brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အသားအရောင်ရင့်သူတွေမှာ ဖြစ်တဲ့ အရေပြားကင်ဆာ

အိန္ဒိယ ဥရောပအနွယ်ဝင်တွေနဲ့ နှိုင်းယှဉ်ရင် နက်မှောင်တဲ့ အသားအရောင်ရှိသူတွေမှာ အသားအရည်နဲ့ မျက်လုံးအရောင်တွေကို ပေးစွမ်းပြီး ကာကွယ်ပေးတဲ့ melanin လို့ခေါ်တဲ့ အတော်အရေးပါတဲ့ ရောင်ခြယ်ဓါတ် အများအပြား ရှိတတ်ကြပါတယ်။ အဲ့ဒါရဲ့ကျေးဇူးနဲ့ အသားအရောင် ရင့်တဲ့သူတွေမှာ မရင့်တဲ့ သူတွေအောက် အရေပြားကင်ဆာ ဖြစ်နိုင်ချေ နည်းပါးပါတယ်။ ဒါပေမယ့် နည်းပါးတယ်ဆိုတာ လုံးဝမဖြစ်တော့ဘူးလို့ မဆိုလိုပါဘူး။

အသားအရောင်ရင့်သူတွေမှာ ဖြစ်တဲ့ အရေပြားကင်ဆာ

လေ့လာဆန်းစစ်ချက်အရ အသားအရောင်ရင့်တဲ့သူတွေမှာ အရေပြားကင်ဆာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆအမှား ရှိတတ်ကြပါတယ်။ တကယ်တော့ အသားရောင် ဖျော့တဲ့သူတွေမှာ ကင်ဆာဖြစ်စေတဲ့ဓါတ်ကို ကာကွယ်ပေးတဲ့ melanin ပါဝင်မှု နည်းပါးပါတယ်။ အရေပြားကင်ဆာဟာ အသားရောင်ရင့်တဲ့သူတွေမှာ သေစေနိုင်တဲ့အထိ ပိုပြီး အန္တရာယ်ရှိပါတယ်။ လူတိုင်းလိုပဲ အသားရောင်ရင့်တဲ့သူတွေလည်း အရေပြားကင်ဆာ ဖြစ်စေတဲ့ ယေဘုယျအဖြစ်ဆုံးအချက်ဖြစ်တဲ့ နေလောင်တာ ဖြစ်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အပြင် မျိုးရိုးရှိတာ သို့မဟုတ် ပတ်ဝန်းကျင်လွှမ်းမိုးမှုတွေကြောင့်လည်း အခြား အရေပြားကင်ဆာ အမျိုးအစားတွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသားရောင် ရင့်တဲ့သူတွေမှာ သေစေနိုင်တဲ့၊ အန္တရာယ်အလွန်များတဲ့ Melanoma ပုံစံတစ်မျိုးဖြစ်တဲ့ Acral Lentiginous Melanoma (ALM) ပိုပြီး အဖြစ်များတတ်ပါတယ်။ အသားရောင်ရင့်တဲ့သူတွေမှာ အရေပြားကင်ဆာ ဖြစ်ပြီဆိုရင် နောက်ဆုံးအဆင့် ဖြစ်လေ့ရှိပါတယ်။ ကျွန်တော်တို့အားလုံး သိပြီးသားပါ။ ကင်ဆာရောဂါဆိုတာ စောစောသိပြီး ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်တာပါ။ ဒါပေမယ့် နောက်ဆုံး အဆင့်တွေဆိုရင်တော့ ဒီအန္တရာယ်ရှိတဲ့ အရေပြားရောဂါ အမျိုးအစားကို ကုသဖို့ ခက်ခဲသွားပြီလို့ ယူဆရပါတယ်။

အရေပြားကင်ဆာဟာ ကနဦးအဆင့်မှာ ကုသလို့ရတာမို့ ယေဘုယျအဖြစ်ဆုံးဖြစ်တဲ့ အောက်ပါ လက္ခဏာ ၃ ရပ်ကို ဘယ်လို ရှာဖွေတွေ့ရှိနိုင်မလဲဆိုတာကို သိရင် အကောင်းဆုံးပါပဲ။

၁။ Basal cell Carcinomas

အာဖရိကန်-အမေရိကန် နိုင်ငံသားများထက်စာရင် စပိန်ဘာသာစကားပြောနိုင်ငံသားများ၊ တရုတ်၊ ဂျပန်နိုင်ငံသားများမှာ မြင်တွေ့လေ့ရှိတဲ့ ဒီကင်ဆာအမျိုးအစားဟာ ဦးခေါင်း၊ လည်ပင်း၊ ကိုယ်၊ ခြေလက် စတဲ့ နေရောင်ခြည်ထိတွေ့တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ များသောအားဖြင့် ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့် Basal cell carcinomas ဟာ သင့်ခန္ဓါကိုယ်ရဲ့ နေသိပ်မထိတဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။ Basal Cell Carcinomas ရဲ့ သတိပေးသင်္ကေတတွေကတော့ သွေးမတိတ်တဲ့ အကွက်၊ အဖုအထစ်၊ ကြီးထွားမှု သို့မဟုတ် အပွန်းအပဲ့တွေနဲ့ တခြားနေရာမှာ အသားမာတက်တာတွေ ဖြစ်ပါတယ်။ ဒီသင်္ကေတတွေက လအတန်ကြာ မပျောက်ကင်းတာ ဒါမှမဟုတ် မပျောက်ကွယ်နိုင်ပါဘူး။

၂။ Squamous Cell Carcinoma

Squamous Cell Carcinoma ဟာ ခန္ဓါကိုယ်ရဲ့ squamous cell တွေမှာ ဖြစ်ပွားတတ်တဲ့ အရေပြားကင်ဆာအမျိုးအစားပါ။ အသားအရောင်ရင့်တဲ့ သူတွေထဲမှာ အာဖရိကန်-အမေရိကန်လူမျိုးနဲ့ အာရှ-အိန္ဒိယလူမျိုးတွေမှာ ဒီရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်ပါတယ်။ ဒါက ကုသနိုင်ပေမယ့်လည်း အာဖရိကန်-အမေရိကန်လူမျိုးတွေဟာ ဒီရောဂါကြောင့် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ နောက်ဆုံးအဆင့်မှာ ဒါက lymph node တွေနဲ့ တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ဖြစ်ပွားနိုင်ပါတယ်။ လူတစ်ယောက်ဟာ Squamous Cell Carcinoma ဖြစ်တဲ့အခါ အကျိတ်၊ အနီရောင် အကြေးခွံလို အကွက်တွေ၊ ကြွက်နို့လိုမျိုး အဖုတွေ၊ တခါတရံ အသားမာ သို့မဟုတ် သွေးထွက်တဲ့ အနာတွေကို တွေ့ရတတ်ပါတယ်။

၃။ Melanoma

အရေပြားပေါ်က မှဲ့နဲ့ အညိုရောင် အစက်အပြောက်လေးတွေက အများအားဖြင့်တော့ အန္တရာယ်မရှိဘူးလို့ ယူဆကြပေမယ့် အဲ့ထဲက တချို့က ပိုရှုပ်ထွေးတဲ့ အခြေအနေတွေကို အချက်ပေးနေတတ်ပါတယ်။ တကယ်လို့ သင်က ပုံမှန်မဟုတ်တဲ့၊ ခဲတံထိပ်ထက် ပိုကြီးတဲ့ အရွယ်အစားနဲ့ ဘေးမှာ အရောင်တစ်ရောင်ထက် ပိုတဲ့ မှဲ့တွေ ဝန်းရံနေတဲ့ မှဲ့အသစ်တွေကို သတိထားမိရင် ဒါဟာ Melanoma ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ တစ်ကိုယ်လုံးမှာ မှဲ့ အခု ၁၀၀ ထက်ပိုရင် သင့်မှာ Melanoma ဖြစ်နိုင်ချေ ပိုများတာလို့ ဆိုနိုင်ပါတယ်။

ဘာလူမျိုးပဲ ဖြစ်နေပါစေ လူတိုင်း အရေပြားကင်ဆာ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် နေရောင်ခြည်နဲ့ ပိုပြီး ထိတွေ့ရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အသားအရောင်ရင့်တဲ့သူတွေမှာ ပိုဖြစ်နိုင်ပေမယ့် အချိန်မရွေး ဖြစ်နိုင်တဲ့ မသိသာပုန်းကွယ်နေတဲ့ အန္တရာယ်ကိုတော့ သတိထားသင့်ပါတယ်။ သင့်အရေပြားမှာ မူမမှန်တဲ့ ပြောင်းလဲမှုတွေကို သတိထားမိရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လုပ်ပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။