backup og meta

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ က ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ဒုတိယအမျိုးအစား ကင်ဆာတစ်ခုပါ။ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်ပွားနိုင်ပါတယ်။ အဆုတ်မှာဖြစ်တာဖြစ်ပြီး အသက်သေဆုံးသည်အထိ ပြင်းထန်ပါတယ်။

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ ဆိုတာ

အဆုတ်ကင်ဆာဆိုတာက အခြား ကင်ဆာတွေလိုပါပဲ ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေကနေ စတာပါ။ ပုံမှန်ကတော့ ခန္ဓာကိုယ်က မလိုအပ်ဘဲ ဆဲလ်ကွဲပွားတာမျိုး မဖြစ်စေဖို့ ဆဲလ်တွေ ပုံမှန် မဟုတ်တဲ့ ကြီးထွားမှုတွေ မဖြစ်စေဖို့ ထိန်းချုပ်ပေးထားပါတယ်။

ဒီစနစ် ပျက်ယွင်းသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ ပုံမှန် မဟုတ်တဲ့ ဆဲလ်ကွဲပွားမှုတွေ ဖြစ်ပြီး အကျိတ်တွေ ဖြစ်ပေါ်ရာကနေတဆင့် ကင်ဆာဖြစ်လာပါတော့တယ်။ အဆုတ်ကင်ဆာဆိုတာကလည်း အဆုတ်ထဲမှာ ပုံမှန်မဟုတ်​တဲ့ ဆဲလ် ကွဲပွားတာတွေ အကျိတ်တွေ ဖြစ်တာမျိုးကို ဆိုလိုတာပါ။

ဘယ်လို လက္ခဏာတွေ ရှိနိုင်လဲ။

အဆုတ်ကင်ဆာက လက္ခဏာမပြတာ ရှိသလို အခုလို လက္ခဏာလေးတွေလည်း တွေ့ရနိုင်ပါတယ်။ အဆုတ်ကင်ဆာက အစောပိုင်းမှာ လက္ခဏာ မပြရင်တောင် နောက်ပိုင်းမှာ အခုလို လက္ခဏာလေးတွေ တွေ့ရနိုင်ပါတယ်။

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ အမျိုးအစား

အဆုတ်ကင်ဆာဖြစ်တဲ့အခါ ကင်ဆာက အဆုတ်ကနေ စတင်ဖြစ်ပွားတာရှိသလို အခြားနေရာကနေ စတင်တဲ့ ကင်ဆာဆဲလ်က အဆုတ်ဆီ ရောက်လာတာမျိုးလည်း ရှိပါတယ်။

အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ ကင်ဆာကို primary lung cancer လို့ ခေါ်ပြီး အခြားနေရာကနေ ကင်ဆာဆဲလ်တွေ ပြန့်လာကနေ ဖြစ်ပွားတဲ့ အဆုတ်ကင်ဆာကိုတော့ secondary lung cancer ကင်ဆာလို့ ခေါ်ကြပါတယ်။

အဆုတ်ကနေ စတင်ဖြစ်ပွားတဲ့ primary lung cancer ကိုလည်း ကင်ဆာဆဲလ် စတင်ကြီးထွားပုံကိုလိုက်ပြီး အခုလို အမျိုးအစား ခွဲထားပါသေးတယ်။ ဒါတွေကတော့

  • Non-small-cell lung cancer – ဆဲလ်သေးသေးလေးတွေထဲမှာ ဖြစ်တာမဟုတ်တဲ့ကင်ဆာ အမျိုးအစားပါ။ အဖြစ်များတဲ့ အဆုတ်ကင်ဆာ အမျိုးအစားပေါ့။ အဆုတ်ကင်ဆာ ဖြစ်ပွားမှု ၈၇ ရာခိုင်နှုန်း နီးပါးရဲ့ ကင်ဆာဖြစ်ရခြင်း အကြောင်းအရင်းပေါ့။
  • Small-cell lung cancer – အဆုတ်ကင်ဆာဆဲလ် သေးသေးလေးတွေမှာ ဖြစ်တဲ့ ကင်ဆာအမျိုးအစားပါ။ အဖြစ်နည်းပေမယ့် ပြန့်နှံ့မှုက ဆဲလ်သေးသေးလေးတွေထဲမှာ ဖြစ်တာမဟုတ်တဲ့ ကင်ဆာ အမျိုးအစားထက် ပိုမြန်ပါတယ်။

ဒါက အဖြစ်များတဲ့ ကင်ဆာအမျိုးအစားတွေ ဖြစ်ပြီး တခြားအမျိုးအစားတွေလည်း ရှိပါသေးတယ်။

အဆုတ်ကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေ

အဆုတ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့

ဘယ်လို သိရှိကုသမလဲ။

အဆုတ်ကင်ဆာကုသမှုက ခံစားနေရတဲ့ အခြေအနေပေါ်ကို လိုက်ပြီး ကွာခြားနိုင်ပါတယ်။ စောစောသိပြီး စောစော ကုသမယ်ဆိုရင်တော့ ကင်ဆာဆဲလ်တွေ သိမ်ပြန့်ခင်မျာ အထိရောက်ဆုံး ဖယ်ရှား ကုသနိုင်မှာဖြစ်ပြီး အောင်မြင်နိုင်ခြေကလည်း အတော်လေး များပါတယ်။ ကင်ဆာဆဲလ်တွေကို ဖယ်ရှားတဲ့ နည်းနဲ့ ကုသလို့ ရပါတယ်။

နောက်တစ်မျိုးကတော့ ဓာတ်ရောင်ခြည် အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ နည်းနဲ့ အဆုတ်ကင်ဆာကို ကုသတာပါ။

ဓာတ်ရောင်ခြည် ကုထုံးအပြင် ဆေးသွင်း ကုသမှုနည်းနဲ့လည်း အဆုတ်ကင်ဆာကို ကုသလို့ ရပါသေးတယ်။

ရောဂါအခြေအနေကိုလိုက်ပြီး ခံယူရတဲ့ ကုသမှုတွေကတော့ ကွာခြားနိုင်ပါတယ်။

ဘယ်လို ကာကွယ်မလဲ။

အဆုတ်ကင်ဆာမဖြစ်စေဖို့ဆိုရင်

Takeaways

အဆုတ်ကင်ဆာက ကမ္ဘာမှာရော မြန်မာမှာပါ အဖြစ်များတဲ့ ကင်ဆာပါ။ ဖြစ်နိုင်တဲ့ အကြောင်းတွေ၊ လက္ခဏာတွေကို သိထားမယ်ဆိုရင် ရောဂါမရင့်ခင် စောစောစီးစီး ကုသမှု ခံယူနိုင်မှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Lung Cancer https://www.medicinenet.com/lung_cancer/article.htm Accessed Date 28 September 2020

Lung cancer https://www.nhs.uk/conditions/lung-cancer/ Accessed Date 28 September 2020

What Is Lung Cancer?  https://www.cancer.org/cancer/lung-cancer/about/what-is.html Accessed Date 28 September 2020

ယခုပုံစံ

26/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆုတ်လေး တွေကို ကျန်းမာအောင်၊ သန့်စင်အောင် ကူညီကြမယ်

အဆုတ်ကျန်းမာစေဖို့ နေ့စဉ် လုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း ၄ မျိုး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 26/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ