brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကဘာလဲ။

မအင်္ဂါကင်ဆာသည် အမျိုးသမီး၏မျိုးပွားအင်္ဂါအပြင်ဖက ်Vulva ပိုင်းတွင်ဖြစ်ပွားသော ကင်ဆာဖြစ်သည်။ ဖြစ်ပွားသောဧရိယာတွင် မအင်္ဂါခေါင်း၊ မအင်္ဂါနှုတ်ခမ်း၊ မအင်္ဂါစေ့နှင့် ဆီးစအရိုးနေရာရှိ အရေပြားနှင့်တစ်ရှူးများ ပါဝင်ပါသည်။

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ)

Vulvar ကင်ဆာသည် မအင်္ဂါနှုတ်ခမ်းအပြင်ဖက်ပိုင်းတွင် အဖြစ်များဆုံးဖြစ်သည်။ အတွင်နှုတ်ခမ်းသားနှင့် မအင်္ဂါစေ့တို့တွင် သိပ်မဖြစ်တတ်ပါ။ ဒီကင်ဆာသည် တခြားသောလိင်ကင်ဆာများဖြစ်သော သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာတို့နှင့်ယှဉ်ကြည့်ပါက အဖြစ်နည်းပါသည်။

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

Vulvar cancer သည် ရှားပါးသောကင်ဆာမျိုးဖြစ်သည်။ အမျိုးသမီးကင်ဆာများတွင် ၁% လောက်သာရှိသည်။ အသက် ၅၀ ကျော်မှသာ အများဆုံးတွေ့ရသည်။ ဖြစ်ပွားမှုကိုမြင့်စေသည့်အချက်များကိုလျော့ချခြင်းဖြင့် စီမံနိုင်၏။ ပိုမိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

လက္ခဏာများ

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများသည့် လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

• မအင်္ဂါတစ်ဝိုက်တွင် နာခြင်း၊ လိင်ဆက်ဆံစဉ်နာခြင်း၊ ဆီးသွားစဉ်နာခြင်း

• မအင်္ဂါတစ်ဝိုက်တွင် အတော်ကြာကြာ ယားယံခြင်း

• နှုတ်ခမ်းသားထူလာခြင်း၊ အကြိတ်ပေါ်လာခြင်း

• မအင်္ဂါရှိအရေပြားတွင် ကြွက်နို့ကဲ့သို့အရာများပေါက်လာခြင်း

• ရာသီလာခြင်းနှင့်မဆိုင်သော သွေးများအရည်များကျခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲ၌မပါဝင်သော အခြားလက္ခဏာများလည်းရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

များသောအားဖြင့် vulvar ကင်ဆာသည် လက္ခဏာများက်ု အရင်မပြတတ်ပါ။ သို့သော်စမ်းသပ်ဖို့ရာအတွက်အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်ပြပါ။

• မအင်္ဂါတွင် အကြိတ်ပေါ်ခြင်း

• မအင်္ဂါယားခြင်း နာခြင်း

• ရာသီနှင့်မဆိုင်သော သွေးယိုခြင်း

• မအင်္ဂါအရေပြားအရောင်ပြောင်းခြင်း

သင့်၌ vulvar ကင်ဆာမရှိလျှင် သင့်ဆရာဝန်အား HPV ကာကွယ်ဆေးထိုးဖို့ ဆွေးနွေးကြည့်ပါ။ များသောအားဖြင့် ဒီကာကွယ်ဆေးကို အမျိုးသမီးအသက် ၁၃ မှ ၂၆ အတွင်းထိုးရန် လမ်းညွှန်ထားပါသည်။

အကြောင်းရင်းများ

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ဘာကဖြစ်စေလဲဆိုတာ သေချာမသိရပါ။ ယေဘုယျအားဖြင့် ဆရာဝန်များသိကြသည်မှာ ကင်ဆာဆိုသည်မှာ DNA တွေ mutation ဖြစ်သည့်အခါပေါ်လာခြင်းဖြစ်သည်။ Mutation ဖြစ်လျှင် ဆဲလ်များသည် ကွဲလွယ်ပွားလွယ်ဖြစ်လာသည်။

၎င်းဆဲလ်နှင့်ပွားလာသောဆဲလ်များသာရှင်ပြီး သာမာန်ဆဲလ်များကိုသေစေနိုင်သည်။ ၎င်းဆဲလ်များစုရာကနေ ကင်ဆာအကြိတ်ဖြစ်လာပြီး အနီးရှိတစ်ရှူးများကိုထိုးဖောက်ခြင်း၊ တခြားအင်္ဂါများကိုပျံနှံ့ခြင်းများ ဖြစ်လာနိုင်သည်။

Risk factors

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

တစ်ချို့အချက်များသည် Vulvar ကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသည်။

အသက်ကြီးခြင်း။ ကင်ဆာဖြစ်ပွားနိုင်ချေသည် အသက်ကြီးလာသည်နှင့်အမျှမြင့်လာပါသည်။ ရောဂါအမည်တပ်နိုင်သည့် ပျှမ်းမျှအသက်သည် ၆၅ နှစ်ဖြစ်သည်။ Human Papilloma ဗိုင်းရပ်စ်ပိုးကူးစက်ခံရလျှင်ဖြစ်နိုင်၏။ HPV သည် လိင်မှတစ်ဆင့်ကူးစက်နိုင်ပြီး Vulvar ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလို ကင်ဆာများကို ဖြစ်စေနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း။

HIV ပိုးကူးစက်ခံရခြင်း

မအင်္ဂါတွင် ကင်ဆာမတိုင်မီအခြေအနေများရှိနေခြင်း

မအင်္ဂါ၏အရေပြားအခြေအနေ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

သာမာန်တင်ပဆုံပိုင်းစစ်ဆေးမှုမှ မအင်္ဂါတွင်အစောပိုင်းပြောင်းလဲမှုများကို ဆရာဝန်များကသိနိုင်သည်။ စမ်းသပ်ခြင်းမှ ရောဂါလက္ခများရှိလျှင် အသားစစစ်ဆေးဖို့ လိုအပ်နိုင်သည်။ အသားစစစ်ဆေးမှုတွင် ကင်ဆာဆဲလ်များတွေ့ရပါက တခြားပျံ့နှံ့နေသည့်နေရာရှိမရှိ ထပ်မံစစ်ဆေးရန်လိုအပ်ပါသည်။

Vulvar Cancer (မိန်းမကိုယ်ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကင်ဆာအမျိုးအစား၊ အရွယ်အစားနှင့် ပျံ့နှံ့နေမှုအပေါ်မူတည်ပြီး ကုသပုံကွဲ၏။ အစက်အပြောက်လောက်သာရှိသော ကင်ဆာသေးသေးများကို လေဆာသုံးပြီး ရှို့ပစ်နိုင်သည်။ ခွဲထုတ်ခြင်း မအင်္ဂါအနည်းငယ်ဖြတ်ထုတ်ခြင်းလို ခွဲစိတ်မှုမျိုးအား ပုံမှန်မဟုတ်သည့်တစ်ရှူးများကိုကိုခွဲထုတ်ပြီး ကျန်းမာသည့်တခြားတစ်ရှူးများကို ချန်ထားရန်သုံးနိုင်သည်။

ကြီးမားသောကင်ဆာများအတွက်မူ မအင်္ဂါဖြတ်ထုတ်ဖို့လိုအပ်ပါမည်။ ဒီခွဲစိတ်ကုသမှုတွင် မအင်္ဂါတစ်ခုလုံးဖြတ်ထုတ်ပစ်ရမည်ဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Vulvar ကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် vulvar cancer ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကျန်းမာရေးအခြေအနေနှင့် ကင်ဆာရောဂါတိုးတက်မှုအခြေအနေကိုသိရှိရန် ဆရာဝန်နှင့်မှန်မှန်ပြပါ။

ဆရာဝန်၏ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ညွှန်ထာသေားဆေးကိုသောက်ပါ။

ရောဂါဖြစ်နိုင်ချေရှိသောအချက်များကို တတ်နိုင်သမျှလျော့ချပါ။ Vulvar ကင်ဆာရှိသောအမျိုးသမီးအများစုတွင် HPV ပိုးကူးစက်ခံရမှုရှိနေပါသည်။

အကာအကွယ်ဖြင့်လိင်ဆက်ဆံပါ။ လိင်မှတဆင့်ရောဂါကူးစက်မှုရှိနိုင်သည့်အခွင့်အရေးများရှိသည်ဟုထင်ပါက ကွန်ဒုံးအသုံးပြုပါ။

မအင်္ဂါနှုတ်ခမ်းသားထူလျှင် နာလျှင် မပေါ့စပါနှင့်

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Dr. Hlaing Min Ko Ko · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။