အူမကြီး ကင်ဆာ
အူမကြီး ကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။ အူမကြီး ကင်ဆာက များသောအားဖြင့် လူကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တာပါ။ အူမကြီးအတွင်းပိုင်း အသားပိုလေးတွေကနေလည်း ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ စဖြစ်စက ကင်ဆာကျိတ် မဟုတပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကင်ဆာကျိတ် ပုံစံ ပြောင်းသွားတာပါ။ အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။ အူမကြီး ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ […]



























