backup og meta

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

ကလေးလေးတွေက မိသားစုတိုင်းအတွက် ဆည်းလည်းလေးတွေဆိုပေမယ့် အဆင်သင့်မဖြစ်သေးခင်မှာရောက်လာခဲ့မယ်ဆိုရင် သူတို့လေးတွေအတွက်အဆင်မပြေမှာဖြစ်သလို လူကြီးတွေအတွက်လည်းအဆင်မပြေလှပါဘူး။ ဒါကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေအနေနဲ့ အဆင်သင့်မဖြစ်သေးခင်မှာ ကလေးရလာတာမျိုးမဖြစ်ဖို့ သားဆက်ခြားနည်းတွေကို အသုံးပြုကြရပါတယ်။ သားဆက်ခြားနည်းတွေကလည်း အမျိုးမျိုးပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ကိုက်ညီမယ့်သားဆက်ခြားနည်းကိုသေသေချာချာရွေးချယ်မိဖို့တော့လိုပါတယ်။ အခုတစ်ခေါက်တော့ သားဆက်ခြားနည်းတွေနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှုကိုအမျိုးသမီးတွေ ဗဟုသုတရအောင်ပြောပြပေးချင်တာပါ။

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

သားအိမ်ခေါင်းကင်ဆာနဲ့သန္ဓေတားသောက်ဆေး

အခုခေတ်မှာ သားဆက်ခြားနည်းကအမျိုးမျိုးရှိနေပါပြီ။ဆေးသောက်တာ၊ဆေးထိုးတာ၊ သားအိမ်တွင်းပစ္စည်းထည့်တာ၊ လက်မောင်းထဲ ပစ္စည်းထည့်တာဆိုပြီး အမျိုးမျိုးရှိနေပါတယ်။ သားဆက်ခြားနည်းအချို့က ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေနိုင်တယ်လို့ကြားဖူးမှာပါ။

သားအိမ်ခေါင်းကင်ဆာက HPV ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်တယ်။ အဲဒီအပြင် အသက်ငယ်ငယ်နဲ့ လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖက်များတာ၊ ကလေးအများကြီးမွေးထားတာ ဆိုရင် ပိုပြီးဖြစ်နိုင်ချေများတယ်။ ဒါကြောင့် သားဆက်ခြားခြင်းက အဲဒီလို အန္တရာယ်ရှိအပြုအမူတစ်ခုကို လျှော့ပေးရာရောက်တယ်။ နေ့စဉ်သောက် ဟော်မုန်း၂မျိုးပါဆေးကတ်ကို ၅နှစ်နဲ့အထက် သောက်တဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေပိုများတယ်ဆိုပေမယ့် အင်မတန်နည်းပါးသော ဆက်စပ်မှုသာ ရှိပါတယ်။ အဲဒီအပြင် တခြားနှစ်ရှည်ခံသားဆက်ခြားနည်းတွေလည်း သုံးနိုင်ပါတယ်။ လေ့လာချက်တွေအရ သားအိမ်ထဲပစ္စည်းထည့်ထားတဲ့ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေက ၃ပုံ၁ပုံလောက် လျော့ကျသွားတယ်လို့တောင် ဆိုပါတယ်။

ဒါကြောင့်မို့ ပုံမှန် HPV စစ်ဆေးမှုက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကိုကျဆင်းစေနိုင်သလို IUD လိုမျိုးသန္ဓေတားတဲ့နည်းလမ်းတွေကလည်း သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ I

သန္ဓေတားဆေးနဲ့သားဥအိမ်ကင်ဆာ

သန္ဓေတားဆေးက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ သန္ဓေတားသောက်ဆေးသောက်ပြီး ၃ လကနေ ၆ လအတွင်းမှာ အကျိုးကျေးဇူးတွေရရှိတာကို စတင်ခံစားရမှာဖြစ်ပါတယ်။ဆေးကိုကြာရှည်စွဲသောက်လေလေ သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေလေလေပါ။

သန္ဓေတားဆေးနဲ့အူမကြီးကင်ဆာ

သန္ဓေတားသောက်ဆေးက ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမကဘဲ ကင်ဆာရောဂါအချို့ကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ သန္ဓေတားသောက်ဆေးသောက်သုံးတာက အူမကြီးကင်ဆာဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။

အခြားသန္ဓေတားနည်းတွေဖြစ်တဲ့ ၃ လခံသန္ဓေတားထိုးဆေးထိုးတာ၊ သားအိမ်တွင်းထည့်ပစ္စည်း IUD ထည့်တာနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းတွေ အသုံးပြုပြီးတော့လည်း သန္ဓေတားလို့ရပါသေးတယ်။ သားအိမ်တွင်းထည့်ပစ္စည်းက ကိုယ်ဝန်မရရှိအောင်တားဆီးပေးနိုင်တဲ့အပြင် ကြာရှည်လည်းခံပါတယ်။ဆေးသောက်တာကြောင့်ဖြစ်မယ့်ဘေးထွက်ဆိုးကျိုးကိုလည်းကာကွယ်ပြီးသားဖြစ်စေမှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/cancer/cervical-cancer/news/20030403/birth-control-hpv-cervical-cancer#1

https://www.webmd.com/sex/birth-control/news/20071108/pill-raises-cervical-cancer-risk#2

https://www.cancer.org/latest-news/birth-control-cancer-which-methods-raise-lower-risk.html

https://www.cancer.gov/about-cancer/causes-prevention/risk/hormones/oral-contraceptives-fact-sheet

ယခုပုံစံ

16/02/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ



Aye Thi Mon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ