backup og meta

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ကမ္ဘာတလွှားမှာ ကင်ဆာဖြစ်ပွားနှုန်းက ဆက်လက်မြင့်တက်လာနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါကြောင့် သေဆုံးသူဦးရေ ၉.၆ သန်းရှိလာခဲ့ပြီး ကင်ဆာက ဒုတိယ သေဆုံးမှု အများဆုံး ရောဂါတစ်ရပ် ဖြစ်လာပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) ကတော့ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါ ခံစားနေသူ ၁၄၁၀၂၁ ဦးရှိခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း အာရှဒေသမှာ ကင်ဆာ ရောဂါဖြစ်ပွားမှုဟာ ၉.၅ သန်းကျော် ရှိလာခဲ့ပါတယ်။ 

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ယနေ့ခေတ်မှာ ကင်ဆာရောဂါဟာ အကြီးမားဆုံးသော ကျန်းမာရေးပြဿနာကြီးတစ်ရပ် ဖြစ်လာနေပါတယ်။ လူတိုင်းလူတိုင်း ဟာ ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးက  ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ကို လူတိုင်းလိုလို သိရှိထားဖို့ပါ။

ကင်ဆာဆိုတာ ဘာလဲ။

ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက ပုံမှန် ကြီးထွားကွဲပွားနေပါတယ်။ ကင်ဆာဆိုတာကို ဆေးပညာရပ် စကားရပ်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုရမယ်ဆိုရင် ခန္ဓာကိုယ်က ဆဲလ်တွေ ထိန်းချုပ်မရတဲ့ အနေအထား တစ်ရပ်နဲ့ ကြီးထွားကွဲပွားတာကို ဆိုလို တာပါ။ ဆဲလ်တွေ အလွန်အမင်း ထုတ်လုပ်တာမျိုးပေါ့။ ဆဲလ်တွေ အလွန်အမင်း ထုတ်လုပ်ဖြစ်ပေါ်မှုကနေ စုမိပြီး အကျိတ်တွေ ဖြစ်လာပါတယ်။ အကျိတ်တွေက အစောပိုင်းမှာ ကင်ဆာ မဟုတ်တဲ့ ရိုးရိုးအကျိတ်လည်းရှိသလို ကင်ဆာဖြစ်လာတာမျိုးလည်း ရှိပါတယ်။

ကင်ဆာက အမျိုးအစား ၁၀၀ ကျော်ရှိပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်က ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီ ပြန့်နှံ့သွားနိုင်ပါတယ်။ အကျိတ်တွေ မဖြစ်တဲ့ ကင်ဆာတွေလည်း ရှိပါတယ်။ ဥပမာ သွေးကင်ဆာလိုမျိုးပါ။

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ

ကင်ဆာဖြစ်စေနိုင်တဲ့ အဓိကကျတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ဒီအကြောင်းအရာတွေက ကင်ဆာဖြစ်နိုင်ခြေ အပေါ်ကို တိုက်ရိုက်ကြီး သက်ရောက်နေတာ မဟုတ်ပေမယ့် ဒီဖြစ်နိုင်ခြေ ၁ ခု ဒါမှမဟုတ် ၁ ခုထက်ပိုတဲ့ အခြေအနေတွေ ရှိနေမယ်ဆိုရင် ကင်ဆာကို အရမ်း ပြင်းထန်တဲ့ အခြေအနေမှ သိရတာမျိုး မဖြစ်စေဖို့နဲ့ စောစောသိရှိကုသနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

အသက်အရွယ်

ကင်ဆာက အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေမှာတော့ ကင်ဆာဖြစ်နိုင်ခြေက ပိုများနေပါတယ်။ ကင်ဆာ အများစုက အသက်ရလာလေလေ​ ဖြစ်နိုင်ခြေ များလာလေလေပါ။

ဘဝနေထိုင်မှုပုံစံတွေဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အဆီများတဲ့ အစားအစာတွေ စားတာ၊ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ရှိတဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတာတွေကြောင့်လည်း အသက်အရွယ် ကြီးရင့်သူတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေ ပိုများနေတာပါ။ ကင်ဆာဖြစ်ပွားနေတဲ့ ကလေးအများစုကတော့ ငယ်စဉ်မှာ ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ ဘ​ဝနေထိုင်မှု ပုံစံနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့မိခဲ့တာကြောင့်ပါ။

အဝလွန်ခြင်း

အဝလွန်တဲ့သူတွေမှာလည်း ကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ အဝလွန်တဲ့အခါ ဝမ်းဗိုက်တွင်းပိုင်းက အဆီတွေကြောင့် ရောင်ရမ်းမှု ဖြစ်တာ ဒါမှမဟုတ် ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တဝိုက်မှာ အဆီတွေဖြစ်တာကြောင့် ရောင်ရမ်းတာတွေ ဖြစ်တာကြောင့်ပါ။

ရောင်ရမ်းမှုက ပန်ကရိကနေ အင်ဆူလင် များစွာ ထွက်ရှိအောင် လှုံ့ဆော်သလို အဆီဆဲလ် အပိုတွေက အက်စထရိုဂျင်တွေကို ပိုဖြစ်စေနိုင်ပါတယ်။ အင်ဆူလင် များတာ အက်စထရိုဂျင် များတာတွေက ဆဲလ်တွေကို ပုံမှန်ထက် ကွဲပွားစေပြီး ကင်ဆာဆံလ်တွေ ဖြစ်ပေါ်လာစေပါတယ်။

မျိုးရိုးရှိခြင်း

မိသားစု မျိုးရိုးစဉ်ဆက်မှာ ကင်ဆာရောဂါတွေ ခံစားရဖူးတဲ့ ရာဇဝင်ရှိတာကလည်း ကင်ဆာဖြစ်နိုင်ခြေ များစေတဲ့ အကြောင်းအရင်းပါ။ ကင်ဆာက မျိုးရိုးမှာ တစ်ကြိမ် ဖြစ်ဖူးမယ်ဆိုရင်ကို ပုံစံမတူတဲ့ ကင်ဆာတွေကို ခံစားရနိုင်ပါတယ်။

ဒီလို ကင်ဆာ ခံစားရတာက မျိုးဗီဇ ပြောင်းလဲမှုကြောင့်လားဆိုတာကို သေသေချာချာ မသိရသေးသလို မိသားစုဝင်တွေ နေထိုင်ရာ ဝန်းကျင်မှာရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုကြောင့်လား။ ဒီအချက်တွေ စုမိသွားတာကြောင့်လား။ ရိုးရှင်းတဲ့ တိုက်ဆိုင်မှုလားဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။

ကိုယ်ခံအား နည်းခြင်း

ကိုယ်ခံအားက ခန္ဓာကိုယ်ကို ကူးစက်ရောဂါတွေနဲ့ ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ် ပြောင်းလဲသွားတဲ့အခါ ခန္ဓာကိုယ်က ရောဂါတွေကို ခုခံဖို့ အားနည်းသွားပါတယ်။

ကိုယ်ခံအားကို ချထားတဲ့ ဆေးဝါးတွေ၊ ခုခံအားကျဆင်းတဲ့ ရောဂါ ခံစားနေရသူတွေမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ထုတ်နိုင်စွမ်း မရှိတာကြောင့် ကင်ဆာ ဖြစ်လာရတာပါ။ မျိုးဗီဇ မူမမှန်မှုကလည်း ကိုယ်ခံအားကို ပြောင်းလဲစေပြီး Wiskott-Aldrich syndrome နဲ့ Beckwith-Wiedemann syndrome တွေကို ခံစားရစေနိုင်ပါတယ်။ 

ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မိခြင်း

အချို့သော ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုတွေကလည်း ကလေးအရွယ်မှာ ခံစားရနိုင်တဲ့ Hodgkin ပြန်ရည်ကြော သွေးကင်ဆာ နဲ့ non-Hodgkin သွေးကင်ဆာတွေ ခံစားရနိုင်ခြေ မြင့်စေပါတယ်။ ဒါတွေအပြင် Epstein-Barr  ဗိုင်းရပ်စ် နဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ဖြစ်စေနိုင်တဲ့ HIV ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။ 

ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခြင်းရာများ

ဆဲလ်တွေရဲ့ ကြီးထွားကွဲပွားမှု ပြောင်းလဲတဲ့အခါ ကင်ဆာ ဖြစ်လာပါတယ်။ ကင်ဆာဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေနဲ့ ထိတွေ့တာကြောင့်ပါ။ ဒီလို ထိတွေ့တာက DNA (မျိုးဗီဇဆဲလ်တွေ) ကို ပျက်စီးစေပြီး ဆဲလ်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတွေကို ပတ်ဝန်းကျင်က carcinogens တွေလို့ခေါ်ပါတယ်။ 

ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့တာ

အငြင်းပွားစရာကောင်းတဲ့ အများစု ယုံကြည်ထားတဲ့ အကြောင်းအရင်းက ဆဲလ်ဖုန်းတွေက ထွက်တဲ့ အလင်းရောင် နဲ့ စွမ်းအင်တွေက ကင်ဆာ မဖြစ်စေနိုင်လောက်ပါဘူး။ ပြင်းအားများတဲ့ ဓာတ်ရောင်ခြည်တွေ ဥပမာ radon၊ x-rays၊ gamma rays၊ alpha particles၊ beta particles နဲ့ neutrons တွေက DNA (မျိုးဗီဇဆဲလ်တွေ) ကို ပျက်စီးစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာပါ။

radon ဒါမှမဟုတ် နျူကလီးယား စက်ရုံတွေမှာ အဆိုပါရောင်ခြည်တွေက ကျောက်တုံးတွေ မြေဆီလွှာတွေကို ထွင်းဖောက်ပြီး လူတွေကို ထိတွေ့မှုကြောင့် ကင်ဆာ ဖြစ်စေနိုင်ပါတယ်။

ကဲ ….. ကိုယ်တိုင်မှာရော ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ ထဲက ဘယ်နှချက်လောက်နဲ့များ တိုက်ဆိုင်နေပါသလဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cancer.gov/about-cancer/causes-prevention/risk/age Accessed Date 20 December 2021

https://stanfordhealthcare.org/medicalconditions/cancer/cancer/cancer-causes.html Accessed Date 20 December 2021

https://www.cancer.gov/about-cancer/causes-prevention/risk/immunosuppression Accessed Date 20 December 2021

https://www.cancer.gov/about-cancer/causes-prevention/risk/substances Accessed Date 20 December 2021

https://www.cancer.gov/about-cancer/causes-prevention/risk/obesity/obesity-fact-sheet Accessed Date 20 December 2021

https://www.cancer.gov/about-cancer/causes-prevention/risk/radiation Accessed Date 20 December 2021

ယခုပုံစံ

02/02/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာကို ဘယ်လို အဆင့် သတ်မှတ်ကြသလဲ။

ကင်ဆာကုသမှု နဲ့ ပတ်သက်ပြီး အထင်လွဲနေတဲ့ အချက်များ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ