brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သမားရိုးကျမဟုတ်သော အဆုတ်ကင်ဆာ ကုထုံးများ

Alternative therapies တွေဟာ အဆုတ်ကင်ဆာ လက္ခဏာတွေကို ကုသဖို့နဲ့ ကုသမှုရဲ့ ဆိုးကျိုးတွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ သူတို့ကို သူတို့ချည်းပဲတော့ မကုသနိုင်ပါဘူး။ Alternative therapies တွေဟာ ပုံမှန် ကင်ဆာ ကုသမှုတွေလုပ်နေစဉ်မှာ လူနာကို သက်သာအောင် ကုသပေးတဲ့ ကုသမှုဖြစ်ပါတယ်။

သမားရိုးကျမဟုတ်သော အဆုတ်ကင်ဆာ ကုထုံးများ

ဒီကုသမှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ထားမှုတွေ နည်းပါးကာ သူ့ရဲ့ အစွမ်းထက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ယူဆချက်တွေ များပြားပါတယ်။ ဒါပေမယ့် လူအတော်များများဟာ ရောဂါအခြေအနေ အတွေကို ရင်ဆိုင်ဖြေရှင်းကြရမှာ Alternative therapies တွေကို အသုံးပြုပြီး အောင်မြင်မှုတွေ ရရှိတတ်ကြပါတယ်။ ဒီရောဂါတွေထဲမှာ အဆုတ်ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။

Alternative therapies တွေကို အသုံးမပြုခင် ဒီနည်းတွေက သင့်အတွက် မှန်ကန်ပြီး စိတ်ချရရဲ့လားဆိုတာ သိရှိဖို့ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

အပ်စိုက်ကုသနည်း

အပ်စိုက်ကုသနည်းဟာ အလွန်ပါးလွှာတဲ့ အပ်တွေနဲ့ ကိုယ်ခန္ဓါရဲ့ တိကျတဲ့နေရာတွေမှာ နှိုးဆွ အသုံးပြုရတဲ့ တရုတ်ရိုးရာ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီကုသမှုဟာ ကိုယ်ခန္ဓါလုပ်ငန်းဆောင်တာတွေရဲ့ သဘာဝအတိုင်း စွမ်းအင်စီးဆင်းမှုကို ကူညီပေးပါတယ်။

အပ်စိုက်ပညာဟာ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဆက်စပ်နေတဲ့ ပျို့အန်ခြင်းကို ထိန်းချုပ်ရာမှာလည်း အစွမ်းထက်ပါတယ်။ ခွဲစိတ်ကုသပြီး နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

အနံ့ကုထုံး

အနံ့ကုထုံးတွေဟာ essential oils တွေကို အသုံးပြုပြီး ခံစားမှုတွေဖြစ်စေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို လှုံ့ဆောင်ပေးတာဖြစ်ပါတယ်။ သုတေသန တွေက essential oils တွေဟာ စိတ်ဖိစီးမှု၊ စိတ်ကျမှု၊ နာကျင်မှု၊ ပျို့အန်မှုတွေကို သက်သာစေပြီး စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

Frankincense ဟာ ဆေးစွမ်းထက်ပြီး Jasmine စံပယ်ပန်းနံ့ ကတော့ အကောင်းမြင်စိတ် ဖြစ်ပေါ်စေပါတယ်။ Peppermint ကတော့ ပျို့ခြင်းကို ကာကွယ်ပေးပြီး rosemary က နာကျင်မှုကို သက်သာစေပါတယ်။

Essential oil အနည်းငယ်ကို jojoba oil ထဲမှာထည့်ပြီး ဖိအားနေရာတွေဖြစ်တဲ့ လက်ကောက်ဝတ်၊ လည်ပင်းနဲ့ နားအနောက်ဘက်တွေမှာ အသုံးပြုနိုင်ပါတယ်။ စိတ်အပန်းပြေစေတဲ့ ရေချိုးခြင်းအတွက် သင်ကြိုက်တဲ့ မျက်နှာသစ်ဆေး အစက်အနည်းငယ်ကို ရေချိုးကန်ထဲ ထည့်နိုင်ပါတယ်။

နှိပ်ခြင်း

နှိပ်ခြင်းဟာ နာကျင်မှုကို သက်သာစေပြီး စိတ်အပန်းပြေစေပါတယ်။ အနှိပ်ပညာရှင်တွေဟာ သူတို့ရဲ့ လက်တွေကို အသုံးပြုပြီး နာကျင်မှု (သို့) ဖိအားကြောင့် ဖြစ်စေတဲ့ ကြွက်သားထုံးခြင်းကို သက်သာစေပါတယ်။ အချို့ အနှိပ်ပညာရှင်တွေက ကင်ဆာဝေဒနာရှင်တွေကို ကုသခြင်းကို အထူးလိုက်စားထားကြပါယတ်။

အိပ်ငွေ့ချခြင်း

အိပ်ငွေ့ချခြင်းဟာ စိတ်အပန်းပြေစေတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ပြုလုပ်ရတာ ဖြစ်ပါတယ်။ အိပ်ငွေ့ချခြင်းဟာ ကင်ဆာကြောင့် ဖြစ်တဲ့ စိတ်ပူခြင်း၊ ပျို့အန်ခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

တရားထိုင်ခြင်း

တရားထိုင်ခြင်းဟာ အပြင်ဘဝကနေ ခွာထုတ်ပြီး စိတ်ကို အေးချမ်းအောင် ထားနည်းဖြစ်ပါတယ်။ သူဟာ စိတ်ဖိစီးခြင်းနဲ့ အဆုတ်ကင်ဆာကြောင့် ဖြစ်တဲ့ တင်းကျပ်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

ယောဂ

ယောဂဟာ တရားထိုင်နည်းတစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓါကို ဆန့်တန်းတဲ့ လေ့ကျင့်ခန်းတွေနဲ့ အသက်ရှူနည်းတွေကို ပေါင်းစပ်အသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။ သူဟာ ကင်ဆာ ဝေဒနာရှင်တွေမှာ စိတ်အပန်းပြေစေပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 02/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။