brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သားရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေမှာသာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး အထင်မှားတတ်ကြတာကြောင့် အသိနောက်ကျပြီး အခြားနေရာတွေကိုပါ ပျံ့နှံ့ပြီးမှ သိရတာမျိုးတွေ အများကြီးပါပဲ။ အမျိုးသား ရင်သားကင်ဆာဟာ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမဲ့ အသက်ကြီးကြီး အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်ပါတယ်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

အမျိုးသားတွေမှာ ဖြစ်တဲ့ ရင်သားကင်ဆာရဲ့ လက္ခဏာတွေက အမျိုးသမီးတွေနဲ့ အတူတူနီးပါးပါပဲ။

  • ရင်သား အရောင်ပြောင်းလဲတာ
  • နို့သီးခေါင်း ပုံစံ ပြောင်းလဲတာ
  • နို့သီးခေါင်း အထဲဝင်သွားတာ
  • ရင်သားပေါ်က အရေပြားတွေ ခြောက်သွေ့ကွာကျတာ
  • နို့သီးက အရည်ထွက်တာ စတဲ့ လက္ခဏာတွေပါ။
  • ဘာတွေကြောင့် ရင်သားကင်ဆာ ဖြစ်လာနိုင်သလဲ။

    အသက်ကြီးလာတာနဲ့ အမျှ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်လာပါတယ်။

    • မျိုးရိုးထဲမှာ ဒါမှမဟုတ် မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့သူ ရှိရင် ဖြစ်နိုင်ပါတယ်။
    • ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy Treatment) တွေနဲ့ ရင်ဘတ်ပိုင်းမှာ ကုသခံရဖူးရင် ဖြစ်နိုင်ပါတယ်။
    • ဟော်မုန်းကုသမှု (အီစထရိုဂျင် ပါဝင်တဲ့ ဆေးဝါး) တွေ ခံယူခဲ့ဖူးရင် ဖြစ်နိုင်ပါတယ်။
    • ဝှေးစေ့ (Testicles) ကို ထိခိုက်ဖူးတာ၊ ဖယ်ရှားခဲ့ရတာမျိုး ရှိရင် ဖြစ်နိုင်ပါတယ်။
    • အဝလွန်တဲ့ လူကြီးတွေဆိုရင် ဖြစ်နိုင်ပါတယ်။
    • အသည်းရောဂါ ရှိဖူးရင် ဥပမာအားဖြင့် အသည်းခြောက်တာမျိုး ဖြစ်ဖူးရင် ဖြစ်နိုင်ပါတယ်။

    ကုသတာကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ ကုသပုံက အတူတူပါပဲ။ စောစောသိမယ်ဆိုရင် ကုသရ ပိုပြီး လွယ်ကူပါတယ်။ ဒါကြောင့် အမျိုးသားတွေလည်း “ငါတို့မှာမှ ရင်သားကင်ဆာ မဖြစ်နိုင်တာ” ဆိုပြီး မပေါ့လျော့ပါနဲ့နော်။ အမြဲစစ်ဆေးပြီး မူမမှန်တာတစ်ခုခု တွေ့တာနဲ့ ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။

    Wathun Myet Chal

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။