
အဖျားရှိတဲ့အခါ ခန္ဓါကိုယ်က ကိုယ်တွင်းကိုရောက်လာတဲ့ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ဟော်မုန်းတွေကို ထုတ်လွှတ်ပါတယ်။ ဒီအခြေအနေက ကိုယ်တွင်းမှာ အင်ဆူလင်ထွက်ရှိမှုကိုနှေးစေပြီးသွေးတွင်းသကြားဓါတ်ကမြင့်တက်လာနိုင်ပါတယ်။
တကယ်လို့ အမျိုးအစား – ၁ ဆီးချိုရောဂါသာရှိနေမယ်ဆိုရင် ဒီအခြေအနေက ထိန်းချုပ်ရခက်ခဲနိုင်ပြီးသွေးတွင်းမှာ အက်ဆစ်ဓါတ်တွေများလာပြီး အသက်အန္တရာယ် ထိခိုက်သည်အထိပြင်းထန်လာနိုင်ပါတယ်။ တကယ်လို့ အမျိုးအစား -၂ ဆီးချိုရောဂါကို ခံစားနေရသူတစ်ယောက်အနေနဲ့ အဖျားဝင်မယ်ဆိုရင် သွေးတွင်းသကြားဓါတ်က အဆမတန်မြင့်တက်ပြီး ဆီးချိုကြောင့်ဖြစ်တဲ့ ကိုမာဝင်တာမျိုးဖြစ်သွားနိုင်ပါတယ်။
ဆီးချိုဆေးတွေဆက်သောက်ပါ – ဖျားနေချိန်မှာသွေးချိုက ပုံမှန်ထက်မြင့်တက်နိုင်တာကြောင့်နေ့စဉ်သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေကို ဆက်လက်သောက်သုံးပေးပါ။ အင်ဆူလင်ထိုးနေသူတွေအနေနဲ့လည်း အင်ဆူလင်ဆက်ထိုးပေးပါ။
သွေးတွင်းသကြားဓါတ်ကို မကြာမကြာစစ်ဆေးပါ – ဖျားနေချိန်မှာသွေးတွင်းသကြားဓါတ်ကို ၃ နာရီခြားတစ်ခါ ဒါမှမဟုတ် ၄ နာရီခြားတစ်ခါ သွေးချိုတိုင်းပေးပါ။သွေးတွင်းသကြားဓါတ်မြင့်နေခဲ့မယ်ဆိုရင် ပုံမှန်ထက် အင်ဆူလင်ကို ပမာဏတိုးပြီး အသုံးပြုပေးပါ။
နည်းနည်းချင်းစီ စားပေးပါ – ဖျားနေချိန်မှာ အစားမစားချင်ရင်တောင် အစာကြေလွယ်မယ့် အစားအစာလေးတွေကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများစားပေးပါ။ ကာဗိုဟိုက်ဒရိတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ အစားလုံးဝမစားဘဲနေမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ထိုးကျသွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။
ရေသောက်ပေးပါ – အဖျားကျစေဖို့အတွက်ရောသွေးတွင်းသကြားဓါတ်ကိုပါ ထိန်းညှိနိုင်စေဖို့အတွက်ရေကို လုံလောက်စွာသောက်ပေးပါ။ရေဓါတ်ြပည့်ဝနေမှုကလည်း ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေထဲကတစ်ခုပါ။
ကိုယ်အလေးချိန်ချိန်ပေးပါ – ခန္ဓါကိုယ်က အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင် ဒါက သွေးတွင်းသကြားဓါတ်မြင့်တက်နေတယ်ဆိုတဲ့ လက္ခဏာပါ။ ဒါကြောင့် ဖျားနေတဲ့အချိန်အတွင်းမှာ ကိုယ်အလေးချိန်တိုင်းတာကလည်း လုပ်ပေးဖို့လိုပါမယ်။
အဖျားတိုင်းပါ – ကိုယ်တွင်းမှာ အဖျားရှိနေတာကရောဂါတစ်ခုခုခံစားရတော့မယ်၊ ခံစားနေရတယ်ဆိုတာကိုဖော်ပြတဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် မနက်ခင်းတိုင်းမှာ အဖျားတိုင်းပေးဖို့လိုပါမယ်။
ပြည့်ပြည့်ဝဝအနားယူပါ – ဖျားနေတဲ့အချိန်မျာ ကိုယ်ခံအား ကောင်းလာစေဖို့ဆိုရင်ပြည့်ပြည့်ဝဝအနားယူဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဖျားနေချိန်မှာပြည့်ပြည့်ဝဝလေး အနားယူပေးပါ။
အဖျားကို မဖြစ်အောင်ကာကွယ်လို့ရပါတယ်။ သာမန်လူတွေအတွက်တောင်ခံရခက်တဲ့အဖျားကို ဆီးချိုရှိသူတွေအနေနဲ့က မဖြစ်လေကောင်းလေပါ။ ဒါကြောင့် အဖျားမဖြစ်စေဖို့အတွက်
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။