backup og meta

ရင်သားကင်ဆာကုသမှုခံယူနေစဉ်အတွင်း စားသောက်ချင်စိတ်ပျောက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ရင်သားကင်ဆာ ကုသမှု အတွင်းမှာ အစာစားချင်စိတ်ဟာ ပြောင်းလဲမှု ရှိနိုင်ပါတယ်။ သင့်အစာစားချိန်စိတ်သာမက အစာစားတဲ့ပုံစံတွေဟာ ပြောင်းလဲလာမှာပါ။ ကုသမှုဟာ အစာစားချင်စိတ်ကို ဘယ်လို ရိုက်ခတ်ပြီး ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ လေ့လာကြည့်ကြရအောင်။

ရင်သားကင်ဆာကုသမှုခံယူနေစဉ်အတွင်း စားသောက်ချင်စိတ်ပျောက်ခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ရင်သားကင်ဆာ ကုသစဉ်မှာ ဘာလို့ အစာစားချင်စိတ် ပြောင်းလဲမှုတွေ ဖြစ်လာတာလဲ။

ရင်သားကင်ဆာ ကုသမှုဟာ အစာစားချင်စိတ်ကို အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ သင်ဟာ ပုံမှန်အတိုင်း အစာစားရတာ ကြိုက်နှစ်သက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကုသမှု မတိုင်ခင်ကထက် ပိုစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လုံးဝ မစားချင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရသားခံတဲ့ အာရုံနဲ့ အနံ့ခံ အာရုံတွေမှာ ပြောင်းလဲမှုတွေ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

သင့်အစာစားချင်စိတ်ကို ပြောင်းလဲနိုင်တဲ့ ကုသမှုတွေကတော့

• ခွဲစိတ်ကုသမှု – ခွဲစိတ်ကုသပြီးရင် ပင်ပန်းတာကြောင့် ဘာမှကို စားချင်စိတ် ရှိမှာ မဟုတ်တော့ပါဘူး

• ကင်ဆာဆေးသွင်းကုသခြင်း – ကင်ဆာဆေးတွေ အဖြစ်သုံးတဲ့ Adriamycin, Cytoxan, Doxil, or methotrexate တွေဟာ အစာစားချင်စိတ်ကို ထိခိုက်စေပါတယ်။ ထိခိုက်စေပုံကတော့ ဘယ်ဆေးတွေသုံးလဲဆိုတာနဲ့ ဘယ်လိုသုံးလဲဆိုတာပေါ် မူတည်ပါတယ်။

• ဓါတ်ရောင်ခြည် ကုသမှု

• ဟော်မုန်းကုသမှု

သင့်ကိုယ်ခန္ဓါက ပြောတဲ့ အကြောင်းတွေကို သေချာနားထောင် သင့်ပါတယ်။ အစာစားတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုယ်ခန္ဓါက ဘာလိုအပ်နေလဲဆိုတာကိုလည်း သိဖို့ လိုပါတယ်။ သင့်ဆရာဝန်နဲ့ အာဟာရဆိုင်ရာကျွမ်းကျင်သူဟာ သင့်အခြေအနေကို သိဖို့ လိုအပ်ပါတယ်။ အစာစားချိန်တွေကို အများကြီး မကျော်လိုက်ပါနဲ့။ ပင်ပန်းလွယ်ခြင်း၊ အားမရှိခြင်း၊ အာဟာရ ပြတ်လပ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဘာလုပ်ရမလဲ

ပြောင်းလဲမှုတွေ အစာစားချိန်စိတ် ကင်းမဲ့မှုတွေဟာ သင့်ကို အားနည်းစေမှာပါ။ အောက်ဖေါ်ပြပါ အချက်တွေကို လေ့လာကြည့်ရအောင်။

အစာစားချင်စိတ် ပျက်ခြင်း

သင့်ကုသမှု အပြီးမှာ ဘာကိုမှ မစားချင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အားအင်နဲ့ အာဟာရဓါတ်တွေလည်း မရတော့ပါဘူး။ ဒါဆို ကင်ဆာတိုက်ဖျက်ဖို့နဲ့ အခြားကုသမှုတွေရဲ့ ဆိုးကျိုးတွေကိုလည်း ကိုယ်ခန္ဓါက ခံနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အစာစားချင်စိတ်ကိုလည်း တိုးတက်အောင် လုပ်လို့ရပါတယ်။

• တစ်နေ့ကို အစာ ၅-၆ ခါလောက်စားပါ။ ဒါဆို ဗိုက်အပြည့်ကြီး ဖြစ်မှာ မဟုတ်ပဲ လိုအပ်တဲ့ အစာအာဟာရတွေကိုတော့ ရရှိမှာပါ။

• မုန့်တွေဖြစ်တဲ့ ကွတ်ကီး၊ ခရက်ကာ၊ အသီးတွေကို သင်စားချင်တဲ့အချိန်မှာ အကြိမ်အရေအတွက် မရှိ စားနိုင်ပါတယ်။

• အစာစားချင်ရေမသောက်ပါနဲ့။ ဒါဟာ စောစီးစွာ ဗိုက်ပြည့်စေတာမို့ သင်အစာနည်းနည်းပဲ စားပါလိမ့်မယ်။

• လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ခန္ဓါကို ကျန်းမာသန်စွမ်းစေပြီး ဗိုက်ဆာစေပါတယ်။

• သင့်အစာစားချိန်ကို ပိုပြီး ပျော်စရာကောင်းအောင် လုပ်ပါ။ ဥပမာ – ချစ်ခင်သူတွေနဲ့ စားခြင်း၊ သီချင်းဖွင့်ပြီး စားခြင်း၊ TV ကြည့်ခြင်း

• စားချင်ချိန်တိုင်းမှာ စားချင်တဲ့အစာကို စားပါ။

• အအေးစာတွေဖြစ်တဲ့ ဒိန်ချိန်ကို စားပါ။ သူဟာ ကျန်းမာရေးအတွက် ကောင်းရုံတင်မက အရသာလည်း ရှိပါတယ်။

• အစာအသစ်အဆန်းတွေကို စားပါ။ အရင်က တစ်ခါမှ မစားဖူးတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားကြည့်နိုင်ပါတယ်။ ဒါဆို ချက်ချင်း ကြိုက်သွားမှာပါ။

အစာစားချင်စိတ် မြင့်တက်လာခြင်း

သင်အရင်က စားခဲ့တာနဲ့စာရင် ပိုပြီး စားချင်လာနိုင်ပါတယ်။ ဒါဆို ကိုယ်အလေးချိန် အထိန်းအကွပ် မရှိတက်လာမှာကြောင့် ဒါဟာလည်း မကောင်းပါဘူး။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေကို စားသင့်ပါတယ်။

• ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေဖြစ်တဲ့ အသီးအရွက်တွေ၊ whole grains တွေကိုစားသင့်ပါတယ်။ သူတို့မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အစာမစားခင် အသီးစားခြင်းဟာ အစာစားတဲ့ပမာဏကို နည်းပါးစေပါတယ်။

• ရေပိုသောက်ပါ။ ရေဟာ ကိုယ်ခန္ဓါအတွက် ကောင်းမွန်ပါတယ်။ တစ်နေကုန် ရေများများသောက်သင့်ပါတယ်။ ဗိုက်ဆာနေတဲ့အချိန်မှာလည်း ရေသောက်သင့်ပါတယ်။

ကယ်လိုရီနည်းတဲ့အစာတွေကို သင်နဲ့အတူ သယ်ဆောင် ထားသင့်ပါတယ်။ ဗိုက်ဆာလာရင် ကယ်လိုရီနည်းတဲ့အစာတွေဖြစ်တဲ့ pretzels, raisins, ပန်းသီး၊ မုန်လာဥနီ၊ rice cake, fruit tea တွေကို စားနိုင်ပါတယ်။

အစာစားချင်စိတ် မရှိခြင်းနဲ့ ပြောင်းလဲခြင်းတွေဟာ မထိန်းချုပ်ဘူုးဆိုရင် ကြီးမားတဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓါအတွက် အားအင်ပြန်လည် ရရှိနိုင်ဖို့အတွက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ စားသောက်ပုံစနစ်ကို တစ်ဆင့်ချင်းဆီ ကြိုးစားနိုင်ပါတယ်။ သန်မာတဲ့ ကိုယ်ခန္ဓါဟာ ကင်ဆာကို ပိုမိုကောင်းမွန်စွာ တိုက်ဖျက်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Appetite Changes.

http://www.breastcancer.org/treatment/side_effects/appetite.

Accessed February 8, 2017.

Appetite changes.

https://www.cancer.org/treatment/survivorship-during-and-after-treatment/staying-active/nutrition/nutrition-during-treatment/poor-appetite.html.

Accessed February 8, 2017.

Managing eating problems caused by surgery, radiation, and chemotherapy.

https://www.cancer.org/treatment/survivorship-during-and-after-treatment/staying-active/nutrition/nutrition-during-treatment/manage-eating-probs.html.

Accessed February 8, 2017.

ယခုပုံစံ

02/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားကင်ဆာ ရောဂါကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံး အစားအသောက် ၇ မျိုး

ကိုယ်ဝန်ရှိနေချိန်မှာ ရင်သားကင်ဆာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 02/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ