backup og meta

လူငယ်သူနာပြုများ ။ ။ အဆုတ်ကင်ဆာလူနာကလေးငယ်ကို ပြုစုတဲ့အခါ ဘာတွေသိထားဖို့လိုမလဲ

အခြားသူတစ်ယောက်ကို စောင့်ရှောက်ရခြင်းဟာ မလွယ်ကူပါဘူး။ အထူးသဖြင့် အဆုတ်ကင်ဆာ ကလေးတစ်ယောက်ကို စောင့်ရှောက်ရခြင်းဟာ ပိုလို့တောင် မလွယ်ကူပါဘူး။ ကင်ဆာ ဖြစ်နေတဲ့ ကလေးတစ်ယောက်ဟာ ပုံမှန်လူနာထက်ပိုပြီး ပြုစုစောင့်ရှောက်မှု လိုအပ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ စောင့်ရှောက်သူ တစ်ယောက်အနေနဲ့ သင့်ကလေးကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

လူငယ်သူနာပြုများ ။ ။ အဆုတ်ကင်ဆာလူနာကလေးငယ်ကို ပြုစုတဲ့အခါ ဘာတွေသိထားဖို့လိုမလဲ

အောက်ဖေါ်ပြပါ အချက်တွေကတော့ စောင့်ရှောက်သူတစ်ယောက်အနေနဲ့ သင့်ကိုကူညီပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

သင့်လူနာကျန်းမာရေး အပြင် အခြားဂရုစိုက်စရာတွေလည်း ရှိပါသေးတယ်။

တကယ်လို့ သင်ဟာ ငယ်ရွယ်သူဖြစ်ရင် စောင့်ရှောက်သူအနေနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ သင့်မိဘတွေရဲ့ ကူညီမှု လိုအပ်နိုင်ပါတယ်။ သင့်ကလေးကို စောင့်ရှောက်ဖို့အတွက် သူတို့ကို ကလေးကို ဖုန်းခေါ်စေပြီး နေကောင်းရဲ့လား မေးခြင်း၊ ဆရာဝန်နဲ့ ချိန်းထားတဲ့နေရာကို သူတို့ပါ ခေါ်သွားခြင်း၊ ထမင်းဟင်း ချက်စားခြင်းတွေဟာ သင်တို့ကြားက ရင်းနှီးမှုကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဆက်သွယ်မှု အများအပြား လိုအပ်နိုင်ပါတယ်။

လူတွေ ထင်ကြသလို ဆိတ်ဆိတ်နေခြင်းဟာ ရွှေမဟုတ်ပါဘူး။ သင်အသက်ဘယ်လောက်ပဲ ဖြစ်ပါစေ အချင်းချင်း ဆက်သွယ်နေဖို့က အရေးကြီးပြီး သင့်ကလေးကိုလည်း ဒီလိုဖြစ်အောင် အားပေးသင့်ပါတယ်။

သူတို့ကို စကားပြောဆိုခြင်းအားဖြင့် သူတို့ အဆုတ်ကင်ဆာကို ဘယ်လိုရင်ဆိုင်နေရလဲဆိုတာ သိနိုင်ပါတယ်။ ပထမတော့ အောင်မြင်မှု မရနိုင်ပေမယ့် နောက်ဆုံးမှာတော့ သင့်ပွင့်လင်းရိုးသားမှုကြောင့် အကျိုးရှိလာမှာ ဖြစ်ပါတယ်။

သင့်ရဲ့ ပရောဖက်ဆာ သို့မဟုတ် အလုပ်ရှင်တွေကို သင်ဟာ ကလေးကို စောင့်ရှောက်နေရကြောင်း အသိပေးပါ။

စောင့်ရှောက်သူတစ်ယောက်ဖြစ်တဲ့အတွက် တခါတရံ အလုပ်နောက်ကျတာ၊ သင့်ကလေးလိုအပ်ချိန်တွေမှာ ကျောင်းပျက်တာ တွေဖြစ်နိုင်ပါတယ်။ သင့်အလုပ်ရှင် (သို့) ပရော်ဖက်ဆာဟာ သင့်ရဲ့ အချိန်ဇယားတွေကို ပျော့ပြောင်းအောင်ထားပြီး ကူညီနိုင်တာကြောင့် သူတို့ကို ပြောပြသင့်ပါတယ်။

ကျန်းမာရေးအဖွဲ့နဲ့ ဘယ်လိုဆက်သွယ်ပြီး သင့်ကလေးကို ကူညီနိုင်သလဲဆိုတာ ဆွေးနွေးသင့်ပါတယ်။

သင့်ကလေးကို စောင့်ရှောက်နေစဉ်မှာ သူ့ကို ကုသပေးနေတဲ့ ကျန်းမာရေးအဖွဲ့နဲ့ စကားပြောဖို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆုတ်ကင်ဆာဖြစ်ခြင်းဟာ သင့်ကလေးကို သူကိုယ်တိုင် စကားပြောဖို့နဲ့ ဘာလိုချင်တယ်ဆိုတာ ပြောဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် သင့်ကလေးမှာ ဖြစ်နေတဲ့ ကုသမှုရဲ့ ဆိုးကျိုးတွေကို ဆွေးနွေးခြင်း၊ နားထောင်ခြင်း၊ ဆရာဝန်နဲ့ တွေ့စဉ် ချရေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

သင့်ကျန်းမာရေးကိုပါ ဂရုစိုက်သင့်ပါတယ်။

သင့်ကျန်းမာရေးဟာ သင့်ကလေး ကျန်းမာရေးပဲ ဖြစ်ပါတယ်။ သင်ဘာလုပ်ရမလဲ မသိရင် (သို့) အချိန်လိုအပ်ရင် အကူအညီတောင်းသင့်ပါတယ်။ အပန်းပြေနည်းတွေကို သင်ယူသင့်ပြီး အလုပ်များခြင်း၊ စိတ်ဖိစီးခြင်း တွေမှ သင့်ကိုယ်သင် အချိန်ပေးသင့်ပါတယ်။

မိမိရဲ့ တာဝန်တွေ၊ ဝတ္ထရားတွေနဲ့ လူမှုနေထိုင်မှုဘဝတွေနဲ့ ပတ်သက်ပြီးလည်း သင့်ကလေးကို စောင့်ရှောက်နေစဉ် သင့်လိုအပ်ချက်ပြည့်ဖို့လည်း အရေးကြီးပါတယ်။

စောင့်ရှောက်သူ တစ်ယောက်အနေနဲ့ မှန်တယ်မှားတယ်ဆိုတဲ့ နည်းလမ်းမရှိပါဘူး။ သင့်အတွက်အသင့်လျော်ဆုံးနည်းလမ်းကို ရှာဖွေပြီး အကောင်းဆုံးကြိုးစားသင့်ပါတယ်။ ဒါဟာ သင့်အတွက် အသစ်ဖြစ်နိုင်တာမို့ သင်လုပ်နေတဲ့ တလျှောက် ပြောင်းလဲမှုတွေကို ခွင့်ပေးသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.lungcancer.org/find_information/publications/141-young_adults_as_caregivers
http://www.cancer.net/coping-with-cancer/caring-loved-one/young-adults-caring-parent-with-cancer

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဆုတ်ကင်ဆာက သင့်ခန္ဓါကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

သမားရိုးကျမဟုတ်သော အဆုတ်ကင်ဆာ ကုထုံးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ