backup og meta

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

ကင်ဆာ ဆိုတာကို ကြားလိုက်ရင် အရင်ဆုံး ခေါင်းထဲရောက်လာတဲ့ အတွေးက ငါတော့ သေရတော့မယ် ထင်တယ်ဆိုတာပါ။ အခုနောက်ပိုင်းမှာ ဆေးပညာတွေ တိုးတက်လာတာကြောင့် အချို့သော ကင်ဆာတွေကို ကုသနိုင်တယ်ဆိုပမယ့် ကင်ဆာ အပါအဝင် ဘယ်ရောဂါမှ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဒီတစ်ခေါက်တော့ ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ HPV Vaccine က ကင်ဆာကို ဘယ်လို ကာကွယ်ပေးသလဲဆိုတဲ့အကြောင်း ပြောပြပေးချင်ပါတယ်။

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

HPV ဆိုတာ

Human papillomavirus (HPV) ဆိုတာက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါ (STD) တစ်မျိုးပါ။ HPV ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာတော့ လိင်တံကင်ဆာဖြစ်နိုင်ပါတယ်။ စအိုနဲ့လည်ချောင်းလိုမျိုး ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါတွေခံစားရနိုင်ပါတယ်။

Human papillomavirus (HPV) ဗိုင်းရပ်စ်ကူးစက်ခံရမှုက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် HPV ဗိုင်းရပ်စ်ကာကွယ်မှုကို အမျိုးသမီးတွေအတွက် အဓိကထားလုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတင်မဟုတ်ပါဘူး။ အမျိုးသားတွေမှာ HPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုက တစ်ဆတစ်ဆများလာတာနဲ့အတူ ဒီရောဂါအန္တရာယ်ကတော်တော်လေးကြီးလာပါတယ်။

HPV ကူးစက်ခံရရင် ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ

အချို့သူတွေမှာတော့ ရောဂါကူးစက်ခံထားရပေမယ့် လက္ခဏာမပြတာမျိုးရှိတတ်ပါတယ်။ ရောဂါလက္ခဏာပြတဲ့သူတွေမှာတော့ လိင်အင်္ဂါမှာ အဖြူရောင် အကွက်တွေဖြစ်တာ (သို့မဟုတ်) ပန်းဂေါ်ဖီလိုမျိုး ကြွက်နို့တွေ အစုလိုက်ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာရောဂါဖြစ်တဲ့အထိရောက်သွားပြီဆိုရင်တော့ ဖြစ်တဲ့နေရာပေါ်လိုက်ပြီး

  • စအိုကနေ သွေးထွက်တာ၊ နာကျင်တာ၊ ပြည်တည်တာ နဲ့ အထိမခံနိုင်အောင်နာတာ
  • စအို နဲ့ စအိုတဝိုက်က ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ
  • အူမကြီးလှုပ်ရှားမှု ပြောင်းလဲလာတာ
  • မျိုးပွားအင်္ဂါမှာ အရောင်သော်လည်းကောင်း ဒါမှမဟုတ် မြင်သာနိုင်တဲ့ ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်လာတာ
  • ဖိုမျိုးပွားအင်္ဂါက ပုံမှန်မဟုတ်ဘဲ ကြီးလာတာ၊ နာကျင်တာ
  • လည်ချောင်းတွေ၊ နားတွေ အမြဲလိုလိုနာကျင်နေတာ
  • ခဏခဏ ချောင်းဆိုးနေတာ
  • အစားအစာတွေမျိုချရခက်တာ၊အသက်ရှူရခက်တာ
  • ကိုယ်အလေးချိန်ကျလာတာ
  • အသံအက်တာ၊ အသံနာတာ
  • ဂုတ်မှာ အကျိတ်လိုမျိုး အဖုတွေထွက်လာတာ
  • အမျိုးသမီးတွေမှာဆိုရင် ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးခံစားရနိုင်ပါတယ်။

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာက သားအိမ်ခေါင်းကင်ဆာပဲလို့ ထင်စရာ ရှိပါတယ်။ တကယ်ကတော့ HPV vaccine က လိင်အင်္ဂါမှာ ရေယုန်မဖြစ်အောင် ကာကွယ်ပေးတဲ့ ကာကွယ်ဆေး တစ်မျိုးဆိုလည်း ဟုတ်ပါတယ်။ HPV vaccine ကို အမျိုးသားတွေရော အမျိုးသမီးတွေပါ ထိုးနှံလို့ ရပါတယ်။

HPV ဗိုင်းရပ်စ် ကူးစက်ခံရရင် အများစုကတော့ အလိုလိုပျောက်ကင်းတတ်ပေမယ့် တချို့တွေမှာတော့ ကင်ဆာအဆင့်ထိ ပြောင်းသွားတတ်ပါတယ်။ ပျောက်ကင်းတယ်ဆိုတာကလည်း ဆေးဝါးတွေကြောင့် ပျောက်ကင်းတာမဟုတ်ဘဲ ခုခံအားက တိုက်ထုတ်လိုက်လို့ ပျောက်သွားတာပါ။ တစ်ယောက်နဲ့ တစ်ယောက်က မတူညီတဲ့အတွက် တကယ်လို့များ မပျောက်ကင်းခဲ့ရင် ကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ဒါကြောင့် ကာကွယ်ထားတာက စိတ်အချရဆုံးပါ။

HPV ဗိုင်းရပ်စ် ကူးစက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့

  • သားအိမ်ခေါင်း ကင်ဆာ
  • မိန်းမကိုယ် ကင်ဆာ
  • မွေးလမ်းကြောင်း ကင်ဆာတွေ
  • လိင်တံကင်ဆာ
  • စအိုကင်ဆာ
  • လည်ချောင်းနောက်ဘက်ပိုင်းနားမှာဖြစ်တတ်တဲ့ ခံတွင်းကင်ဆာ စတာတွေ ဖြစ်နိုင်ပါတယ်။

ဒီကင်ဆာတွေ အပါအဝင် လိင်အင်္ဂါရေယုန် မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးတွေကို ကင်ဆာ ကာကွယ်ပေးချင်တယ်ဆိုရင် ကလေးက ၉ နှစ်လောက် ရောက်ပြီဆိုတာနဲ့ HPV vaccine ထိုးပေးထားတာက အထိရောက်ဆုံး ကာကွယ်နည်းပါ။

ကင်ဆာကို ကာကွယ်ပေးမယ့် ကာကွယ်ဆေးတွေ

HPV vaccine

HPV vaccineကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလို့ လူသိများကြပါတယ်။ ဒီ HPV vaccineက သားအိမ်ခေါင်းကင်ဆာကိုတင် မဟုတ်ပါဘူး။ HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါ တော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

HPV vaccineက လိင်အင်္ဂါ ရေယုန်ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကိုလည်း ကာကွယ်ပေးပါတယ်။ လိင်အင်္ဂါမှာ ရေယုန်ဖြစ်စေနိုင်တဲ့ human papillomavirus (HPV) ဗိုင်းရပ်စ်က ကင်ဆာတော်တော်များများကို ဖြစ်စေနိုင်သလို လိင်ကတဆင့် ကူးစက်နိုင်တဲ့ တခြားရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း များစေပါတယ်။

HPV vaccineကို အသက် ၁၁ နှစ် ကနေ ၁၂ နှစ်အရွယ် ဆယ်ကျော်သက်ကလေးတွေမှာ စပြီး ထိုးနှံပေးလို့ ရပါပြီ။ အစောဆုံး အနေနဲ့ အသက် ၉ နှစ်မှ စထိုးပေးလို့ ရပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ HPV vaccineက သားအိမ်ခေါင်းကင်ဆာ အပါအဝင် ကင်ဆာတော်တော်များများကို ကာကွယ်ပေးနိုင်ပါတယ်။

အသက် ၂၇ နှစ်အထိ HPV vaccine ထိုးလို့ ရပါတယ်။ အရင်က တစ်ခါမှ မထိုးဖူးဘူးဆိုရင်ပေါ့။ အသက် ၂၇ နှစ် ကျော်သွားပြီဆိုရင်တော့ ကာကွယ်ဆေးထိုးရင် ထိရောက်မှု ရှိမရှိဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအရွယ်လောက်ဆို လိင်ပိုင်းဆိုင်ရာ ထိတွေ့မှု ရှိနိုင်ခြေများလို့ပါ။

ဘာကြောင့်လဲဆိုတော့ HPV ကာကွယ်ဆေးက HPV ဗိုင်းရပ်စ် မကူးခင်ထိုးထားမှ ကူးစက်မှုကို ကာကွယ်နိုင်တာပါ။ ကူးပြီးသွားရင်တော့ ကာကွယ်ဆေးက မကာကွယ်ပေးနိုင်တော့ပါဘူး။

HPV vaccineက ထိရောက်တဲ့ ကာကွယ်မှုတွေကို ပေးစွမ်းနိုင်တာ မှန်ပေမယ့် HPV vaccineကို သားအိမ်ကင်ဆာ စစ်ဆေးမှု နည်းလမ်းတွေဖြစ်တဲ့ သားအိမ်အချွဲမြှေး စစ်ဆေးခြင်း (Pap) နဲ့ HPV စစ်ဆေးမှုများနေရာမှာတော့ အစားမထိုးသင့်ပါဘူး။ ဆိုလိုတာက ကာကွယ်ဆေးထိုးထားပေးမယ့်လည်း ဒီစစ်ဆေးချက်တွေကို ပုံမှန်လုပ်နေရဦးမှာပါ။

HPV ဗိုင်းရပ်စ်က အမျိုးပေါင်း ၂၀၀ကျော်လောက်ရှိပြီး ကာကွယ်ဆေးက အဖြစ်အများဆုံး ဗိုင်းရပ်စ်တွေကိုပဲ ကာကွယ်ပေးနိုင်တာကြောင့်ပါ။

HPV vaccine ထိုးပြီး ကာကွယ်လို့ရတဲ့ ကင်ဆာတွေ

HPV ဗိုင်းရပ်စ် ကူးစက်မှုရဲ့ နောက်ဆက်တွဲအနေနဲ့
  • သားအိမ်ခေါင်း ကင်ဆာ
  • မိန်းမကိုယ် ကင်ဆာ
  • မွေးလမ်းကြောင်း ကင်ဆာတွေ
  • လိင်တံကင်ဆာ
  • စအိုကင်ဆာ
  • လည်ချောင်းနောက်ဘက်ပိုင်းနားမှာဖြစ်တတ်တဲ့ ခံတွင်းကင်ဆာ စတာတွေ ဖြစ်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

There are Vaccines that Can Prevent Cancer and Reduce Cancer Risk https://prevention.cancer.gov/news-and-events/infographics/there-are-vaccines-can

Vaccines (Shots) https://www.cdc.gov/cancer/dcpc/prevention/vaccination.htm#:~:text=Vaccines%20(Shots),-Espa%C3%B1ol%20(Spanish)&text=The%20HPV%20vaccine%20can%20prevent,can%20help%20prevent%20liver%20cancer

Cancer Vaccines https://www.cancerresearch.org/en-us/immunotherapy/treatment-types/cancer-vaccines

Prevent 6 Cancers with the HPV Vaccine https://www.cancer.org/healthy/hpv-vaccine.html

How do vaccines work? https://www.who.int/news-room/feature-stories/detail/how-do-vaccines-work?adgroupsurvey={adgroupsurvey}&gclid=CjwKCAjwt7SWBhAnEiwAx8ZLaiVxi0lrLmbCX8PlL8-V-y-H4y80N_OcI1w0En924TuuNhfWnN1VxhoCAoAQAvD_BwE

Human Papillomavirus (HPV) Vaccination & Cancer Prevention https://www.cdc.gov/vaccines/vpd/hpv/index.html

Reasons to Get HPV Vaccine https://www.cdc.gov/hpv/parents/vaccine/six-reasons.html

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာရှိနေတာတောင် မျှော်လင့်ချက် မပျောက်ဆုံးခဲ့ပါ။

ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ