brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်သားကင်ဆာ ရောဂါရှာဖွေသိရှိပြီးနောက် ကြောက်ရွံမှုကို ဖြေရှင်းနိုင်သည့် နည်းလမ်း၁၀ခု

ရင်သားကင်ဆာအဖြစ် အတည်ပြုပြီးနောက်တွင် သင့်ဘဝတွင်ယူကျုံးမရအဖြစ်ဆုံးသော အတွေ့ကြုံတစ်ခုဖြစ်လိမ့်မည်။ ကြောက်ရွံခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ သို့သော် ဒီစစ်ပွဲကို တိုက်ခိုက်ရန် ခွန်အားများလိုအပ်သည်။

ရင်သားကင်ဆာ ရောဂါရှာဖွေသိရှိပြီးနောက် ကြောက်ရွံမှုကို ဖြေရှင်းနိုင်သည့် နည်းလမ်း၁၀ခု

အောက်တွင် သင့်ကြောက်ရွံမှုကို ဖြေရှင်းရန် အကြံပြချက်၁၀ခုရှိပါသည်။

၁။ သင့်ဆေးပညာအဖွဲ့ကို သိအောင်လုပ်ထားပါ။

သင့်ဆေးပညာအဖွဲ့သည် ဤစစ်ပွဲတစ်လျှောက် သင့်ကိုကူညီမည့်ကျွမ်းကျင်သူ အဖွဲ့ဖြစ်သည်။ ထို့ကြောင့်သင်သူတို့အကြောင်းသိထားရန် လိုအပ်သည်။ ဘယ်သူက ဘာနဲ့ကူညီနိုင်မလဲ(သို့) သင်အကူအညီလိုလျှင် ဘယ်လိုဆက်သွယ်ရမလဲကို ရှာဖွေထားပါ။

၂။ သင်အဆင်ပြေသည်ဟုခံစားရသော ဆရာဝန်ကို ရှာဖွေပါ။

ဤဆရာဝန်သည် သင့်အတွက် တကယ်သက်ဆိုင်သည်ကို ပြသမည့်သူ၊ သင်မေးခွန်းများမေးရန် အားပေးမည့်သူနှင့် မေးခွန်းအားလုံးဖြေရန် စိတ်ရှည်သူတစ်ယောက်ပင် ဖြစ်သည်။

၃။ သုတေသနအချို့ ပြုလုပ်ပါ။

မည်သည့်စမ်းသပ်မှုနှင့် နည်းလမ်းများကို သင်လိုအပ်မည်လဲဆိုသည်ကို ရှာဖွေပါ။ မည်သည့် ကုသမှုနည်းလမ်းတွေရနိုင်မလဲ၊ ၎င်းတို့ဆီမှ ဘာတွေမျှော်လင့်လို့ရနိုင်မလဲတို့ဖြစ်သည်။

၄။ သင့်စမ်းသပ်မှုများအတွက် သင့်ဆရာဝန်များနှင့် အစီအစဉ်ဆွဲပါ။

သင်ဘယ်အချိန်တွင်စမ်းသပ်မှုလုပ်မလဲနှင့် အဖြေရရှိရန် ဘယ်လိုအလေးထားသည်ကို အချိန်ဇယားဆွဲပါ။

၅။ သင့်ရင်သားဓါတ်မှန်ရိုက်မည့်နေရာကိုရွေးပါ။

အကောင်းဆုံးဌာနမှာ လုပ်ဆောင်ချက်ပြီသည့်နောက် ရလဒ်များအားလုံးကို ပြောပြနိုင်မည့် ကျွမ်းကျင်သူရှိသော နေရာဖြစ်သည်။

၆။ သင့်ဘဝကို ဟန်ချက်ညီအောင်လုပ်ပါ။

အကယ်၍သင်သည် ရင်သားဓါတ်မှန်ရိုက်ခြင်း(သို့) ဆေးသွင်းကုသခြင်းကို ယခုအပတ်တွင် အစီမစဉ်ရှိပါက အခြားအရေးကြီးသည့် အရာများကို နောက်အပတ်ထဲတွင် ပြန်လည်အစီအစဉ်ဆွဲပါ။ သို့မှသာ အစီအစဉ်များထပ်မနေမည် ဖြစ်သည။

၇။ အပျက်သဘောများမှ ဝေးဝေးနေပါ။

လူများ၏ အခြားကင်ဆာလူနာများ၏ အကြောင်းကို သင့်ကိုမပြောပါစေနှင့်။ အကယ်၍သင်တစ်ကယ်စိတ်ဝင်စားပါက ထိုအကြောင်းသည် ပျော်ရွှင်စရာအဆုံးသတ်အကြောင်း ပြောဆိုနေကြောင်း သေချာအောင်လုပ်ပါ။

၈။ သင့်စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

ကင်ဆာသည် သင့်ပေါ်တွင် အခွင့်အရေးယူလိမ့်မည်။ ကြောက်ရွံမှုနှင့် စိတ်ဓါတ်ကျမှုများ သင့်ဘဝထဲ ဝင်လာနိုင်စရာအချိန်များရှိနိုင်သည်။ ကျွမ်းကျင်သူများထံမှ အကူအညီများရယူပါ။

၉။ လက်လှမ်းမီပါစေ။

ကင်ဆာသည် ပုံမှန်လူ နားမလည်နိုင်သည် အရာများသင့်အပေါ်တွင်ပြုလုပ်နိုင်သည်။ တစ်ခါတစ်ရံတွင် သင်ဘာတွေခံစားနေရသည်ကို ပြောပြရန် သင်သိသောသူတစ်ယောက်နှင့် အဆက်အသွယ်လိုအပ်သည်။

ရင်သားကင်ဆာသမားများအတွက် အားပေးသည့် အဖွဲ့များစွာရှိပါသည်။ အခြားသူများ၏ အတွေ့အကြုံကို နားထောင်ခြင်းက အကူအညီအများကြီးပေးပါသည်။

၁၀။ အကောင်းမြင်ပါ။

ကျန်းမာသောလူနေမှုပုံစံကို ထိန်းသိမ်းပါ။ သင့်အခြေအနေကို လက်ခံပါ။ သင်ချစ်ခင်သူများနှင့်အတူ အချိန်ကုန်ဆုံးပါ။ သင်ဘာလုပ်လုပ် ရင်သားကင်ဆာသည် သင့်ပျော်ရွှင်နေခြင်းကို မတားဆီးနိုင်ဟု ကိုယ့်ကိုယ်ကို သတိပေးပါ။

အဆုံးတွင် အရေးအကြီးဆုံးအရာမှာ သင့်ကြောက်ရွံမှုကို ဝန်ခံပြီး ဆက်လက်လျှောက်လှမ်းဖို့ ဖြစ်သည်။ သင်နှင့် အတူပင် တူညီသော ကြောက်ရွံမှုကို ဝေမျှသူများရှိသလို၊ ထိုကြောက်ရွံမှုကို အနိုင်ယူသည့်သူများရှိသည်ကို နားလည်ထားရမည်။

သင်သည်လည်း လုပ်ဆောင်နိုင်ရမည်။ ရင်သားကင်ဆာရှိခြင်းသည် ကြာရှည်ပြီး စိတ်ချမ်းသာသည့် ဘဝတစ်ခုရရှိသည့် အခွင့်အရေးဆုံးရှုံးပြီဟု မဆိုလိုပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/10/2021 ဖြစ်ပါသည်။