သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။
ကိုရီးယားကားတွေကြည့်လို့ မင်းသား ဒါမှမဟုတ် မင်းသမီး တစ်ယောက်ယောက်ကများ နှာခေါင်းသွေးလျှံနေပြီဆိုရင် "ဟယ် သူတော့ သွေးကင်ဆာ ဖြစ်နေပြီ။ သေတော့မှာပဲ။"ဆိုပြီး ပြောတတ်ကြပါတယ်။ ဆိုတော့ သွေးကင်ဆာ ဖြစ်ရင် ခန္ဓာကိုယ်ကနေ သွေးယိုတတ်တာကိုတော့ သိကြပါတယ်။ ဒါ့ပြင် ဘာဖြစ်နိုင်သေးလဲ။ သွေးကင်ဆာဖြစ်တိုင်း ရုပ်ရှင်ထဲကလိုသေရမှာလား ဆက်ကြည့်ရအောင်။ သွေးကင်ဆာဆိုတာဘာလဲ။ သွေးကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေ ပွားပြီးကင်ဆာဖြစ်တာပါ။ များသောအားဖြင့်တော့ သွေးဖြူဥဆဲလ်တွေ ပွားတာများပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပွားတာကြောင့် ဆဲလ်တွေသာများလာတယ်။ အလုပ်ကတော့ မလုပ်နိုင်ပါဘူး။ အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ တချို့က ကလေးတွေမှာအဖြစ်များပါတယ်။ တချို့က လူကြီးတွေမှာ ပိုဖြစ်ပါတယ်။ သွေးကင်ဆာဘယ်နှစ်မျိုးရှိလဲ။ ပွားတဲ့နှုန်းပေါ်မူတည်ပြီး Acute leukemia Chronic leukemia ပါဝင်တဲ့ သွေးဖြူဥပေါ်မူတည်ပြီး Lymphoid leukemia Myelogenous leukemia နှစ်မျိုးပေါင်းလိုက်တဲ့အခါ Acute lymphocytic leukemia […]



















