သင့်တွင် သားဥအိမ် ကင်ဆာရှိပါက အစားအသောက် ကို ပိုဂရုစိုက် စားသောက်ဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓါကိုယ်က ကျန်းမာကြံ့ခိုင်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ထို့ကြောင့် အစားအသောက် နှင့် ပက်သက်သော နည်းလမ်းများကို ဖေါ်ပြထားပေးပါတယ်။
သင့်တွင် သားဥအိမ် ကင်ဆာရှိပါက အစားအသောက် ကို ပိုဂရုစိုက် စားသောက်ဖို့ လိုအပ်ပါတယ်။ သင့်ခန္ဓါကိုယ်က ကျန်းမာကြံ့ခိုင်ဖို့ အားအင်တွေ လိုအပ်ပါတယ်။ ထို့ကြောင့် အစားအသောက် နှင့် ပက်သက်သော နည်းလမ်းများကို ဖေါ်ပြထားပေးပါတယ်။

သားဥအိမ်ကင်ဆာ ကုဆေးသွင်းကုသခြင်းက သင့်ရဲ့ လျှာပေါ်က အရာသာခံအဖုလေးများကို ထိခိုက်စေပါတယ်။ အစားအစာများကို သန့်ရှင်း လတ်ဆတ်အောင် အရသာရှိအောင် ချက်ပြုတ်စားသောက်သင့်ပါတယ်။ ကုသမှု ခံယူစဉ် အသားနှင့် ရေကို စားသုံးလိုစိတ်မရှိခြင်း ဖြစ်တတ်ပါတယ်။ အသားမစားလိုပါက အသားဓါတ်ပါသော ဥ၊ နို့၊ ပဲ နှင့် ငါးများကို စားသုံးနိုင်ပါတယ်။ ရေအစား အားဖြည့် အချိုရည်၊ သို့မဟုတ် ရေထဲ သံပုရာသီး အနည်းငယ်ညှစ်ပြီးသောက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။
သားဥအိမ်ကင်ဆာရှိသူများသည် ကာဗိုဟိုက်ဒရိတ် စားသုံးခြင်းကို လျှော့ချခြင်းဖြင့် သွေးတွင်း သကြားဓါတ်နှင့် သွေးပေါင်တို့ကို ကျစေပါတယ်။ သို့မှ နေရ သက်သာပါလိမ့်မယ်။
သင်စားသော အစားအစာနဲ့ ခံစားရသော ရောဂါလက္ခဏာများကို ရေးချ မှတ်တမ်းတင်ထားသင့် ပါတယ် ။ အစားအစာအချို့က ပျို့ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ တို့ကို ဖြစ်စေပြီး မည်သည့် အစားအစာက မိမိကို ပိုဆိုးစေလည်း၊ မည်သည့်အစားအစာက မိမိကို သက်သာစေသလည်းကို သိနိုင်ပါတယ်။
သင့် ခန္ဓါကိုယ်မှ ရေဓါတ်ကို လိုသလောက်ရရှိပါစေ။ ရေဓါတ်နည်းခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကြောင့် ခံတွင်းများ ခြောက်သွေ့ခြင်း၊ မျက်လုံးများ ချိုင့်ဝင်ခြင်း၊ ဆီးသွားနည်းခြင်း၊ အဝါရင့်ရောင် ဆီးသွားခြင်း နှင့် မျက်ရည်မထွက်နိုင်တော့ခြင်းများ ဖြစ်တတ်ပါတယ်။ ထို့ကြောင့်
ထိုသို့မဖြစ်စေရန် ရေကို လုံလောက်စွာ နေ့စဉ် သောက်သင့်ပါတယ်။
သင့် နေ့စဉ် အစားအစာများတွင် အသီးအရွက်များ ပိုထည့်စားသုံးပါက သားဥအိမ်ကင်ဆာ ဖြစ်နိုင်ချေကို လျော့နည်းစေသည်ဟု လေ့လာတွေ့ရှိပါတယ်။ အသီးအရွက်များ နေ့စဉ် စားပါက သားဥအိမ်ကင်ဆာ ဖြစ်နိုင်ချေကို ၁၀% လျော့နည်းစေပါတယ်။ သားဥအိမ်ကင်ဆာဝေဒနာရှင်အတွက် အကောင်းဆုံး မှာ အနည်းဆုံး ၅၀% အသီးအရွက် ၊ တစ်ခါတစ်ရံ ၁၀၀% အသီးအရွက် စားသုံးခြင်းဖြစ်သည်ဟု ပညာရှင်များက ဆိုကြတယ်။
ရေအစား လတ်ဆတ်သော အသီးဖျော်ရည် များသောက်သုံးခြင်းဖြင့် ကျန်းမာပြီး ရေဓါတ်ဖြည့်တင်းပေးပါတယ်။ ဝမ်းချုပ်ခြင်း နှင့် အူလမ်းကြောင်းပိတ်ခြင်းများ ရှိပါက ပိုမို အကျိုးပြုပါတယ်။
အစာအာဟာရက သင့်ကို ကျန်းမာစေဖို့ အဓိကနေရာက ပါဝင်ပါတယ်။ အထူးသဖြင့် သားဥအိမ်ကင်ဆာတွင် ဆေးကုသမှု အကောင်းဆုံးခံယူရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ စားဖို့ အရေးကြီးပါတယ်။
Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။