brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြားကင်ဆာ - သတ္တုဓါတ်ပါတဲ့ မိတ်ကပ်တွေသုံးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ခြင်း

ဘယ်ရောဂါကိုမဆို ခံစားရပြီဆိုရင် အတွင်းပိုင်း သက်ရောက်မှုတွေ သာမကပဲ အပြင်ပိုင်း ထိခိုက်မှုတွေပါ ဖြစ်နိုင်ပါတယ်။ အဲ့လိုအဖြစ်မျိုးတွေမှာ အရေပြားကင်ဆာက လူနာတွေရဲ့ အတွင်းရော အပြင်ပါ ထိခိုက်မှု ဖြစ်စေတဲ့ အဓိကရောဂါ ဖြစ်ပါလိမ့်မယ်။ အရေပြားကင်ဆာကို ကာကွယ်ဖို့ နေရောင်ခြည်ကို ကာကွယ်ဖို့ တခြားနည်းလမ်းတွေအပြင် နေလောင်ခံလိမ်းဆေးနဲ့ SPF များများပါတဲ့ အလှကုန်ပစ္စည်းတွေ အသုံးပြုတာက သင့်ကို အရေပြားကင်ဆာ ပြဿနာတွေကနေ ကူညီကာကွယ်ပေးဖို့ အောင်အောင်မြင်မြင် သက်သေပြမှာပါ။

အရေပြားကင်ဆာ - သတ္တုဓါတ်ပါတဲ့ မိတ်ကပ်တွေသုံးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ခြင်း

Mineral makeup ဆိုတာ ဘာလဲ။

Makeup ထုတ်လုပ်မှုရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ mineral makeup က သဘာဝ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ talc, iron oxide, zinc oxide နဲ့ titanium oxide တို့ ပါဝင်တဲ့ ဖိသိပ် သို့မဟုတ် ပွယောင်းယောင်း ပေါင်ဒါအမှုန့်အနေနဲ့ ပေါ်လာပါတယ်။ တခြားအရောအနှောတွေရဲ့ ကောင်းမွန်တဲ့ ပေါင်းစပ်မှုအပြီးမှာ ဒီမိတ်ကပ်ဟာ သူ့ရဲ့ နူးညံ့မှု၊ တာရှည်ခံမှု၊ တောက်ပတဲ့ အရောင်နဲ့ ပြီးပြည့်စုံတဲ့ စုပ်ယူမှုတွေကြောင့် လူသိများလာပါတယ်။

mineral makeup ရဲ့ အားသာမှုက တခါတလေမှာ အရေပြားယားယံမှု မဖြစ်အောင် ကူညီဖို့အတွက် အနံ့၊ နူးညံ့စေတဲ့ ဆီ၊ binder သို့မဟုတ် တာရှည်ခံပစ္စည်းတွေမပါပဲ ပြုလုပ်တာပါ။ တချို့ mineral ထုတ်ကုန်တွေမှာ ထုတ်လုပ်သူတွေက အရေပြား နူးညံ့ဖို့နဲ့ ရေဓါတ်ထိန်းတာ ကူညီဖို့ ဆီလီကွန်ပါ ထည့်သွင်းပါတယ်။ လူအတော်များများက ရေဓါတ်ပိုရဖို့နဲ့ ပိုမိုနူးညံ့ဖို့အတွက် ဓါတ်တိုးဆန့်ကျင်ပစ္စည်း သို့မဟုတ် pro-vitamin တွေပါတဲ့ mineral makeup ကိုလည်း ညွှန်းကြပါတယ်။

အရေပြားကို နေရောင်ခြည်အပြင် အရေပြားကင်ဆာကနေ ကာကွယ်ဖို့ mineral makeup ရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

ပြင်းထန်တဲ့ နေရောင်အောက်မှာ အချိန်အတော်များများ ရှိနေတာက သင့်အရေပြားကို လောင်စေတာနဲ့ အရေကြည်ဖုထတာတွေ ဖြစ်စေပါတယ်။ ဒီအရေပြား ပြဿနာတွေက အရေပြားတစ်သျှူးတွေကို တိုက်ရိုက် ပျက်စီးစေပါတယ်။ အပျက်အစီးကို ကုစားဖို့ ခုခံတဲ့ ဆဲလ်တွေက သွေးကြောထဲ သွားရပြီး ပူလောင်တဲ့ ခံစားမှုကို ဖြစ်စေပါတယ်။ ဒီအရေပြား ထိခိုက်မှုက အရေပြားကင်ဆာ ဖြစ်စေဖို့ ပထမအဆင့်လို့ သတ်မှတ်ကြပါတယ်။ ဒါ့ကြောင့် လူတော်တော်များများ နေလောင်ခံလိမ်းဆေး လိမ်းရပါမယ်။

နေရောင်ကို ကာကွယ်ဖို့ အရေပြားကို တခြားမိတ်ကပ် လိမ်းရပါမယ်။ တခုချင်းပြောရရင် mineral makeup က နေရောင်ကို ကာကွယ်တဲ့ titanium dioxide နဲ့ zinc dioxide လိုမျိုး အရာတွေကို အောက်ခံလိမ်းဆေးထဲ ထည့်သွင်းထားပါတယ်။ အဲ့သက်ရောက်မှုကြောင့် ဒီမိတ်ကပ် အမျိုးအစားကို အမျိုးသမီးအတော်များများ အရွေးများကြပါတယ်။ တခြား ကာဗွန်ဓါတ်ပေါင်း နေလောင်ခံလိမ်းဆေးတွေက ခရမ်းလွန်ရောင်ခြည်ကို အနည်းငယ် စုပ်ယူတဲ့အချိန်မှာ mineral makeup တွေက ကာဗွန်ဓါတ်ပေါင်းမပါပဲ ခရမ်းလွန်ရောင်ခြည်ကို ကျွန်တော်တို့ အရေပြားကနေ အဝေးကို တန်ပြန်သက်ရောက်စေပါတယ်။

ဒါပေမယ့် mineral makeup ချည်းသပ်သပ်တော့ အရေပြားကို နေရောင်ကနေ လုံလောက်တဲ့ ကာကွယ်မှု မရနိုင်ပါဘူး။ ဒါ့ကြောင့် SPF များများ (၃၅ အထက်) ပါဝင်တဲ့ နေလောင်ခံလိမ်းဆေးနဲ့ တွဲဖက် အသုံးပြုရပါမယ်။ mineral makeup ကို နေလောင်ခံလိမ်းဆေး တခုခုလိမ်းပြီးမှ အဲ့အပေါ်မှာ လိမ်းပေးတာက သူ့ရဲ့ အကောင်းဆုံး အကျိုးရလဒ်ကို ရစေမှာပါ။

အရေပြားကင်ဆာကို တိုက်ထုတ်နေတဲ့သူတွေနဲ့ သူ့ကြောင့် အမာရွတ် အမျိုးမျိုးရတဲ့သူတွေအတွက် mineral makeup က အန္တရာယ်ကင်းကင်း ကွက်တိ ဖုံးပေးနိုင်ပါတယ်။ အရေပြားကင်ဆာကို ရင်ဆိုင်ရတာ စိန်ခေါ်မှုတစ်ရပ်မှန်း လူတိုင်းသိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဒီတိုက်ပွဲက ရတဲ့ အမာရွတ်တွေက စိတ်ဓါတ်ကျစေနိုင်ပါတယ်။ ကံကောင်းတာက ဈေးကွက်မှာရှိတဲ့ တခြား သမာရိုးကျ ထုတ်ကုန်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် mineral makeup မှာ သင့်အရေပြားကို ကာကွယ်ဖို့ SPF အနည်းဆုံး ၁၅ ပါဝင်ပြီး သင့်ရဲ့ ထိခိုက်ထားတဲ့ အရေပြားကို ဖုံးဝှက်ထားနိုင်ပါတယ်။

အောက်ခံလိမ်းဆေး တော်တော်များများက အမာရွတ်တွေကို ကွက်တိ ဖုံးပေးထားနိုင်ချိန်မှာပဲ သင့်ရဲ့ အမာရွတ်က tissue တွေကိုလည်း ခန္တာကိုယ်ရဲ့ ကျန်တဲ့ မျက်နှာပြင်တွေထက် အရောင်ပိုရင့်သွားစေပါတယ်။ mineral makeup နဲ့ဆို သူ့မှာပါတဲ့ သဘာဝပစ္စည်းတွေရဲ့ ကျေးဇူးနဲ့ သင့်အမာရွတ်တွေရဲ့ အရောင်ရင့်နေတာတွေကို လျော့ကျဖို့ ကူညီပေးနိုင်ပါတယ်။

Mineral makeup လို ကောင်းမွန်တဲ့ မိတ်ကပ်မျိုး ရွေးချယ်တာက သင့်အရေပြားကို ဘယ်တော့မှ ထိခိုက်စေမှာ မဟုတ်ပါဘူး။ နေလောင်ခံလိမ်းဆေးနဲ့ တွဲသုံးတဲ့အခါမှာ သင့်အရေပြားကို နေရောင်ခြည်ကနေ ကောင်းကောင်းမွန်မွန် ကာကွယ်ထားမှာ ဖြစ်ပြီး မမြင်စေချင်တဲ့ အမှတ်အသားတွေကိုလည်း အကောင်းဆုံး လုံခြုံမှုနဲ့ ကာကွယ်ပေးထားမှာပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။