ရင်သားကင်ဆာ က အခုနောက်ပိုင်းအမျိုးသမီးတော်တော်များများမှာ ခံစားလာရတဲ့ဝေဒနာတစ်ခုပါ။ ရင်သားကင်ဆာကို ဖြစ်စေတဲ့ အချက်က တစ်ခုမကရှိနေနိုင်တာကြောင့် သတိထားဆင်ခြင်ရမယ့် အချက်တွေကလည်းတော်တော်လေးများပါတယ်။ရောဂါတော်တော်များများက မဖြစ်ခင်မှာ ကြိုတင်ကာကွယ် တာအကောင်းဆုံးဖြစ်တာကြောင့် ရင်သားကင်ဆာကိုလည်း ကာကွယ်ကြဖို့ လေဒီလေးတွေကို သတိပေးချင်ပါတယ်။
ရင်သားကင်ဆာ ဖြစ်နိုင်ခြေအပေါ် လွှမ်းမိုးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ……..
ရင်သားကင်ဆာကို ဖြစ်စေနိုင်တဲ့ အချက်က တစ်ချက်မက ရှိနေနိုင်ပါတယ်။
- အသက်အရွယ်
- မျိုးရိုရှိတာ
- အမျိုးသား၊အမျိုးသမီးဖြစ်တည်မှု
- နေထိုင်စားသေက်မှုပုံစံတွေ
- ကိုယ်လက်လှုပ်ရှားမှုနည်းတာ
- ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ
- ဆေးလိပ်သောက်တာ
- အရက်သောက်သုံးတာဆိုပြီး အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒီအျက်တွေထဲမှာမှနေ့စဉ် စားသေက်နေထိုင်မှုက ရင်သားကင်ဆာ ခံစားရနိုင်ခြေအပေါ် သက်ရောက်မှုက ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိရှိနေတယ်၊လို့လေ့လာမှုတွေအရသိရှိရပါတယ်။
ရင်သားကင်ဆာ ကာကွယ်ဖို့ လိုက်နာသင့်တဲ့စားသောက်မှုပုံစံ
ရင်သားကင်ဆာက မတူညီတဲ့နေရာတွေကနေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ကနေထိုင်စားသောက်မှုကိုဂရုစိုက်တာပါပဲ။ ကျန်းမာတဲ့စားသေက်နေထိုင်မှုက ရင်သားကင်ဆာကို ကာကွယ်ဖို့ရော ကုသဖို့အတွက်ပါ ထိရောက်မှုရှိပါတယ်။
ရင်သားကင်ဆာ မဖြစ်အောင် ဘာတွေစားမလဲ…….
ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့နေ့စဉ်စားသောက်မှုထဲမှာ
လိုက်နာသင့်တဲ့ စားသောက်နေထိုင်မှုပုံစံကရော ဘာတွေလဲ……..
ရင်သားကင်ဆာ ကာကွယ်ဖို့ဆိုရင်တော့နေ့စဉ် ဒီအချက်တွေကို လိုက်နာဖို့လိုပါမယ်။
အမျှင်ဓါတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ထဲက အညစ်အကြေးတွေနဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တာကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်ကင်းစင်ပြီး ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပါဝင်အောင်စားသုံးလို့ အမျှင်ဓါတ်ကို ၃၀ ဂရမ်ကနေ ၄၅ ဂရမ်အထိရရှိအောင် စားသုံးပေးပါ။
အကျိုးပြုအဆီ
အကျိုးပြုအဆီတွေက ရင်သားကင်ဆာကာကွယ်ဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအသောက်ထဲမှာ အကျိုးပြုအဆီတွေဖြစ်တဲ့ သံလွင်ဆီ၊ထောပတ်သီး၊ အစေ့အဆန်တွေနဲ့ အခွံမာသီးတွေကို ပါဝင်အောင်စားသုံးပေးပါ။ ငါးကြီးဆီလိုမျိုးOmega-3 ကြွယ်ဝတဲ့ အဆီတွေကို စားသုံးပေးပါ။
ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တဲ့ သဘာဝ စားစရာတစ်မျိုးပါ။
ပရိုတင်းကြွယ်ဝသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီ၊ဗီတာမင် နဲ့ သတ္တုဓါတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။
ကာဗိုဟိုက်ဒရိတ်နဲ့ အကျိုးမပြုကိုလက်စထရောပါဝင်မှုနည်းတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို နည်းစေနိုင်သလို ရင်သားကင်ဆာမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။
ဒါတွေကိုတော့ တတ်နိုင်သမျှရှောင်ပါ
အယ်လ်ကိုဟော
အယ်လ်ကိုဟော ပုံမှန်လိုလိုသောက်သုံးနေမယ်ဆိုရင်တော့ ရင်သားကင်ဆာဖြစ်နိုင်ခြေတိုးလာအောင် လုပ်နေတာနဲ့ အတူတူပါပဲ။ အယ်လ်ကိုဟောသောက်သုံးမှုက အက်စထရိုဂျင်ပမာဏကို တိုးစေနိုင်သလို DNA ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါတယ်.။လေဒီလေးတို့အနေနဲ့ တစ်ပတ်ကို ၃ ခွက်လောက်အထိ အယ်လ်ကိုဟောကိုသောက်သုံးနေမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေက ပုံမှန်ထက် ၁၅ ရာခိုင်နှုန်းလောက် တိုးစေမှာပါ။
သကြား
သကြားစားသုံးမှုများတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုတိုးစေတဲ့ အချက်တစ်ခုပေါ့။ ဒါကြောင့် အချိုရည်တွေသောက်သုံးတာ၊ သကြားအများကြီးစားတာမျိုးမလုပ်သင့်ပါဘူး။နေ့စဉ်သကြားစားသုံးမှုကိုလျှော့တာက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချရာရောက်ပါတယ်။
အဆီ
ပြုပြင်ထားတဲ့ အစားအသောက်တွေမှာပါတဲ့ အဆီတွေက ရင်သားကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်စားသုံးမှုမှာပြုပြင်ထားတဲ့ အစားအသောက်တွေကို တတ်နိုင်သမျှလျှော့စားပေးပါ။ ဆီကြော်စားတွေကိုလည်း အများကြီးမစားမိဖို့ သတိပြုပါ။
အနီရောင်အသားတွေ
အနီရောင်အသးတွေကလည်း ရင်သားကင်ဆာဖြစ်စေဖို့ အများကြီးတွန်းအားပေးနေပါတယ်။ ဒါကြောင့်ရင်သားကင်ဆာကာကွယ်ချင်တယ်ဆိုရင်တော့ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ အနီရောင်အသားကို စားပေးပါ။
အခုကစလို့ ကျန်းမာတဲ့ လူနေမှုပုံစံကိုမွေးမြူပြီး ရင်သားကင်ဆာ မဖြစ်အောင် ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ပါလေဒီလေးတို့ရေ……..