျက်လုံးတွင်းရှိ သွေးနှင့်အရည်များစိမ့်ဝင်ခြင်းကို ရပ်တန့်နှေးကွေးစေနိုင်သည်။ ထိုကုသမှုတွင် ပုံမှန်မဟုတ်သော

    သွေးကြောများ၏ယိုစိမ့်နေသည့်နေရာများကို လေဆာအပူစွမ်းအား

    နှင့်ဖာထေးကုသသည်။

    Scatter laser treatment

    Panretinal photocoagulation ဟုခေါ်သည့် ထိုလေဆာကုသမှုသည် ပုံမှန်မဟုတ်သည့် သွေးကြောများကို ကျုံ့

    သွားစေနိုင်သည်။ ကုသမှုအတွင်းတွင် Macula မှ ဝေးနေသည့် မျက်လုံးအာရုံကြောမကြီး၏နေရာများအား ပြန့်ကျဲနေသောလေဆာရောင်ခြည်များဖြင့် ကုသသည်။ ထိုလေ

    ဆာများသည် ပုံမှန်မဟုတ်သည့် သွေးကြောအသစ်များကို ကျုံ့စေ

    ကာ အသားမာတက်စေသည်။

    Vitrectomy

    ယခုကုသမှုတွင်ကား သင့်မျက်လုံးတွင် သေးငယ်သောဓါးရာပေးကာ မျက်လုံးအလယ်ရှိသွေးများနှင့် မျက်လုံးအာရုံကြောမတွင် ကပ်တွယ်နေသော အသားမာတစ်ရှူးများကို ဖယ်ထုတ်ခြင်းဖြစ်သည်။ ခွဲစိတ်ဆောင်(သို့)ဆေးရုံတွင် ထုံဆေး(သို့)မေ့ဆေးသုံးကာ ပြုလုပ်ရသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • အကယ်၍သင်ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ
    • အပတ်တိုင်း သိပ်မပြင်းထန်သော လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ဆောင်ပါ။ အကယ်၍သင့်တွင် ဆီးချိုရောဂါ ကြောင့်ဖြစ်ပွားသော မျက်လုံး၏အာရုံကြောမရောဂါရှိပါက သင့်၏ကျန်းမာရေးအဖွဲ့နှင့်အတူစစ်ဆေးကာ သင့်အတွက်အကောင်းဆုံးဖြစ်မည့် လေ့ကျင့်ခန်းများကို

    ရယူပါ။

    • နှစ်စဉ်မျက်လုံးစစ်ဆေးစမ်းသပ်ပါ။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Nyan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2019 ဖြစ်ပါသည်။