brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်သားကင်ဆာကုထုံးများ နှင့် ကိုယ်အလေးချိန်ပြောင်းလဲမှု

ရင်သားကင်ဆာဟာ အထူးသဖြင့် အမျိုးသမီးတွေကြားမှာ အလွန် အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာ ကုသမှုမှာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်းတွေဖြစ်တတ်တာကြောင့် ဆေးကုသတဲ့အခါ ကိုယ်အလေးချိန် အပြောင်းအလဲတွေလဲ ဖြစ်တတ်ပါတယ်။

ရင်သားကင်ဆာကုထုံးများ နှင့် ကိုယ်အလေးချိန်ပြောင်းလဲမှု

ကိုယ်အလေးချိန် တက်လာခြင်း

လေ့လာမှုအချို့ကကင်ဆာဆေးသွင်း ကုသပြီးတဲ့ ရင်သားကင်ဆာ လူနာအချို့ဟာ ဝလာတတ်ပြီး ကုသမှု ပြီးသွားတဲ့အချိန်အထိ ဝလာခြင်းဟာ ကျန်ရှိတတ်ပါတယ်။ သူတို့ဟာ နည်းအမျိုးမျိုးနဲ့ ဝလာခြင်း ဖြစ်ပါတယ်။ ကြွက်သားဆုံးရှုံးပြီး အဆီများလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်လူတွေ ပိန်အောင်လုပ်တဲ့ နည်းတွေဟာ သူတို့အတွက် အကျိုးမရှိပါဘူး။ ဝလာခြင်းရဲ့ အကြောင်းရင်းနောက်တစ်ချက်ကတော့ ကော်တီကို စတီးရွိုက် (corticosteroid ) သုံးလို့ အစာစားချင်စိတ်များလာလို့ပဲဖြစ်ပါတယ်။ Corticosteroids ဟာ အဆီတက်စေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ Corticosteroids သောက်နေတဲ့ အမျိုးသမီးတွေဟာလည်း ဝလာနိုင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ ဆက်တိုက် အသုံးပြုပြီးမှ ကိုယ်အလေးချိန် တက်လာမှာ ဖြစ်ပါတယ်။

အချို့လေ့လာမှုတွေက လေ့ကျင့်ခန်းမလုပ်လို့ ဝလာခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ကင်ဆာကုသမှုမှာ လူနာတွေဟာ စိတ်ဖိစီးမှု၊ ပင်ပန်းခြင်း၊ နာကျင်ခြင်း အစရှိတာတွေကို ခံစားရတာကြောင့် ကိုယ်လက်လှုပ်ရှားမှု နည်းတတ်ကြပါတယ်။ ဝလာခြင်းဟာ အစာစားချင်စိတ်များတာနဲ့လည်း ဆက်စပ်မှု ရှိနိုင်ပါတယ်။ ဆေးသွင်းကုသစဉ်မှာ အချိုနဲ့ ကာဗိုဟိုက်ဒရိတ် တွေ စားချင်တဲ့ အမျိုးသမီးအချို့ရှိတတ်ပါတယ်။ ဒီအစားအစာတွေ အစားများခြင်းဟာလည်း ဝလာနိုင်ပါတယ်။

ဟော်မုန်းကုသခြင်းဟာလည်း ဝလာခြင်းရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီကုသမှုဟာ အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတရုန်း (progesterone) ပမာဏကို အမျိုးသမီးတွေမှာ လျှော့ချလိုက်ပြီး အဆီများခြင်း၊ ကြွက်သားထုနည်းခြင်းတွေကို ဖြစ်ပေါ်စေပြီး ကိုယ်ခန္ဓါက အစားအသောက်က စွမ်းအင်ပြောင်းလဲခြင်းကို ပြောင်းလဲမှု ဖြစ်ပေါ်စေပါတယ်။

တာမော်စီဖန် (Tamoxifen) ဆေးသောက်တဲ့ အမျိုးသမီး အတော်များများဟာ ဝလာတတ်ပါတယ်။ ဒါပေမယ့် ဟော်မုန်းနဲ့ ဝလာတာနဲ့ ဆက်စပ်မှုရှိကြောင်း ပြထားတဲ့ လေ့လာမှုတော့ မရှိပါဘူး။ ဝလာခြင်းဟာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ဖြစ်နှုန်းကို မြင့်တက်စေပြီး ရင်သားကင်ဆာ ပြန်လည် ဖြစ်ပွားမှုကိုလည်း တိုးမြှင့်စေနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းခြင်း

ကင်ဆာကုသမှု ယူနေတဲ့ လူနာအချို့ဟာ ပိန်သွားတတ်ပါတယ်။ အစားအသောက်ပျက်ခြင်း၊ ပျို့ခြင်းနဲ့ ဆေးသွင်းကုသမှုရဲ့ ဆိုးကျိုးတွေကြောင့် ပိန်သွားတာ ဖြစ်နိုင်ပါတယ်။ အချို့ အမျိုးသားလူနာတွေကတော့ ပိန်သွားခြင်းဟာ သူတို့အတွက် အဓိက ပြဿနာ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေအတွက် ပိန်သွားခြင်းဟာ ကျန်းမာရေးအခြေအနေ ပိုဆိုးလာတယ်လို့ အထင်ရောက်စေပြီး ယောက်ျားပီသမှု လျော့နည်းသွားတယ်လို့ ခံစားရစေပါတယ်။ ပိန်သွားခြင်းဟာ အားအင်နည်းပါးခြင်းနဲ့ အာဟာရချို့တဲ့ခြင်းကို ဖြစ်စေနိုင်တာကြောင့် လူနာတွေ ပြန်ကောင်းလာချိန်အတွက် ခက်ခဲစေတတ်ပါတယ်။

ရင်သားကင်ဆာ ရောဂါ ကုသချိန်မှာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းဟာ အလွန်အရေးကြီးပါတယ်။ လူနာတွေဟာ ဆရာဝန် အကြံပေးချက်ကို လိုက်နာသင့်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာနဲ့ အာဟာရဓါတ်တွေကို မှီဝဲသင့်ပါတယ်။ ဒါ့ပြင် လူနာတွေဟာ ကြွက်သားဆုံးရှုံးခြင်းနဲ့ အဆီတက်ခြင်းကို ကာကွယ်ဖို့ လက်မောင်းနဲ့ ပုခုံးအတွက် လေ့ကျင့်ခန်းတွေကို မှန်မှန် ပြုလုပ်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr . Phyu Mon Latt · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။